အားကစားကဏ္ဍ

စွန့်ခွာလာခဲ့တဲ့ အသင်းဟောင်းနဲ့ပဲ စာချုပ်သစ် ထပ်ချုပ်ဖြစ်ခဲ့တဲ့ ဝီလျံ

ဇူလိုင်၊ ၁၈ ဘရာဇီး ဝါရင့် တောင်ပံတိုက်စစ်မှူးကြီး ဝီလျံဟာ လောလောလတ်လတ် နှုတ်ဆက် ထွက်ခွာလာတဲ့ အသင်းဟောင်းနဲ့ပဲ စာချုပ် ထပ်ချုပ်သွားခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဝီလျံဟာ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ကလပ်ဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လက်နက်ခဲယမ်းနဲ့အတူ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားကို CDF ဟားခါးက ကျပ်သိန်းငါးဆယ်ပေးအပ်

ဇူလိုင်၊ ၁၈   ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးဟာ ဇူလိုင်လ ၁၇ ရက် မနေ့က CDM ပြုလုပ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ သူတို့တပ်ဖွဲ့ဆီ ခိုလှုံလာတယ်လို့ ချင်းကာကွယ်ရေးတပ် တခုဖြစ်တဲ့ CDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အထည်ချုပ်စက်ရုံ အမျိုးသမီးလုပ်သားတွေ ဆဲဆိုခံရမှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာတွေ ပိုများလာ

ဇူလိုင်၊ ၁၈   စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုဖြစ်လာပြီး အဲဒီထဲမှာတော့ အမျိုးသမီးလုပ်သားတွေဟာ လုပ်ငန်းခွင်အတွင်း ဆဲဆို၊ ဖိနှိပ်ခံရတာတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကို အရင်ထက် ပိုကြုံတွေ့ရင်ဆိုင်နေကြရတယ်လို့ အထည်ချုပ်လုပ်ငန်းခွင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပြည်သာမှာ အရပ်သားတဦးကို စစ်တပ်အရာရှိကပစ်ခတ်လို့သေဆုံး

ဇူလိုင်၊၁၇ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ အရပ်သား အမျိုးသားတဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ သေ ဆုံးသွားတယ်လို့ အခင်းဖြစ် ရပ် ကွက် အတွင်းနေထိုင်သူတချို့က DNA ကိုပြောပါတယ်။ ရွှေပြည်သာမြို့နယ် ၊ဏ/၁၄ရပ်ကွက်၊အမှတ် (၃၄)မူလွန်ကျောင်းရှေ့လမ်းမှာနေထိုင်တဲ့ အသက် လေးဆယ်အရွယ်  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ထိုမှာ စစ်ကောင်စီနဲ့ KNLAပူးပေါင်းတပ် တိုက်ပွဲအတွင်း အရပ်သားတဦးသေဆုံး

ဇူလိုင်၊ ၁၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ မနေ့က မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့ နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သားသုံးဦးလည်း သေနတ်နဲ့ပစ်ခတ်ခံရပြီး တဦးကတော့ နေရာမှာပဲ ဆုံးသွား တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောပါတယ်။ “တိုက်ပွဲဖြစ်တော့ ဒီကောင်တွေ(စစ်ကောင်စီ)က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီလိမ်လည် ဝါဒဖြန့်

ဇူလိုင်၊ ၁၇ လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ (ခ)ကိုဟိန်းမင်းအောင်ကို ဇူလိုင်လ ၁၅ ရက်က ဒုတိယအကြိမ် ဖမ်းဆီးမိတယ်လို့ ဒီနေ့ထုတ်စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာဖော်ပြထားတဲ့သတင်းဟာမဟုတ်မှန်ဘဲ  ဝါဒဖြန့်တာနဲ့စိတ်ဓာတ်စစ်ဆင်းရေးလုပ်ချင်လို့  ဖြစ်တယ်လို့ ကာယကံရှင်က DNA သတင်းဌာနကို ပြောပါတယ်။ ‘’ကျွန်တော်ပြေးနေရတယ်ဆိုတာ သူတို့သိပြီးသားပဲ။ကျွန်တော်နဲ့ပတ်သက်တဲ့သူတွေနဲ့ ကျွန်တော်ကဗေဒင်ဆရာဖြစ်တဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဖြူမြို့နယ်က တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

ဇူလိုင်၊ ၁၇ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိရွာအနီး ဇူလိုင်လ ၁၅ ရက်ကစစ်ကောင်စီတပ်နဲ့  ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့တယ်လို့တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ “အရပ်ဝတ်နဲ့ လာတဲ့ စကစတပ်သားတွေနဲ့ ဒီဘက်က ကင်းတာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ဖြစ်တာ၊ သူတို့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းခြံမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က အရပ်သားနှစ်ဦးကို သတ်ဖြတ်ခဲ့

ဇူလိုင်၊ ၁၇ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊တောင်ပုံကျေးရွာအနီးမှာတော်လှန်ရေးအင်အားစုတွေနဲ့  စစ်ကောင်စီ တပ်တွေတိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ MGN 35ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုနွေမိုက်က ပြောပါတယ်။” “ သူတို့ကတော့ ကျွန်တော်မိုင်းခွဲလိုက်တဲ့အနီးအနားဝန်းကျင်က အလုပ်လုပ်နေတဲ့ပြည်သူနှစ်ယောက်ပေါ့ ။ပြည်သူနှစ်ယောက်ကို သူတို့ပစ်သတ်သွားတယ်ဗျ ။သေတဲ့သူတွေရွာကိုတော့သိတယ်ဗျ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သာပေါင်းမြို့နယ်က YGWမိဘမဲ့ကျောင်းမှာ ငါးနှစ်အရွယ်မိန်းကလေးငယ်တဦး အဓမ္မပြုကျင့် ခံရ

ဇူလိုင်၊ ၁၇ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်းရွာက အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း (YGW) မိဘမဲ့ကလေးငယ်များစောင့်ရှောက်ရေးကျောင်းမှာ အသက် ငါးနှစ်အရွယ် မိန်းက​လေးငယ်တဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ကလေးငယ်ကို ကူညီပေးနေသူတွေက DNA ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပြီး ကျူးလွန်ခံရသူကလေးငယ်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရေးပေါ်ကာလသက်တမ်းပြည့်မယ့် စစ်ကောင်စီ သက်တမ်းထပ်တိုးဦးမလား

ဇူလိုင်၊ ၁၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ သာမန်မဟုတ်တဲ့ အခြေအနေကြောင့်ဆိုတဲ့ခေါင်းစဉ်နဲ့  အရေးပေါ်ကာလကို သက်တမ်းခြောက်လတိုးပြီး နိုင်ငံအာဏကို ရယူခဲ့တဲ့ စစ်အုပ်စုအတွက် လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့ဆိုရင်သက်တမ်းပြည့်တော့မှာပါ။   ဒီကာလမှာပဲလုံခြုံရေး၊တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးမှုတွေအပြည့်အဝဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ [ဆက်လက်ဖတ်ရှုရန်]