နိုင်ငံရေး

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ထောင်ဒဏ်ဆယ်နှစ်ထပ်မံချမှတ်၊ စုစုပေါင်းထောင် ၁၃နှစ်ထိချမှတ်ခံထားရ

မေ၊ ၂၆ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်တွေကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းကို သဃ်န်းကျွန်းခရိုင်တရားရုံးကအကြမ်းဖက်မှုဥပဒေပုဒ်မ၅၀(ည)နဲ့ထောင်ဒဏ်ဆယ်နှစ်ထပ်မံချမှတ်လိုက်တယ်လို့သိရပါတယ်။ “ဒီနေ့ပဲအမိန့်ချတာပါ။ အလုပ်နဲ့ထောင်ဒဏ် ဆယ်နှစ်ပါ” လို့တရားဥပဒေအရလိုက်ပါဆောင်ရွက်ပေးနေသူက DNA ကိုပြောပါတယ်။ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဒဂုံမှာ မဘသအဖွဲ့ဝင်တဦးပစ်ခတ်ခံရလို့ သေဆုံး

မေ၊ ၂၆ ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်၊ ဗထူးလမ်းမပေါ်ကရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်အတွင်းမှာ ဒီကနေ့နေ့လည်ပိုင်းက အမျိုး၊ဘာသာ၊သာသနာစောင့်ရှောက်ရေးအဖွဲဲ့(မဘသ)အဖွဲ့ဝင်တဦးပစ်ခတ်ခံရလို့သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ “ပစ်ခံရတဲ့ (ဦး)တင့်လွင်ကတော့ နေရာမှာဘဲပွဲချင်း ပြီးသေသွားတယ်။ပစ်တဲ့သူတွေကပစ်ပြီးထွက်ပြေးသွားကြတယ်”လို့မြောက်ဒဂုံဒေသခံတဦးကပြောပါတယ်။ မဘသအဖွဲ့ဝင် ဦးတင့်လွင်ဆိုသူဟာ ဒီကနေ့ မေလ ၂၆ ရက်၊ နေ့ခင်း ၂ နာရီခွဲကျော်ကရွှေကောင်းကြွယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေကြောင်းတိုက်ခိုက်မှုကြောင့် နှလုံးရှော့ခ်ရတဲ့ အသက်ကိုးဆယ်ကျော် အဖွားအိုတဦးအပါအဝင် ငါးဦးသေဆုံး

မေ၊ ၂၆ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်နဲ့ အင်းတော်မြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သက်ကြီးရွယ်အို တွေအပါ အဝင် ဒေသခံတချို့နဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေဆီကသိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုုက်တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါက ရဲစခန်းတိုက်ခိုက်ခံရလို့ ရဲသုံးဦးသေဆုံးပြီးအရာရှိတဦးဒဏ်ရာရ

မေ၊ ၂၆ မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊တောင်ခင်ရန်းရဲစ ခန်းကိုမနေ့က မေလ ၂၅ ရက်   ညပိုင်း က တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် တိုက်ခိုက်လို့ ရဲသုံးဦးသေဆုံးပြီး ရဲအရာရှိ တဦး ခြေထောက်ဒဏ်ရာ ရခဲ့တယ်လို့ ပါဝင်တိုက်ခိုုက်ခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မဟနဥက္ကဌ ဗန်းမော်ဆရာတော်အရှင်ကုမာရာဘိဝံသ ပျံလွန်တော်မူ

မေ၊ ၂၆ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌဖြစ်သလို မန္တလေးမြို့က ဗန်းမော်ကျောင်းတိုက်ဆရာ တော်လည်း ဖြစ် တဲ့ ဒေါက်တာဘဒ္ဒန္တ အရှင်ကုမာရာဘိဝံသဟာ မနေ့ကညပိုင်းက မန္တလေးမြို့က ဗန်းမော်ကျောင်းတိုက်မှာပဲ ပျံလွန်တော်မူခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်တွေဆီက သိရပါတယ်။ မန္တလေးမြို့က နာမည်ကျော် ကျောင်းတိုက်တခုဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးခံနေရတဲ့ ရေစကြိုရေလယ်ကျွန်းဒေသမှာ အမျိုးသမီးတဦး လက်နက်ကြီးကျည်ထိမှန်သေဆုံး

မေ၊ ၂၆ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်းမှာလက်နက်ကြီးတွေနဲ့ပစ် ခတ်စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် အမျိုးသမီးတဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့သ လိုကလေးငယ် တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေစကြို ပြည်သူကာကွယ်ရေး အဖွဲ့ တာဝန်ခံ ကိုဝေကြီးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စဉ့်ကူးမြို့နယ် ကျေးရွာတွေကအမျိုးသမီးတွေအပါအဝင်ဒေသခံသုံးဆယ်ခန့်ဖမ်းဆီးခံရ

မေ၊ ၂၆ စစ်ကိုင်းတိုင်း ၊စဉ့်ကူးမြို့နယ် ကျေးရွာတွေကို စစ်ကောင်စီတပ်ကဒီလ၂၁ရက်ကစပြီးစစ်ကြောင်းထိုးနေပြီးအမျိုးသမီးတွေအပါအဝင်ဒေသခံ လူသုံးဆယ်ခန့်ကို ဖမ်းဆီးခံထားရတယ်လို့ဝက်လက် သတင်းကွန်ရက် Wetlet Information Nwtwork ထံကသိရပါတယ်။ “ (စဉ့်ကူးမြို့နယ်)ထုံးကြီး(ရွာ)ကလာတဲ့  ပျူစောထီးနဲ့ စစ်ကောင်စီအင်အားတရာပါတဲ့ စစ်ကြောင်းက ဒေသခံသုံးဆယ်ဦးကိုလည်းဖမ်းဆီးသွားတယ်”လို့ Wetlet [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မဲဆောက်မှာ မြန်မာအလုပ်သမား တရာ နီးပါး အလုပ်ထုတ်ခံရ

မေ၊ ၂၅ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့၊  ကဖိဘမ်းမှာရှိတဲ့ ပီနံအိတ်စက်ရုံက မြန်မာအလုပ်သမား ၉၉ ဉီးကို အခုလထဲမှာပဲ စက်ရုံဘက်က အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရတယ်လို့  အလုပ်သမားတွေက DNA ကိုပြောပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေထဲက ၆၀ ကျော်ဟာ တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကမ်းရိုးတန်းနား ချဉ်းကပ်လာတဲ့ ရုရှား လေယာဉ်တွေကြောင့် ဂျပန် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရ

မေ၊ ၂၅ ကမ်းရိုးတန်းနားထိ ချဉ်းကပ်လာတဲ့ ရုရှား လေယာဉ်တွေကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် ဂျပန် ပြည်စောင့်တပ်ရဲ့ တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရကြောင်း သိရပါတယ်။  မေလ ၂၅ ရက်က ထောက်လှမ်းရေး အချက်အလက်တွေ စုဆောင်းတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေသဲချောင်းအုန်းတော ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူတရာကျော်ဝမ်းရောဂါဖြစ်နေပြီး ကလေးငယ်တဦးသေဆုံး

မေ၊ ၂၅ မိုခါမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက်  ရခိုင်ပြည်နယ်စစ်တွေမြို့က ရိုဟင်ဂျာစခန်းတွေမှာ အကူအညီတွေဆက်လက်လိုအပ်နေပြီး သဲချောင်းအုန်းတောရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာဆိုရင်လည်း အသက်ငါးနှစ်အောက်ကလေးတွေ အပါအဝင် လူဦးရေ ၁၀၀ ကျော်က ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် အဝီစိရေတွင်းတုံကင်တွေမှာ ဆားငံရေဝင်ရောက်သွားတာ၊ သောက်သုံးရေရှားပါးလာတဲ့ အခက်အခဲတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]