No Picture
နိုင်ငံတကာရေးရာ

စစ်ပွဲ နှစ်ပတ်လည်နေ့မှာ ပိုလန်ဆီက Leopard 2 တင့်ကားတွေ ယူကရိန်း စတင်လက်ခံရရှိ

ဖေဖာ်၀ါရီ၊ ၂၅ ကျူးကျော်စစ်ပွဲရဲ့ နှစ်ပတ်လည်နေ့မှာ ပိုလန်က ယူကရိန်းအတွက် ပထမဆုံးအသုတ် Leopard 2 တင့်ကားတွေ စတင် ပေးပို့လိုက်ကြောင်း သိရပါတယ်။  ဖေဖော်ဝါရီ ၂၄ ရက်မှာ ပိုလန်ရဲ့ Leopard 2 တင့်ကားတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တွမ်ခရုစ်ရဲ့ ရုပ်ရှင်မှာ အဓိက ပါဝင်ခဲ့တဲ့ တိုက်လေယာဉ်တွေ ထုတ်လုပ်မှု အဆုံးသတ်ဖို့ နီးစပ်လာ

ဖေဖာ်၀ါရီ၊ ၂၅ ဟောလိဝုဒ်မင်းသား တွမ်ခရုစ်ရဲ့ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ Top Gun – Maverick ရုပ်ရှင်ထဲမှာ အဓိက ပါဝင်ခဲ့တဲ့ တိုက်လေယာဉ်တွေ ထုတ်လုပ်မှုကို မကြာခင် အပြီးသတ် ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။  အမေရိကန်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ယူရိုပါလိဂ် ပွဲစဉ် မဲခွဲမှုတွေ ထွက်ပေါ်လာပြီး ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်

ဥရောပ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေအတွက် မဲခွဲမှုတွေ ထွက်ပေါ်လာရာမှာ အာဆင်နယ် အသင်းဟာ မာကျောတဲ့ ပြိုင်ဘက်နဲ့ တွေ့ဆုံနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အထိုက်အလျောက် ပွဲချောင်မယ့် အခြေအနေမျိုး တွေ့နေရပါတယ်။  အင်္ဂလန် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အရပ်သား ဧရိယာတွေကို မြန်မာလေတပ် ဘာကြောင့် ပစ်မှတ်ထား ဗုံးကြဲနေသလဲ

ဖေဖာ်၀ါရီ၊ ၂၅ ဇန်နဝါရီ ၁၁ ရက်နေ့တုန်းက ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ဖျား နယ်စပ်နားက သိပ်ပြီး အရွယ်ပမာဏ မကြီးမားလှတဲ့ လူနေဧရိယာ တစ်ခုကို စစ်လေယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။  Camp Victoriaကို လေကြောင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

ဖေဖော်ဝါရီ၊ ၂၄ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ ကချင်ပြည်နယ်ကပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တောတွင်းမှာဆန္ဒထုတ်ဖော်ခဲ့ပြီး ဖားကန့်ဒေသမှာလည်း  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မော်လမြိုင်ကျွန်းက ပျူစောထီး ခေါင်းဆောင် သေနတ် နဲ့ သုံးချက်အပစ်ခံရ

ဖေဖော်ဝါရီ၊ ၂၄  ဧရာ၀တီတိုင်း ၊မော်လမြိုင်ကျွန်းမြို့နယ်က ပျူစောထီးခေါင်းဆောင် ဦးကျော်တင့်ဦး ဆိုသူဟာ ဖေဖော်ဝါရီ ၂၄ရက်၊ နေ့လည်ပိုင်းက သေ နတ်နဲ့ သုံးချက်ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီက ပြည်သူစစ်အဖြစ် အသွင်ပြောင်းထားတဲ့ ပျူစောထီးခေါင်းဆောင်လည်းဖြစ် မြို့နယ်မဘသအဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်စစ်ကြောင်းထိုးနေလို့ ယင်းမာပင်ဒေသခံ ငါးထောင်ကျော် စစ်ရှောင်နေရ

ဖေဖော်ဝါရီ၊ ၂၄ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်ခြမ်း ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုးနေလို့ အနီးနားကျေးရွာတွေက ဒေသခံငါးထောင်ကျော်လောက် စစ်ရှောင်နေရတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ တာဝန်ခံ ကိုဇော်ထူးအောင်က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ  ဖေဖော်ဝါရီ ၂၃ ရက်မနေ့ညပိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သိန္နီမှာ ယာဉ်တိုက်မှုဖြစ်ရာက ဂက်စ်အိုးများ ပေါက်ကွဲလို့ ကားနှစ်စီးမီးလောင်

ဖေဖော်ဝါရီ၊ ၂၄ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ရက် နေ့လယ်ပိုင်းက ယာဥ်တိုက်မှုဖြစ်ရာက ကားပေါ်ပါ ဂတ်စ်အိုးတွေပေါက်ကွဲလို့ နှစ်စီးလုံးမီးလောင်သွားသလို လမ်းပိတ်ဆို့မှုလည်း ဖြစ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတဦးက DNA ကို ပြောပါတယ်။ သိန္နီမြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နိုင်ငံကူးလက်မှတ်အတွက် အွန်လိုင်းက ရက်ချိန်းယူသူတွေ အဆင်မပြေ

ဖေဖော်ဝါရီ၊ ၂၄ နိုင်ငံကူးလက်မှတ်လုပ်ဖို့ အတွက်ဒီကနေ့ ဖေဖော် ဝါရီ ၂၄ရက်ကစလို့ အွန်လိုင်းကတဆင့် ရက်ချိန်းလျှောက်ထားခွင့်ပြုရာမှာ နည်းပညာအခက်အခဲနဲ့အဆင်မပြေမှုတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်လျှောက်ထားသူတွေဆီက သိရပါတယ်။ နိုင်ငံကူးလက်မှတ်ထုတ်​ပေး​ရေးအဖွဲ့က​ ရက်ချိန်းရယူဖို့ ပေးထားတဲ့ဝက်ဆိုက်လင့်ထဲဝင်မရတာ၊ လိုင်းပြတ်တောက်တာ စတဲ့အခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့ သူတို့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ငါန်းဇွန်နယ် ဂျပန်ကျွန်း ရွာလုံးကျွတ်မီးရှို့ခံရပြီး ရွာခံသုံးရာကျော်ထွက်ပြေးနေရ

ဖေဖော်ဝါရီ၊ ၂၄ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ဧရာဝတီမြစ်အတွင်းက ဂျပန်ကျွန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ နှစ်ရက်ဆက်မီးရှို့တာကြောင့် ရွာလုံးကျွတ်ပြာကျသွားသလို ရွာခံသုံးရာကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   စစ်တပ်က အင်အား (၇၀)လောက်နဲ့ ဂျပန်ကျွန်းကျေးရွာကို ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]