နိုင်ငံရေး

တမူးမြို့မှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်

မတ်၊ ၂၃   စစ်ကိုင်းတိုင်း တမူးမြို့နယ်မြောက်ပိုင်း အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းအနီး ကွန်းတောင်းရွာမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဒီကနေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက DNA ကို ပြောပါတယ်။   ကွန်းတောင်းရွာအနီးမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသစ် ခန့်အပ်ပြီး နှစ်ပတ်ကျော်အကြာမှာ ပစ်ခတ်ခံရလို့ သေဆုံး

မတ်၊ ၂၃   ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ် တဦးဟာ စစ်ကောင်စီက ခန့်ထားခံရပြီးနောက် ၁၆ ရက် အကြာမှာ သေနတ်သမားသုံးဦးပတ်ခတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။   စစ်ကောင်စီက မတ် ၆ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖမ်းဆီးခံထားရတဲ့ မုံရွာဒေသကာကွယ်ရေးအဖွဲ့ဝင်၁၄ဦးကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီစွပ်စွဲ

မတ်၊ ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီးမှာ Anonymous အမည်ခံ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၄ ဦးကိုလက်နက်က်ခဲယမ်းဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီကမတ်လ၂၂ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ လူသုံးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့စွပ်စွဲထားသလို  သူတို့ ဖမ်းဆီးထားတဲ့ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတဦးနဲ့ ကလေးငယ် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

တရုတ်၊ ပါကစ္စတန်တို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ကိုယ့်ရှူးကိုယ်ပတ်နေတဲ့ မြန်မာစစ်တပ် (စနေ မနက် ၉း၀၀ နာရီတင်ရန် ဆောင်းပါး)

မတ်၊ ၂၅ ပြည်တွင်းက အရပ်သား ဧရိယာတွေ၊ တိုင်းရင်းသား ပြည်သူလူထုတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကျင့်ဝတ်မဲ့ ကျူးလွန်ဖို့အတွက် မြန်မာ စစ်ကောင်စီဟာ တိုက်လေယာဉ်တွေ ပိုမို ဖြည့်တင်း ဝယ်ယူလာရပါတယ်။ ဒီလိုနဲ့ JF-17 တိုက်လေယာဉ်တွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမြို့နယ်မှာ စစ်ကောင်စီလက်ချက်နဲ့ အသက်၆၅နှစ်အရွယ်အမျိုးသားတဦးသေဆုံး

မတ်၊ ၂၃ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊မြကန်ကျေးရွာကိုဒီကနေ့မတ်လ၂၃ရက်၊မနက်၈နာရီအချိန်ကစစ်ကောင်စီတပ်တွေဟာ လက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး အသက်၆၅နှစ်အမျိုးသားတဦးကိုရိုက်နှက်သတ်ဖြတ်သွားခဲ့တယ်လို့သိရပါတယ်။  “စစ်ကြောင်းထိုးလာတော့ရွာကလူတွေကပြေးကြရှောင်ကြဖို့ပြင်ကြတာပေါ့ ။အဲ့ဒီဦးလေးကလည်း ရှောင်ဖို့ဆိုင်ကယ်ပေါ်အထုပ်ကလေး၂ထုပ်တင်ထားတာပြီးထွက်မယ့်အချိန်ကိုဖမ်းမိတာ ။ရိုက်နှက်ပြီးတော့ပစ်သတ်သွားတယ်”လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကသာစစ်လင်းကပြောပါတယ်။  သေဆုံးသူမှာအသက်၆၅နှစ်အရွယ် ဦးညိုတင်ဖြစ်တယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီတပ်တွေဝင်ရောက်လာချိန်မှာနေအိမ်တအိမ်ကိုလည်းမီးရှို့ခဲ့သေးတယ်လို့သိရပါတယ် ။  အဆိုပါစစ်ကောင်စီတပ်တွေဟာ မူးတိမ်းချောင်းဘက်ကနေဝင်‌ရောက်လာတဲ့စစ်ကြောင်းနဲ့ရွာသစ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနှစ်ကြောင်းညှပ်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။  စစ်ကောင်စီတပ်တွေဟာကျေးရွာအတွင်းစစ်ကြောင်းထိုးမွှေနှောက်ရိက္ခာသယ်သွားပြီး မနက်၁၀နာရီအချိန်ကပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရပါတယ် ။  စစ်ကောင်စီတပ်တွေဝင်ရောက်ချိန်ကမြကန်ကျေးရွာအပါအဝင်အနီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတူပီ-ပလက်ဝ လမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေလို့ လေကြောင်းရန် သတိထားဖို့ ဒေသခံတွေကို ချင်းတော်လှန်ရေးအဖွဲ့သတိပေး

မတ်၊ ၂၃ ချင်းပြည်နယ် မတူပီ- ပလက်ဝသွား ကားလမ်းပေါ်မှာ လက်ရှိ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေလို့ အဲဒီလမ်းပိုင်းအနီးက ကျေးရွာ ၅ ရွာကဒေသခံတွေ လေကြောင်းရန် သတိထားကြဖို့ Chinland Defence Force Mutupi [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ စည်ပင်ဝန်ထမ်းတဦး ကြိုးဆွဲချသေဆုံး၊တပတ်အတွင်း ကြိုးဆွဲချသေဆုံးမှုသုံးမှုဖြစ်

မတ်၊ ၂၃  ပဲခူးတိုင်း၊အနောက်ခြမ်းပြည်မြို့၊ကျောင်းကြီးအိုးတန်ရပ်ကွက်၊ကမ်းနားလမ်းကစည်ပင်ရုံးအတွင်းမှာ ဝန်ထမ်း အ မျိုးသား တဦးကြိုးဆွဲချအဆုံးစီရင်ပြီးသေဆုံး သွားတယ်လို့ ပြည်မြို့ခံ ပရဟိတဒါနပါရမီ အသင်းတာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။ “စည်ပင်ကဝန်ထမ်းတွေဖုန်းဆက်တာ၊ကျွန်တော်တို့အဖွဲ့တွေရောက်တော့ ရဲနဲ့စည်ပင်ဝန်ထမ်းတွေ သေဆုံးသူဦး ကြီးသားလည်းရောက်နေကြပြီ၊သေဆုံးရုပ်အလောင်းကိုတော့ ကြိုးဖြုတ်ပြီး ခေတ္တရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦး NLD အမတ်ရဲ့ ဇနီးနဲ့သမီးဖြစ်သူအလုပ်ကြမ်းနဲ့ထောင်သုံးနှစ်စီချမှတ်ခံရ

မတ်၊ ၂၃ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့သမီးဖြစ်သူကိုစစ်ကောင်စီက မတ်လ ၂၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံး နှစ်စီ ချမှတ်လိုက်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းကပြောပါတယ်။  “ဖမ်းခံရပြီးတဲ့သူတွေကဖေဖော်ဝါရီလကုန်ပြီးတော့မတ်လထဲမှာရဲစခန်းကိုရောက်သွားကြတယ်၊အခုလဲထောင် ဒဏ်သာချလိုက်တာရဲစခန်းမှာပဲရှိသေးတာ၊ရွှေဘိုထောင်ကိုမပို့ရသေးဘူး”လို့သူကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမြန်လမ်းမှာယာဉ်တိုက်မှုဖြစ်ပြီး နှစ်ဦးသေဆုံး၊ဆယ့်လေးဦးဒဏ်ရာရ

မတ်၊ ၂၃ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် (၂၈၄)အနီးမှာဒီကနေ့မနက်ခြောက်နာရီဝန်းကျင်က ရပ်ထားတဲ့ ခြောက်ဘီး ကုန်တင်ကားကို light truck ကားက နောက်ကဝင်တိုက်မိလို့ ကားခေါင်းခန်းကလိုက်လာတဲ့ အမျိုးသားနှစ်ဦး သေဆုံး ပြီးနောက်ထပ်လူအများ အပြား ဒဏ်ရာတွေရသွားတယ်လို့ ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ ပြည်သာယာ လူမှုကူ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းဆီ လွှဲပေးမယ့် တိုက်လေယာဉ်တွေကို ရဟတ်ယာဉ်တွေနဲ့ အစားထိုးဖို့ ဆလိုဗက်ကီးယား ကမ်းလှမ်းခံရ

မတ်၊ ၂၃ ယူကရိန်းအတွက် တိုက်လေယာဉ်တွေ လွှဲအပ်ပေးမယ့် ဆလိုဗက်ကီးယားကို အမေရိကန်က တိုက်ခိုက်ရေး ရဟတ်ယာဉ် အသစ်တွေ အစားထိုးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။  ဆလိုဗက်ကီးယားဟာ သူတို့ လက်ထဲမှာ ရှိနေတဲ့ ဆိုဗီယက်လုပ် MiG-29 အမျိုးအစား ဘက်စုံသုံး [ဆက်လက်ဖတ်ရှုရန်]