နိုင်ငံရေး

ဘိုကလေးမှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီထောင်ဒဏ်တွေချ

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလထဲမှာ ဘိုကလေးမြို့အနီးမှာ စက်လှေသောင်တင်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ်တွေအသီးသီးချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ ရိုဟင်ဂျာ ၁၁၂ ယောက် အနက် အသက် ၁၃ နှစ်အောက် [ဆက်လက်ဖတ်ရှုရန်]

အယ်ဒီတာနှင့် ပေးစာ ပြန်စာ 

ဖက်ဒရေးရာ အယ်ဒီတာ့ ပြန်စာ

ဒီတစ်ပတ်တော့ — အယ်ဒီတာအဖွဲ့ထံကို “ကိုဝေဖြိုး” က ဖက်ဒရယ်ရေးရာနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ပို့လာပါတယ်။ အဲဒါကတော့ – ဖက်ဒရယ်စနစ်နဲ့ ဗဟိုချုပ်ကိုင်မှု လျော့ချရေးစနစ် (Federalism and Decentralization) ဘယ်လို ဆက်စပ်နေသလဲဆိုတာကို မေးမြန်းလာတာဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးတိုင်းအရှေ့ခြမ်းမှာ စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်ကကျေးရွာတွေအထိဆိုင်ကယ်တွေဆင်းဖမ်းနေ

ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိတဲ့မြို့နယ်တချို့မှာ စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်က ကျေးရွာတွေ အထိဆင်း ပြီးဆိုင်ကယ်တွေလိုက်လံဖမ်းဆီး သိမ်းယူနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။  ရစ်ကန်ကြီး၊ ကဝ၊သက္ကလ စတဲ့မြို့နယ်တွေမှာအရင်က ပဲခူး-ခရမ်းလမ်းမပေါ်မှာဘဲ ဆိုင်ကယ်တွေကိုစစ်ဆေး ဖမ်း ဆီးတာတွေလုပ်လေ့ရှိပြီး အခုနောက်ပိုင်းရွာတွေအထိ ဆင်းပြီးလိုက်ဖမ်းနေတာလို့ ဆိုပါတယ်။  “ရွာချင်းဆက်လမ်းတွေမှာစောင့်ဖမ်းတယ်၊ရွာတွေထဲအထိဆင်းဖမ်းနေတာမို့လို့ ဆိုင်ကယ်ရှိတဲ့သူတွေကနည်းအ မျိုးမျိုးနဲ့ဖွက်နေရတယ်၊ခြံထဲမှာတောင်ရပ်မထားရဲဘူး”လို့ ဒေသခံတဦးကပြောပါတယ်။  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က လမ်းအသုံးပြုခအခွန်ငွေ ငါးလအတွင်း ကျပ်သိန်းသုံးထောင်ကျော်ရ

ပုလဲမြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စိုးမိုးနယ်မြေတွေထဲမှာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ မူဝါဒတွေ အတိုင်း အခွန်ကောက်ယူရာမှာ ငါးလအတွင်း ကျပ်သိန်းသုံးထောင်ကျော် ရရှိထားတယ်လို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ခံ ဦးဇော်ထက်ကDNA ကို ပြောပါတယ်။ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ စိုးမိုးနယ်မြေအတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ ရေစကြို လဝကရုံးကို ပကဖ တွေကမီးရှို့

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီအတွက် ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ လူမှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာန (လဝက)ရုံးကို ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာ ဒေသကာကွယ်ရေး အဖွဲ့တွေကမီးရှို့ခဲ့တယ်လို့ သိရပါတယ်။   ” စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကိုလုပ်ဖို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းက ရုရှား စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ စစ်ဦးစီးကို ပူတင်ဖယ်ရှား

ယူကရိန်းက စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်နေတဲ့ ထိပ်တန်း စစ်ဦးစီး တဦးကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ ဗိုလ်ချုပ် ဆာဂျီ ဆူရိုဗီကင်ဟာ သူ့ရဲ့ လက်ရှိ တာဝန်တွေကနေ ဖယ်ရှားခံရပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ခွဲထွက်ဖို့ ကြိုးစားရင် ထိုင်ဝမ်ကို အပြင်းအထန် ဒဏ်ခတ်မယ်လို့ တရုတ် ထပ်မံခြိမ်းခြောက်

လွတ်လပ်ရေး ကြေညာပြီး ခွဲထွက်ဖို့ ကြိုးစားမယ်ဆိုရင် ထိုင်ဝမ်ကို စစ်ရေးအရ ပြင်းပြင်းထန်ထန် ဒဏ်ခတ်သွားမယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ် ထွန်းကားပြီး သီးခြားရပ်တည်လိုတဲ့ ကျွန်းနိုင်ငံလေးနဲ့ ပတ်သက်လို့ တရုတ်က ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ ခြိမ်းခြောက်မှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာရှနိုင်ငံ တချို့မှာ ပိုးသတ်ဆေးဒဏ် ခံနိုင်စွမ်း မြင့်မားလွန်းတဲ့ ခြင်တွေ တိုးပွားလာနေ

ပိုးသတ်ဆေးဒဏ်ကို ဒူပေနာပေ ခံလွန်းတဲ့ ခြင်တွေ အာရှတိုက်ရဲ့ ဒေသတချို့မှာ လျင်လျင်မြန်မြန် တိုးပွားလာနေတယ်လို့ ဂျပန်နိုင်ငံက သုတေသီတွေက သတိပေးခဲ့ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ တခြား ကူးစက်ရောဂါ တချို့ကို သယ်ဆောင် ဖြန့်ဝေလေ့ရှိတဲ့ ခြင်တွေဟာ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်မှာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ပေါ်တူဂီ လူငယ်တိုက်စစ်မှူး ဖီးလစ်ကို ချဲလ်ဆီး အငှားခေါ်ယူ

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် ချဲလ်ဆီးဟာ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ယာအို ဖီးလစ်ကို ဘောလုံးရာသီ အကုန်ထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ် အသင်းမှာ ကစားနေတဲ့ အသက် ၂၃ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးက စစ်ရှောင်တွေမှာ ဆေးဝါးမလုံလောက်

စစ်ကောင်စီရဲ့ ဆက်တိုက်စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာပြေးနေရတဲ့ဆားလင်းကြီးနယ်ထဲက ဒေသခံတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်တွေအပြင် ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။ ဆားလင်းကြီးနယ်၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းတလျောက်က ကျေးရွာတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကောင်စီတပ်တွေက ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံထောင်ချီဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတာပါ။ တဖက်မှာလည်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲဖြစ်ပွားနေသလိုစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတွေဟာလည်း ညတွင်းချင်းရွာကနေထွက်ပြေးတိမ်းရှောင်ရတာတွေလည်းဆက်ဖြစ်နေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]