နိုင်ငံရေး

ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်နယ်မြေရဲစခန်း တိုက်ခိုက်ဖျက်ဆီးခံရ

မေ၊ ၂   မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းက ပွေးကျစ်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုရှိသလို ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။   ကျောက်ပန်းတောင်းမြို့တောင်ဘက်က ပွေးကျစ်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းပြည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တလအတွင်း၂၁ ဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

မေ၊ ၂   ချင်းပြည်နယ်မှာ စစ်ကောင်စီက ဧပြီလ တလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ကျော်ပြုလုပ်ရာမှာ ဗုံးအလုံး ၁၀၀ နီးပါးအသုံးပြုခဲ့ပြီး သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ စီမံကိန်းအရာရှိတဦးက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟားခါးမှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်လို့ အိမ်သုံးလုံးပျက်စီး

မေ၊ ၂   မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်းကစပြီး နေ့လယ်ပိုင်းအထိ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ အိမ်သုံးလုံးပျက်စီးတယ်လို့ ချင်းပြည်နယ်က တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ ပျူစောထီးအဖွဲ့ထဲမဝင်လိုတာကြောင့် ထွက်ပြေးသူ ၃၀၀ ကျော် အကူအညီလိုအပ်နေ

မေ၊ ၂   စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာငါးရွာက ဒေသခံ ၃၀၀ ကျော်ဟာ ၇ လနီးပါးကြာမြင့်လာပြီးဖြစ်တဲ့အတွက် အစားအစာဆေးဝါးနဲ့ သောက်သုံးရေ အခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ အဖွဲ့တွေထံမှ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မှာမနက်ဖမ်းဆီးခံရတဲ့ဒေသခံ၁၄ဦး နေ့လည်မှာပြန်လွှတ်ပေး

မေ၊ ၂ စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ် အနောက်ဖမ်းခြမ်းက ခမြင့်တောကျေးရွာကိုဒီကနေ့မနက်ပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ရွာထဲကယာတဲတွေမှာနေထိုင်တဲ့ လူလတ်ပိုင်းအရွယ်အမျိုးသား ၁၄ ဦးကိုဖမ်းဆီးသွားခဲ့ပေမယ့်ပြန်လွှတ်ပေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ့စစ်ကောင်စီတပ်တွေဟာခမြင့်တောရွာကိုသေနတ်များပစ်ဖောက်ဝင်ရောက်ပြီးပြန်လည်ထွက်ခွါချိန်မှာဒေသခံအရပ်သားတွေကိုလူသားတံတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ အရာတော်မြို့နယ်ထဲကသူတို့အထိုင်ချထားတဲ့ စက်မှု့လယ်ယာဂိတ်ထဲကိုဖမ်းဆီးသွားခဲ့တာဖြစ်ပြီးဒီကနေ့နေ့လည်ပိုင်း ၂ နာရီဝန်းကျင်လောက်မှာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။ “ခမြင့်ရွာကနေ အမျိုးသား ၁၄ ဦးကို စစ်ကောင်စီတပ်သားတွေက လူသားဒိုင်းခေါ်ဆောင်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမရပူရ ရဲစခန်း တိုက်ခိုက်ခံရမှုခြောက်နှစ်အရွယ် ကလေးသေဆုံး၊ ကလေးတဦးအပါအဝင် လေးဦးဒဏ်ရာရ

မေ၊ ၂ မန္တလေးတိုင်း ၊အမရပူရမြို့နယ်ရဲစခန်းကို မနေ့က မနက်ပိုင်းက ၄၀ မမ ဗုံးသီးအပါအဝင် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် တဦးရဲ့ ခြောက်နှစ်အရွယ် ကလေးငယ်တဦးသေဆုံးသွားခဲ့သလို မိန်းကလေးငယ်တဦးအပါအဝင်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတဦးက DNA ကိုအတည်ပြုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ ကိုဗစ်ကူးစက်ခံရသူအမျိုးသမီးတဦးသေဆုံး၊ဆက်စပ်သူတွေကိုနေအိမ်ပြန်လွှတ်လို့ ဒေသခံတွေ စိုးရိမ်နေ

မေ၊ ၂ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့ သက်ကြီးအမျိုးသမီးတဦး ပဲခူးတိုင်း၊ပြည်မြို့ဆေးရုံကြီးမှာ ကွယ်လွန်သွား ပြီးနောက် ထိစပ်ထားသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုမပေးဘဲ နေအိမ်ပြန်လွှတ်လို့ ဒေသခံတွေစိုးရိမ် နေ ကြတယ်လို့ သိရပါတယ်။ “လူနာစောင့်တွေကို ဒီနေ့ပဲ သူတို့နေတဲ့ မြန်အောင်ကိုပြန်ပို့ရမယ်လို့‌ ဆေးရုံအုပ်ကြီးကပြောတယ်၊သူတို့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်မြေပြင်မှာ ငါးလအတွင်း ရုရှားစစ်သား နှစ်သောင်းကျော် သေဆုံးကြောင်း အမေရိကန် ခန့်မှန်း

မေ၊ ၂ ငါးလတာအတွင်း ယူကရိန်း စစ်မြေပြင်မှာ ရုရှားစစ်သား နှစ်သောင်းကျော် သေဆုံးခဲ့တယ်လို့ အမေရိကန် အစိုးရက ခန့်မှန်း ပြောကြားခဲ့ပါတယ်။  ဒီဇင်ဘာလကစလို့ ဧပြီလကုန်ထိ ငါးလတာ အတောအတွင်း ရှေ့တန်း စစ်မြေပြင်မှာ ရုရှားစစ်သား နှစ်သောင်းလောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မယ်ခါးထာ့စခန်းပြန်ရဖို့စစ်ကောင်စီက လေကြောင်းအကူအညီနဲ့ ဘာလို့ ထိုးစစ်ဆင်နေတာလဲ

မေ၊ ၂ ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းထားတဲ့ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ် စခန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ရရှိဖို့ လေကြောင်းပစ်အကူအပါအဝင် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KUN ပူးပေါင်းတပ်ဖွဲ့ထံမှ သိရပါတယ်။ “ တိုက်နေတာကြာကြာပြီးပေါ့။ ဒီလပထမပတ်ကုန်လောက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မလေးရှားကမ်းလွန်မှာ ရေနံတင်သင်္ဘော မီးလောင်ပြီး သင်္ဘောသား သုံးဦး ပျောက်ဆုံးနေ

မေ၊ ၂ မလေးရှားနိုင်ငံ ကမ်းလွန်ရေပြင်မှာ ရေနံတင် သင်္ဘောတစီး မီးလောင်မှု ဖြစ်ပွားပြီး ရေယာဉ် အမှုထမ်း ၃ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။  မေလ ၁ ရက်က မလေးရှားနိုင်ငံ တောင်ပိုင်း ကမ်းလွန်မှာ [ဆက်လက်ဖတ်ရှုရန်]