ဧပြီ၊ ၉ ကလေး-ဂန့်ဂေါလမ်းပိုင်းအသုံးပြုမှုကိုပြီးခဲ့တဲ့မတ်လကနေစတင်ပြီးပိတ်ထားတာကြောင့် ချင်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေမှာစက်သုံးဆီနဲ့ကုန်စိမ်းတွေပြတ်လပ်နေပြီလို့ ချင်းပြည်နယ်မြောက်ပိုင်းကဒေသခံတွေကဆိုပါတယ်။ “ကလေးဘက်ကနေတက်တဲ့ကားတွေမဝင်တော့တာ ။အခုလလယ်လောက်မှလမ်းပြန်မပွင့်ရင်ဆန်တွေပါပြတ်လာနိုင်တယ် ။ထမင်းတနပ်လျှော့စားရတော့ရုံပဲရှိတော့တာ ။စစ်ကောင်စီတပ်တွေကိုတော့ပြောစရာစကားလုံးကိုမရှိတော့ဘူးလို့ “ဟားခါးမြို့ကဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မတ်လကစတင်ပြီး ချင်းပြည်နယ်ကိုယာဉ်တန်းနဲ့တက်လာတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်တွေက လမ်းအသုံးပြုမှုနဲ့ပတ်သတ်ပြီးသတိပေးထားတာရှိပါတယ်။ အခုလက်ရှိအခြေနေမှာ ကလေး -ဂန့်ဂေါလမ်းပိုင်းကိုအသုံးပြုနေတဲ့ ဟားခါး [ဆက်လက်ဖတ်ရှုရန်]