ထီးလင်းမှာမုန်တိုင်းကာလအတွင်း ဆန်၊စပါးတင်းထောင်ချီဆုံးရှုံး၊ကျွဲနွား သုံးဆယ်နီးပါးသေဆုံး
မေ၊၁၆ မကွေးတိုင်း၊ယောဒေသ၊ ထီးလင်းမြို့နယ်မှာ မုန်တိုင်းကာလအတွင်း ဆန်၊စပါးထောင်ချီဆုံးရှုံးခဲ့ပြီး ကျွဲ၊နွား ၂၇ ကောင်လည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအဖွဲ့တွေကပြောကြပါတယ်။ ” မောချောင်းနှင့်သံသေချောင်းဘေးကရွာတွေအဓိကဆုံးရှုံးမူများတာ။ စပါးတွေဆိုလည်းမနည်းဘူးပါကြတာ။ ဆန်နဲ့စပါးထောင်ကျော်လောက်ပါမယ်။ ရေထဲမျောပါတာတွေက မျိုးထားတဲ့သီးနှံတွေပါပါကုန်တာ” လို့ ထီးလင်းအခြေစိုက် ယောတော်လှန်ရေးတပ်ဖွဲ့ YRA ပြန်ကြားတာဝန်ခံကိုကောင်းကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]