နိုင်ငံရေး

တောင်ငူထောင်က ထွက်ပြေးသူဆယ်ဦးအနက် အမျိုးသမီးတဦးအပါအဝင် ကိုးဦး လွတ်မြောက်နယ်မြေရောက်ပြီ

မေ၊ ၁၉ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ အကျဉ်းသား ဆယ်ဦး တောင်ငူအကျဉ်းထောင်ကနေ ထွက်ပြေးခဲ့ရာမှာအမျိုးသမီးတဦးအပါအဝင်  ကိုးဦးဟာ  လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်တယ်လို့ ပဲခူးတိုင်း PDF ထံမှ သိရပါတယ်။ “ သူတို့ဟာ သူတို့ပစ်ခတ်လုယက်ပြီး ရုန်းလာတာပါ။ အဲဒီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ဒဏ် နှစ်၂၀ ထပ်ချ၊ စုစုပေါင်း ၅၄နှစ်ရှိလာ

မေ ၊ ၁၉ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းမဖက်ပဲ ဆန့်ကျင်ခဲ့တဲ့ စစ်ကိုင်တိုင်း၊ မုံရွာမြို့မုံရွာမြို့က  သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီလက်အောက်ခံတရားရုံးက ဒီကနေ့ မေလ ၁၉ ရက်မှာ  ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်လိုက်ပြီးစုစုပေါင်း ထောင်ဒဏ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုကဖမ်းဆီးခံထားရတဲ့သူတွေကို တဦးငါးသိန်းနှုန်းနဲ့ စစ်ကောင်စီတပ် ပြန်ရွေးခိုင်းနေ

မေ ၊ ၁၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ကံသာကုန်းကျေးရွာကိုစစ်ကောင်စီတပ်ကမနေ့ကဝင်ရောက်စီးနင်းပြီးဖမ်းဆီးခဲ့တဲ့အရပ်သားတွေထဲကအမျိုးသားတွေ ကိုစစ်ကောင်စီတပ်ကတဥဦးလျှင်ငွေကျပ်ငါးသိန်းနှုန်းနဲ့ပြန်ရွေးခိုင်းနေတယ်လို့စုံစမ်းသိရပါတယ်။ ကံသာကုန်းကျေးရွာကဖမ်းဆီးခံအရပ်သားငါးဆယ်ဦဦးအနက်အမျိုးသမီးဆယ်ဦးနဲ့ကလေးငယ်တွေကိုမနေ့ညနေကပဲ ပြန်လွှတ်ပြီးကျန်ရှိနေတဲ့အမျိုးသားတွေအတွက်တဦးကိုငါးသိန်းပေးပါကပြန်လွှတ်ပေးမယ်ဆိုပြီးစစ်ကောင်စီတပ်သားတွေကပြောဆိုလိုက်တာလို့ဆိုပါတယ်။ “မနေ့ကညနေပိုင်း ညောင်ပင်သာရွာကနေ ပြန်လွှတ်ပေးတယ်လို့ သိရတယ်။ဆယ်ယောက်ကျော်လောက် ပြန်လွှတ်ပေးတယ်၊အမျိုးသားတွေတော့ ဆက်ဖမ်းထားပြီး တယောက်ကို ငါးသိန်းနှုန်းနဲ့ ရွေးခိုင်းတာ၊ကလေးတွေက သူတို့မိခင်တွေနဲ့အတူ ပြန်လွှတ်ပါတယ်၊ဆက်ဖမ်းထားတာတော့ယောကျာ်းလေးတွေပဲနှစ်ဆယ်တော့ကျော်တယ်”လို့  People’s [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့မှာ ရာအိမ်မှူးကို ဗုံးပစ်တိုက်ခိုက်ပေမယ့်မိခင်သေဆုံး၊ နှစ်ဦးဒဏ်ရာရ

မေ၊ ၁၉ မန္တလေးမြို့ရှိ ချမ်းမြသာစည်မြို့နယ်ထဲက စစ်ကောင်စီခန့်ရာအိမ်မှူးတဦးကို ဒီကနေ့မနက်ကဗုံးပစ်တိုက်ခိုက်ပေမယ့်မိခင်ဖြစ်သူသေဆုံးပြီးနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ ” (ဗုံးက)အိမ်ထဲကျကွဲသွားတာပေါ့။ အိမ်ထဲထိုင်နေတဲ့ ဦးသန်းနိုင်အမေ ထိသွားတယ်။ စခတွေရောက်လာပြီးဆေးရုံပို့တဲ့အချိန်သေသွားတယ်” လို့ ဒေသခံတဦးကပြောပါတယ်။ ဗုံးနဲ့လာရောက်တိုက်ခိုက်သူနှစ်ဦးဟာ ဒီကနေ့ မနက်၇နာရီလောက်မှာ ဆိုင်ကယ်နဲ့လာရောက်ပြီးချမ်းမြသာစည်မြို့နယ်၊အောင် ပင်လယ်ရပ်ကွက်၊အကွက်(၁၂)/၅၅ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မဟာမိတ်တွေက ယူကရိန်းအတွက် F-16တွေ ထောက်ပံ့တာမျိုးကို အမေရိကန် ခွင့်ပြုဖွယ်ရှိနေ

မေ၊ ၁၉ မဟာမိတ် နိုင်ငံတွေကသာ ဆန္ဒရှိရင် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လက်လွှဲပေးဖို့ ခွင့်ပြုမယ့် သဘောမျိုး အမေရိကန်က မီးစိမ်းပြလိုက်ပါတယ်။  အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်း စစ်တပ်အနေနဲ့ F-16 [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

သံတမန်ယာဉ်တန်းတိုက်ခိုက်မှု ဘယ်သူ့လက်ချက်လဲ

မေ၊ ၁၉ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ အာဆီယံရဲ့ အဓိကရည်ညွှန်းချက်အဖြစ် ဆက်ရှိနေ တယ်လို့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်အတွင်း စစ်ဘေးရှောင်တွေနဲ့ တွေ့ဖို့သွားတဲ့ အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ် တိုက်ခိုက်ခံ ရပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ရေး ထိုင်းအတိုက်အခံ အင်အားစုတွေ ဆွေးနွေး သဘောတူ

မေ၊ ၁၉  ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင် ဆွေးနွေး သဘောတူညီမှုတွေ ရရှိထားပြီလို့ ရွေးကောက်ပွဲမှာ ရလဒ်ကောင်းခဲ့တဲ့ ထိုင်းအတိုက်အခံ ပါတီတွေက ပြောပါတယ်။  ၂၀၁၄ မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ထိုင်းနိုင်ငံရဲ့ အစိုးရ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

နှစ်ရာသီဆက် ဥရောပ ဗိုလ်လုပွဲတွေ တက်လှမ်းခဲ့တဲ့ မော်ရင်ဟိုရဲ့ ရိုးမား

မေ၊ ၁၉ ရိုးမားအသင်းနဲ့အတူ ဥရောပအဆင့် ဗိုလ်လုပွဲတွေကို နှစ်ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့နောက် အသင်းမန်နေဂျာ ဟိုဆေး မော်ရင်ဟိုက မဆုတ်မနစ် အားထုတ် ကြိုးစားခဲ့တဲ့ သူ့အသင်းသားတွေကို ချီးကျူးသွားခဲ့ပါတယ်။  ဥရောပ ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိုင်မြို့နယ်မှာ မုန်တိုင်းကြောင့်မိုးရွာခဲ့တဲ့ကာလအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုးခဲ့

မေ၊ ၁၈   မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မိုခါမုန်တိုင်းသက်ရောက်မှုကြောင့် မိုးရွာသွန်းခဲ့တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ကောင်စီက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှိနိုင်တဲ့ ရွာတွေဘက်ကို စစ်ကြောင်းဆက်တိုက်ထိုးခဲ့ပြီး တိုက်ပွဲတချို့လည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။   မြိုင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်ငူအကျဉ်းထောင်မှာ ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတချို့ ထွက်ပြေးလွတ်မြောက်

မေ၊ ၁၈   ပဲခူတိုင်း၊ တောင်ငူမြို့ တောင်ငူအကျဉ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ပြန်လာတဲ့ အကျဉ်းသားဆယ်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက သေနတ်လုယူပစ်ခတ်ပြီး ထွက်ပြေးတာကြောင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တဦး သေဆုံးကာ တဦးဒဏ်ရာရခဲ့ပြီး အကျဉ်းသားတချို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူတဦးက [ဆက်လက်ဖတ်ရှုရန်]