နိုင်ငံရေး

ကလေးနယ်နဲ့ဂန့်ဂေါနယ်စပ် တောင်တန်းပေါ်မှာတိမ်းရှောင်နေရတဲ့ချင်းတိုင်းရင်းသားတွေ အကူအညီလိုအပ်နေ

မတ်၊ ၁ ကလေးမြို့နယ်စပ် ကြံသာရွာနှင့် ဂန်ဂေါမြို့နယ်နယ်စပ် ဟံသာဝတီကျေးရွာက တောင်ပိုင်းချင်းလူမျိုးတွေဟာ မြစ်သာမြစ်ရဲ့အရှေ့ဘက်တောင်တန်းပေါ်မှာ တိမ်းရှောင်နေထိုင်နေကြတာ နှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်ပြီး အကူအညီတွေလည်းလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေနဲ့ အဆိုပါတိမ်းရှောင်နေရတဲ့ဒေသခံတွေဆီကသိရပါတယ်။ ” တော်တော်ခက်တယ်။ ကျမတို့ဆိုပစ္စည်းသွားပေးရင် သူတို့နေတဲ့တောင်အထိမသွားနိုင်ဘူး။ သူတို့ကိုတောင်အောက်ဘက် ရွာကိုခေါ်ပြီးယူခိုင်းရတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပင်လောင်းတိုက်ပွဲဆက်ပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုတွေအပြင် ဒေသခံတွေပါသေဆုံးနေ

မတ်၊ ၁ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့မှာ KNDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO တို့ ကြား ၆ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးတွေရှိနေသလို ဒေသခံတချို့လည်း သေဆုံးမှုရှိနေတယ်လို့ မြေပြင်စစ်ရေးအခြေအနေရှိနေတဲ့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ဒီကနေ့အထိပင်လောင်းမြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုမှာတိုက်ပွဲအပြီး ကျေးရွာတွေထဲ တပ်စွဲထားတာကြောင့် ဒေသခံ တထောင်ကျော်နေရပ်မပြန်နိုင်

မတ်၊ ၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောကျေးရွာမှာပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၆ ရက်ကစပြီးဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ တထောင်ကျော်ဟာ ဒီကနေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတော်လှန်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ကျိုက်ထို မြို့နယ်၊ ငှက်ပျောတောကျေးရွာအတွင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်ကစပြီး စစ်ကောင်စီတပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မှာ စစ်ပြေး၊ ရဲပြေးတွေကို စစ်ကောင်စီလိုက်ဖမ်းနေပြီး မိသားစုတွေကိုပါ ဓါးစာခံထားနေ

မတ်၊ ၁ စစ်ကောင်စီတပ်ကို အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာပြေးတဲ့ စစ်တပ်နဲ့ရဲဘက်ဆိုင်ရာတွေက သူတွေကို စစ်ကောင်စီက ရန်ကုန်မြို့ထဲမှာ အပူတပြင်းရှာဖွေတာတွေဖမ်းဆီးတာတွေလုပ်နေတယ်လို့ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ အဲဒီလိုဖမ်းဆီးရာမှာ စစ်အာဏာမသိမ်းခင်ကတည်းက စစ်တပ်ကိုစွန့်ခွာသူတွေပါအဖမ်းခံရတဲ့အခြေအနေဖြစ်နေတာလို့ဆိုပါတယ်။ “ကျွန်တော်တို့နားကကောင်လေးဆိုရင် ဒီနိုင်ငံရေးအခြေအနေတွေမဖြစ်ခင်ကတည်းက ပြေးလာတာ။ရပ်ကွက်ထဲမှာ ဆိုက်က္ကားနင်းတယ်။သူ့ဘာသာအေးအေးဆေးဆေးနေတယ်။နိုင်ငံရေးတွေဖြစ်တော့လည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒုံသမိ တံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက် ၊ စစ်ကောင်စီတပ်သားနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မတ်၊ ၁ မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံသမိတံတား ကရင်ပြည်နယ်ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်ကို ဒီကနေ့ (မတ် ၁ ရက်) KNU ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၂ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက်သေဆုံးသူ အယောက် တထောင်ကျော်ရှိလာပြီ

ပြည်တွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းတာကိုဆန့်ကျင်ရာမှာပါဝင်သူတွေကိုစစ်ကောင်စီက ပုံစံမျိုးစုံနဲ့ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးပြီးတဲ့နောက် စစ်ကောင်စီလက်ထဲမှာသေဆုံသူပေါင်း ၁၀၆၄ ယောက်အထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းAAPP က ဒီကနေ့ မတ်လ ၁ ရက်မှာထုတ်ပြန်လာပါတယ်။ AAPP က ထုတ်ပြန်တဲ့စာရင်းအချက်အလက်တွေအရ အဲဒီလိုစစ်တပ်ဖမ်းဆီးထားချိန်မှာ သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းထဲကအများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CB ဘဏ်ကို ဓါးပြတိုက်တဲ့ လူငယ်နှစ်ဦးကို ပုဇွန်တောင်ရဲစခန်းမှာ ဓားပြမှုနဲ့အမှုဖွင့်ထား

ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်၊ အာက်ပုဇွန်တောင်လမ်းကြီးမှာဖွင့်ထားတဲ့ CB ဘဏ်ကို ဒီကနေ့ မတ်လ ၁ရက်နေ့မှာ လူငယ်နှစ်ဦးက ဓါးပြဝင်တိုက်မှုဖြစ်ခဲံ့ပြီးနောက် အဲဒီလူငယ်နှစ်ဦးကို  ပုဇွန်တောင်ရဲစခန်းမှ အမှုဖွင့်ထားတယ်လို့ CB ဘဏ်ရဲ့နီးစပ်သူတွေက DNAကိုပြောပါတယ်။ ” လောလောဆယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အသက်မပြည့်သေးတဲ့ကလေးတွေဆိုပေမယ့် အမှုလမ်းကြောင်းအရကတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်ပရောက်သူတွေကို ပြန်လာနိုင်ဟု စစ်ကောင်စီ ထုတ်ပြန်၊ စစ်ကောင်စီကို မယုံကြည်ဟု တိမ်းရှောင်နေသူတွေ တုန့်ပြန်

စစ်ကောင်စီရဲ့ အန္တရာယ်ကို စိုးရိမ်တာကြောင့် ပြည်ပနိုင်ငံတွေနဲ့ လွတ်မြောက်နယ်မြေတွေမျာ ရှောင်တိမ်းနေရသူတွေကို မိမိဆန္ဒနဲ့ ပြန်လာနိုင်တယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်လိုက်ပါတယ်။  ဒီထုတ်ပြန်နဲ့ပတ်သက်လို့ DNA က ဆက်သွယ်မေးမြန်းခဲ့တဲ့ တိမ်းရှောင်နေရသူ ၁၂ ဉီးက စစ်ကောင်စီကို မယုံကြည်ကြောင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

စာငတ်သူတို့အတွက် ရေချမ်းစင်

မတ်၊ ၁ ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေနဲ့ ကုန်းကျော်တံတားတွေအောက်မှာတော့ လမ်းဘေးကလေးငယ်တွေကို စာသင်ပေးနေတဲ့ ပရဟိတလူငယ်တချိုနဲ့စာသင်နေတဲ့ကလေးငယ်တွေကို မြင်တွေ့နိုင်ပါတယ်။ လမ်းမတွေ ဘေးမှာရှိတဲ့ ရေချမ်းစင်တွေဟာ လူတန်းစာအလွှာတခုအတွက်ဖြစ်သလိုရေချမ်းစင်ဆိုတဲ့ လမ်းဘေးစာသင်ဝိုင်းလေးဟာလည်း အကြောင်းအမျိုးမျိုးကြောင့်ပညာသင်ကြားခွင့်မရတဲ့ ကလေးငယ်တွေကို  ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ မီးပွိုင့်တွေနား ဈေးရောင်းတဲ့ကလေးငယ်တွေ၊ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ဝါးတရာ စက်မှုဇုန်က အထည်ချုပ်စက်ရုံနှစ်ရုံပိတ်သိမ်း အလုပ်သမားထောင်ချီ အလုပ်လက်မဲ့ဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံနှစ်ရုံ ပိတ်သိမ်းလိုက်တာကြောင့် အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။ ပိတ်သိမ်းလိုက်တဲ့စက်ရုံတွေဟာ တရုတ်လူမျိုးပိုင်ဆိုင်တဲ့  GTIG၊ GY Sen အထည်ချုပ်စက်ရုံတွေဖြစ်ပြီး စက်ရုံတရုံမှာ အလုပ်သမား [ဆက်လက်ဖတ်ရှုရန်]