ဒေသအလိုက် သတင်းကဏ္ဍ

နံပါတ်ပြားအသစ်မတပ်ရင်အရေးယူမယ်ဆို တာကြောင့်လျှောက်ထားသူများပြားနေ

မတ် ၊ ၂၀ မော်တော်ယာဥ်ဖောင်းကြွနံပါတ်ပြားအသစ်တွေကို မတ်လကုန်နောက်ဆုံးထားပြောင်းလဲတပ်ဆင်ဖို့နဲ့ပြောင်းလဲမှုမရှိရင် အရေးယူမယ်ဆိုတာကြောင့် ကညနရုံးတွေမှာ နံပါတ်ပြားပြောင်းလဲလျှောက် ထားသူများပြားနေတယ်လို့ ယာဥ်မောင်းတွေဆီကသိရပါတယ်။ မြို့နယ်နဲ့ ယာဥ်အမျိုးအစားအမည်တွေထပ်တိုးဖော် ပြထားတဲ့ ဖောင်းကြွနံပါတ်ပြားတွေကို ပြောင်းလဲတပ်ဆင်ဖို့ စစ်ကောင်စီလက်အောက်ခံကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမူဦးစီးဌာန(ကညန)ကညွန်ကြားထားတာဖြစ်ပါတယ်။ အဲဒီနံပါတ်ပြားတွေကို မတ်လ ၃၁ရက်နောက်ဆုံးထားတပ်ဖို့အသိပေးထားတာကြောင့် ဒီရက်ပိုင်းအတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းကို အကြမ်းဖက်မှုဥပဒေပုဒ်မနဲ့စွဲဆိုထားတဲ့အမှု မကြာခင်အပြီးသတ်အမိန့်ချမယ်

မတ် ၊ ၂၀ ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က စစ်ကောင်စီတပ်တွေကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှုဥပဒေပုဒ်မ၅၀(ည)နဲ့ တရားစွဲဆိုထားတာကို မကြာခင်အမိန့်ချမယ်လို့သိရပါတယ်။ “မမှူးကဒါဏ်ရာပိုများတယ်။ပထမ(၅၀၅)နဲ့ကသူရောကိုကောင်းဆက်လင်းရောနှစ်ယောက်စလုံးကိုအလုပ်ကြမ်းနဲ့ထောင်ဒါဏ်ချပြီးသွားပြီ။ခုကအကြမ်းဖက်မှုဥပဒေပုဒ်မ(၅၀-က)နဲ့တာမွေမြို့မရဲစခန်းမှူးကတရားလိုလုပ်ပြီးသဃ်န်းကျွန်းတရားရုံးမှာဆွဲထားတာပေါ့။မမှူးရတနာဇော်ရဲ့မိခင်ကိုတရားလိုပြသက်သေအနေနဲ့စစ်ပြီးရင်တော့အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်”လို့ ဥပဒေအရာရှိတဦး ကပြောပါတယ်။ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ နှစ်ရက်ဆက် ယာဥ်ကြောပိတ်ပြီး ကားအစီးရေရာချီ ပိတ်မိနေ

မတ်၊ ၂၀ ရန်ကုန်-မော်လမြိုင်လမ်း ပဲခူးတိုင်း ဝေါမြို့နယ်ရှိ ညောင်ခါးရှည်စစ်ဆေးဂိတ်မှာ မတ်လ (၁၉)ရက်မနေ့ကစလို့ ဒီကနေ့အထိ နှစ်ရက်ဆက်ယာဥ်ကြောပိတ်ဆို့နေပြီး ဒီကနေ့မနက်ပိုင်းမှာလည်း ကားအစီးရေ ရာချီပိတ်မိနေတယ်လို့ အဝေးယာဥ်မောင်းတွေဆီကသိရပါတယ်။ “မနေ့က စပိတ်နေတာ ကားလေးတွေက အတင်းဝင်တိုးနေကျတော့ အရမ်းကျပ်သွားတာ၊ အခုက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူးက ဖမ်းဆီးမိတဲ့ ပီဒီအက်ဖ်နှစ်ဦးဆီက စစ်ကောင်စီက သတင်းရဖို့ကြိုးစားနေ

မတ်၊ ၂၀ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးရမိရာကနေ အခြားအဖွဲ့ဝင်တွေရဲ့ သတင်းအချက်အလက်ရဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။   ပီဒီအက်ဖ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးတို့ဟာ မတ်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နျူကလီးယား တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ မြောက်ကိုရီးယားရဲ့ သရုပ်တူ လေ့ကျင့်မှုကို ကင်ဂျုံအန်း ကွပ်ကဲ

မတ်၊ ၂၀ နျူကလီးယားနဲ့ တိုက်ခိုက် ခံရမှုကို တုံ့ပြန်တဲ့ သရုပ်တူ လက်တွေ့ လေ့ကျင့်မှုမျိုးကို လုပ်ဆောင်ခဲ့ပြီး ခေါင်းဆောင်ကြီး ကင်ဂျုံအန်း ကိုယ်တိုင် ဦးစီး ကွပ်ကဲခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အရာရှိတွေက သားတွေ၊ တူတွေကို ရာထူးမပေးဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား

မတ်၊ ၂၀ အစိုးရ အရာရှိတွေ အနေနဲ့ တူတွေ၊ သားတွေနဲ့ တခြား ဆွေမျိုးသားချင်းတွေကို ရာထူးခန့်အပ်တာမျိုးတွေ မလုပ်ကြဖို့ အာဖဂန် နစ္စတန်ရဲ့ တာလီဘန် အစိုးရ အဖွဲ့ ခေါင်းဆောင်က ညွှန်ကြားလိုက်ပါတယ်။ ဟီဘတ်တူလာ အက်ခွန်ဇာဒါးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီရန်သမ္မတကို အလည်အပတ် ခရီးစဉ် လာရောက်ဖို့ ဆော်ဒီ ဖိတ်ခေါ်ထားတယ်လို့ဆို

မတ်၊ ၂၀ သမ္မတ အီဘရာဟင်မ် ရိုင်ဆီကို တရားဝင် အလည်အပတ် ခရီးစဉ် လာရောက်ဖို့ ဆော်ဒီ အာရေးဘီးယား အစိုးရက ဖိတ်ခေါ်ထားကြောင်း အီရန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသက ခါးသီး ရန်ဘက် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

တပွဲတည်း သုံးယောက် အနီကတ်ပြတဲ့ ဒိုင်ကို ဖူလ်ဟမ် မန်နေဂျာ ပေါက်ကွဲ

မတ်၊​ ၂၀ သူရော၊ ကစားသမား နှစ်ဦးကိုပါ တပြိုင်တည်း အနီကတ်ပြ ထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ဖူလ်ဟမ်အသင်း မန်နေဂျာ မာကိုဆေးလ်ဗားက ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ လန်ဒန် အခြေစိုက် ဘောလုံးကလပ် ဖူလ်ဟမ်ဟာ မတ် ၁၉ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘီးလင်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးထိပြီး အသက်ခြောက်နှစ်အရွယ်ကလေးငယ်သေဆုံး

မတ်၊ ၁၉ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မနေ့မတ်လ ၁၈ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီး အသက် ၆နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ သထုံမြို့နယ်၊ အဆူးအင်းကျေးရွာအနီး ခရိုင်ချင်းဆက်လမ်းဘေးမှာ တပ်စွဲထားတဲ့ အမြောက်တပ်(၃၁၄)တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘီးလင်းမြို့နယ်ဘက်ခြမ်း ရွှေရောင်ပြကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးသုံးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင့်ကလေးငယ်ဆီလက်နက်ကြီးထိမှန်ခဲ့တာလို့ဆိုကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက် နှစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရ

မတ်၊ ၁၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာကိုမနေ့ကမတ်လ၁၈ရက်၊နေ့လယ်၂နာရီအချိန်ခန့်က စစ်ကောင်စီတပ်တွေကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်‌ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိပ်ခွန်ရွာကဒေသခံတွေက  DNA ကိုပြောပါတယ်။ “နမခကနေလာတဲ့ MI 35 ရဟတ်ယာဉ်နဲ့ ရပတ်၊၈ပတ်လာပစ်တယ်။ ဒေသခံနှစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့တယ်။ကျန်၃ဦးကတော့လက်မောင်းရှပ်ထိလေးဆိုတော့စိုးရိမ်စရာမရှိပါဘူးလို့”ဒေသခံကို Kelvin ကပြောပါတယ်။ စစ်ကောင်စီတပ်တွေလေကြောင်းပစ်ခတ်ခဲ့တာအကြောင့်အသက်၆ဝကျော်အမျိုးသမီးတဦးနဲ့အသက်၂ဝကျော်အရွယ်အမျိုးသားတဦးတို့သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် [ဆက်လက်ဖတ်ရှုရန်]