ဒေသအလိုက် သတင်းကဏ္ဍ

ရေးမြို့နယ်မှာ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ အမြှောက်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံလေးဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးလမိုင်းကျေးရွာထဲကို ဇန်နဝါရီ (၂) ရက် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီး ကျည်တွေကျလို့ ဒေသခံလေးဦး ထိခိုက်ဒဏ်ရာတွေ ရကြတယ်လို့ သိရပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘေးလမိုင်းရွာခံ သုံးဦးအပါအဝင် အရပ်သားလေးဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ တလအတွင်း အိမ်ခြေမဲ့အမျိုးသား ငါးဦးသေဆုံး

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့မှာ ရာသီဥတု အေးလွန်းတာကြောင့် တလအတွင်း အိမ်ယာမဲ့ ငါးဦး သေဆုံးကာ အကြောကပ်လေဖျန်းသူ နှစ်ဦးရှိတယ်လို့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ “အခုရက်ပိုင်း တော်တော်အေးလာတော့ ကျန်းမာရေးချို့တဲ့သူတွေ သေတယ်၊ တလထဲတင် ငါးယောက်ရှိတယ်ဗျ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ UG တွေဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက မြို့အဝင်အထွက်တွေမှာ စစ်ဆေးရေးတင်းကျပ်ထား

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြို့ပြပျောက်ကြားအဖွဲ့ဝင် UG တွေ အစုလိုက်အပြုံလိုက်ဖမ်းမိတယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် မြို့အဝင်အထွက်တွေမှာ စစ်ဆေးရေးကို တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၃ ရက်မှာလည်း မန္တလေးမြို့အဝင်တွေဖြစ်တဲ့ ရွှေကျင်ဂိတ်၊ ၁၆ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး သံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော်တပါးကို စစ်ကောင်စီက ဖမ်းဆီး

မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ သံဃသမဂ္ဂ (မန္တလေး) ရဲ့ ဦးဆောင်ဆရာတော်တပါးကို ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ သံဃသမဂ္ဂ (မန္တလေး) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းမြို့မှာ နေအိမ်မီးလောင်မှုကြောင့် ပိတ်မိနေတဲ့ အမွှာညီအကို နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက် ၃ လမ်းမှာရှိတဲ့ နှစ်ထပ်တိုက်တစ်လုံး မီးလောင်မှုကြောင့်နေအိမ်ထဲတွင်  ပိတ်မိနေတဲ့ အမွှာညီအကိုနှစ်ဦး မီးလောင်သေဆုံးသွားကြောင်း မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁ နာရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇင်းကျိုက်က ရဲနှစ်ဦးပစ်သတ်ခံရပြီးနောက် ဖမ်းဆီးခံရသူတွေထဲက ဆယ့်တဦးပြန်မလွတ်သေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့နယ်မြေရဲစခန်း ရဲနှစ်ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားသူ သုံးဆယ်နီးပါးထဲက ဆယ့်တဦးအထိ ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ပြန်လွတ်လာသူတွေက DNA ကိုပြောပါတယ်။ အဲ့ဒီဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက သထုံမြို့နယ်က စစ်ကြောရေးမှာ တလနီးပါးကြာချိန်အထိ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းတိုင်းအတွင်းပညာသင်ကြားခွင့်မရတဲ့ကလေးငယ်ဦးရေတိုးပွားနေ

စစ်ကိုင်းတိုင်းအတွင်းစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်လာတာနဲ့အမျှပညာသင်ကြားခွင့်မရတဲ့ကလေးသူငယ်ဦးရေဟာလည်းတိုးပွားလာနေတယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောပါတယ်။ “NUGကဖွင့်ထားတဲ့ကျောင်းတွေကပီဒီအက်စိုးမိုးထားတဲ့နေရာတွေမှာတော့ကောင်းကောင်းကြီးလည်ပတ်နိုင်တယ်၊ဒါပေမယ့်တချို့ရွာတွေကသုံးရွာ ပေါင်းမှတကျောင်းလောက်၊အဲ့တာတောင်မူလတန်းနဲ့မူလတန်းလွန်ပေါ့၊အထက်တန်းကနည်းတယ်၊ လိုင်းတွေကလဲမကောင်းတော့မြို့ပေါ်တွေလိုအွန်လိုင်းလဲမတတ်နိုင်ဘူး၊ပြီးတော့စစ်ကြောင်းထိုးတဲ့အခါတွေဆိုပြေးလို့ရတာရောမရတာရောလက်ယက်ကုန်းကိစ္စလဲအဲ့လိုဖြစ်ခဲ့တာပဲလေ”လို့ စစ်ကိုင်းတိုင်း အတွင်းက CDM ကျောင်းဆရာတဦးက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို လက်မခံဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေကို နိုင်ငံတဝန်းက အရွယ်စုံကျောင်းသားတွေ မတက်ဘဲ သပိတ်မှောက်တာတွေ လည်းရှိနေပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုမှုတွေအရ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်မှာ တပတ်အတွင်း မြို့ခံ ဆယ့်သုံးဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ  NLDပါတီ တိုင်းပြန်ကြားရေးတာဝန်ခံအမျိုး သမီးတဦး အပါအဝင် တပတ်အတွင်း ဒေသခံ (၁၃)ဦးကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတဦးက DNA ကိုပြောပါတယ်။  NLDပါတီရဲ့ တိုင်းပြန်ကြားရေးတာဝန်ခံမမြရတနာထက်နဲ့အမျိုးသားဖြစ်သူ တို့ကို ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်အနီးက ပင်လုံအိမ်ယာထဲမှာ စစ်ကောင်စီတပ်သားတွေကဝင်ရောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဓားစားခံအဖြစ် ဖမ်းခံရသူတွေကို စစ်ကောင်စီ ကထောင်သုံးနှစ်ကနေဆယ်နှစ်အထိချ

စစ်ကောင်စီက အလိုရှိနေတဲ့ တွံတေးမြို့က နိုင်ငံရေးအကျဉ်းသူဟောင်း မချိုဇင်မြင့်ကိုဖမ်းမမိလို့ ဓားစားခံအဖြစ် ဖမ်းသွားတဲ့ မိသားစုဝင်တွေကို ဒီဇင်ဘာလကုန်ပိုင်းမှာ သုံးနှစ်ကနေ ဆယ်နှစ် အထိ ထောင်ဒဏ်တွေချလိုက်တယ်လို့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ တွံတေးမြို့နယ်၊ကုန်းဝက်ချောင်းကျေးရွာမှာနေထိုင်တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း မချိုဇင်မြင့်ကို ဖမ်းမမိတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CDM ကျောင်းဆရာဦးကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်တဲ့အပေါ် ပညာရေးအဖွဲ့တွေကန့်ကွက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊အထက(ခွဲ)ထိန်ပုတ်ကုန်းကျောင်းကမူလတန်းပြ CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို စစ်ကောင်စီတရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ပညာရေးသမဂ္ဂအဖွဲ့ တွေက ကန့်ကွက်ကြောင်းထုတ်ပြန်လိုက်ပါတယ်။ ဆရာဦးကောင်းခန့်ကျော်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလကတည်းက စစ်ကောင်စီက သပြေကုန်းရွာက စစ်ကောင်စီသတင်းပေးအသတ်ခံရမှုမှာ မသင်္ကာမှုနဲ့ဖမ်းဆီးသွားပြီး ၂၀၂၂ ဒီဇင်ဘာ [ဆက်လက်ဖတ်ရှုရန်]