ဒေသအလိုက် သတင်းကဏ္ဍ

သီရိမင်္ဂလာစျေးက ခိုးဆိုးနှိုက်တွေက ရဲနဲ့ပေါင်းပြီး ပေါ်ပေါ်တင်တင်ဖောက်ထွင်းခိုးယူနေ

မတ်၊ ၃ ရန်ကုန်မြို့၊လှိုင်မြို့နယ်က သီရိမင်္ဂလာစျေးအတွင်းမှာ ခိုးဆိုးနှိုက်တွေက စစ်ကောင်စီလက်အောက်ခံ ရဲကင်းနဲ့ရဲစခန်းက ရဲတွေနဲ့ပေါင်းပြီး စျေးဝယ်သူတွေနဲ့ ကိုယ်ပိုင်ယာဥ်၊အငှားယာဥ်တွေဆီက ခိုးယူးတာတွေအပြင် ဖောက်ထွင်းခိုးယူတာတွေကို ပေါ်ပေါ်တင်တင်လုပ်ဆောင်နေတာကြောင့် စျေးရောင်းချသူတွေ၊စျးဝယ်သူတွေနဲ့အငှားယာဥ်မောင်းစတဲ့ပြည်သူတွေအနေနဲ့ အခက်အခဲတွေဖြစ်နေတယ်လို့  DNAကိုပြောပါတယ်။  သီရိမင်္ဂလာစျေးအတွင်း ခိုးဆိုးလုယက်သူတွေဟာ လက်ရှိမှာအုပ်စုဖွဲ့ခိုးယူတာတွေအပြင် ခိုးယူနေတာကိုတွေ့ရှိလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အိန္ဒိယအစိုးရကဖမ်းဆီးထောင်ချထားတဲ့ မြန်မာစစ်ဘေးရှောင်တွေကိုချက်ချင်း လွှတ်ပေးဖို့ တော်လှန်ရေး အင်အားစုတွေတောင်းဆို

မတ်၊ ၃ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့မြန်မာစစ်ဘေးရှောင် နှစ်ရာဝန်း ကျင်ကို လွတ်ပေးဖို့၊မြန်မာစစ်ဘေးရှောင်တွေကို စစ်ဘေးရှောင်ကတ် ထုတ်ပေးပြီးယာယီနေ ထိုင်ခွင့်ပြုဖို့ အပါ အဝင်အချက် လေးချက်ကို မြန်မာ့တော်လှန်ရေးအင်အားစုကိုးဆယ်ကျော်နဲ့ မဏိပူရ် အရပ်ဘက်အဖွဲ့အစည်းက ငါးခုက မတ်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေတဲ့ နေပြည်တော်မှာလေးရက်ဆက်တိုက် ဗုံးကွဲ

မတ်၊ ၃ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အစိုးရအဖွဲ့ရုံးစိုက်တဲ့နေပြည်တော်မှာ ယခုရက်သတ္တပတ်အတွင်း ပေါက်ကွဲမှု ၄ ရက်ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ အဲဒီလှုပ်ရှားမှုတွေကို ဆောင်ရွက်တဲ့ ပြောက်ကျားအဖွဲ့တွေက အတည်ပြုပြောဆိုပါတယ်။ အဲဒီ ၄ ရက်ဆက်ပေါက်ကွဲမှုအနက် ၃ ခုကို စစ်တောင်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မွန်ပြည်နယ်မှာ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားသူ တရာကျော်ရှိ

မတ်၊ ၃ မွန်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားသူ တရာကျော် ရှိတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ ဝန်ထမ်းတွေနဲ့ သာမန်အရပ်သားတွေလိုင်စင်နဲ့ သေနတ်ကိုင်ခွင့်ရှိတဲ့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို စစ် ကောင်စီကထုတ်ပြန်ပြီးနောက်တလအကြာမှာ လျှောက်ထားသူတရာကျော်အထိ ရှိနေတာလို့ စစ်ကောင်စီရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တူမီးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ သူတွေအတွက် တိုက်ခိုက်လို့ စစ်ကောင်စီတပ်စိတ်မှူးအပါအဝင်သုံးဦးသေ

မတ်၊ ၃ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သူတွေအတွက် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကအထိုင်ချတဲ့ဂိတ်ကိုလာတဲ့ စစ်ကောင်စီတပ်သားသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်လို့ တပ်စိတ်မှူးအပါအဝင်သုံးဦးစလုံးသေဆုံးခဲ့ပါတယ်။ အဲ့ဒီ့တိုက်ခိုက်မှု့ကိုမတ်လ၂ရက်နေ့မနက်အစောပိုင်းက Local Mobile Team နှင့် ကြေးမုံတပ်ရင်း (တပ်ခွဲ-၃ )တပ်ရင်း၁၂ ရွှေဘိုခရိုင် -တို့မှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စမ်းချောင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အရက်ဆိုင်မှာရန်ဖြစ်ပြီးခေါင်းကွဲ

မတ်၊ ၃ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်က စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးဦးမိုးက မနေ့ မတ်လ ၂ ရက်ညပိုင်းက အရက်ဆိုင်မှာ ရပ်ကွက်နေလူငယ်တဦးနဲ့ ရန်ဖြစ်ထိုးကြိတ်မှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေဒေသခံတွေကပြောပါတယ်။ စမ်းချောင်းမြို့နယ်၊ စစ်ကိုင်းလမ်းက အရက်ဆိုင်မှာ အရက်သောက်နေချိန် ဘေးဝိုင်းက လူငယ်တဦးကိုအုပ်ချုပ်ရေးမှူးဦးမိုးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ ဆောဒေသခံသုံးဆယ်ကျော် တပတ်ကြာတဲ့အထိပြန်မလွှတ်သေး

မတ်၊ ၃ မကွေးတိုင်း၊ ဆောမြို့နယ်၊ သရက်ချဉ်ရွာက အရပ်သား (၃၂) ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး တပတ်အကြာ မတ်လ ၃ ရက် ဒီကနေ့အထိ ပြန်မလွတ်ကြသေးဘူးလို့ ဆောဒေသခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေ့အချိန်မီးပျက်ချိန်တိုးလို့ အသေးစားလုပ်ငန်းတွေအခက်တွေ့

မတ်၊ ၃ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)က ရန်ကုန်တိုင်းအတွင်းမြို့နယ်တွေမှာ မီးဖြတ် တောက်ချိန်တိုးလိုက်တဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့အခက်တွေ့နေရတယ်လို့ အသေးစားလုပ်ငန်းလုပ်ကိုင်နေ သူတွေကပြောကြပါတယ်။ “ကျန်ခဲ့တဲ့လအထိက မီးကတစ်နေ့တကြိမ်လောက်ဆိုတော့ ကျွန်တော့်အနေနဲ့အဆင်မပြေပေမယ့်လည်း ဒီ လို ပဲလှည့်လုပ်ရတာပေါ့၊အခုကျတော့ တရက်တည်း နှစ်ကြိမ်ပျက်တာဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

အယ်ဒီတာ့ အာဘော်

မနုမနော (ကော်ယော်)

မနုမနော (ကော်ယော်) တို့ရဲ့ အမျိုးသားနေ့ဟာ နှစ်တစ်နှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီလ (၃) ရက်နေ့ ဖြစ်ပါတယ်။ မနုမနော (ကော်ယော်) လူမျိုးစုဟာ ကယား (ကရင်နီ) မျိုးနွယ်စု (၉) မျိုးထဲက မျိုးနွယ်စုတစ်ခုအဖြစ်ပါဝင်ပါတယ်။    [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရပ်သား ကိုးဦးအထိသေဆုံးခဲ့တဲ့ မုံရွာ၊ ဘုရားနီသပိတ်စစ်ကြောင်းဖြိုခွင်းခံရမှု ၂နှစ်ပြည့်ပြီ

မတ်၊ ၃ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မတ်လ ၃ရက်နေ့မှာ မုံရွာမြို့ဘုရားနီ အနီးမှာငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့  သပိတ်စစ်ကြောင်းကို စစ်ကောင်စီကပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့်ဒေသခံပြည်သူ ၉ဦးထက်မနည်းကျဆုံးခဲ့တာ ဒီကနေ့ဆိုရင် ၂နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မုံရွာမြို့မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြား ကျဆုံးသွားသူတွေအတွက် တော်လှန်ရေးအင်အားစုတွေက လွမ်းဆွတ် [ဆက်လက်ဖတ်ရှုရန်]