ဒေသအလိုက် သတင်းကဏ္ဍ

လူသားဒိုင်းအဖြစ် အသုံးချမခံရအောင် စစ်အုပ်စုကို ဝေးဝေးကရှောင်လို့ သတိပေး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ လူသားဒိုင်းအဖြစ် အသုံးမခံရဖို့ စစ်အုပ်စုကို ဝေးဝေးကရှောင်တိမ်းနေကြပါလို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးလိုက်ပါတယ်။ ဝက်လက်မြို့နယ်အတွင်းမှာ ရှိတဲ့ ပြည်သူတွေ အနေနဲ့ မတ်လ ၂ရက်နေ့မှစတင်ကာ ညနေ ၆နာရီကနေ မနက်၆နာရီအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုဗုံးပစ်ခံရ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ ၁၁၇ ကျန်စစ်သားလမ်းထောင့်မှာ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ အကြမ်းဖက်စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲနှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ ညနေ ၄နာရီခွဲခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒုတ်ထစ်ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေ

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းမပေါ်မှာရှိတဲ့ ဒုတ်ထစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ မနက်ပိုင်းမှစတင်ကာ ရမ်ထလိုကျေးရွာနဲ့ ဒုတ်ထစ်ကျေးရွာအကြားမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ဒုတ်ထစ်ကျေးရွာကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဥရောပသမဂ္ဂက ယူကရိန်း စစ်ဘေးရှောင်တွေကို အကာကွယ်ပေးမယ်လို့ ကြေညာ

ယူကရိန်းအတွက် ကူညီထောက်ပံ့မှုတွေနဲ့အတူ ရုရှားကျူးကျော်မှုကြောင့် ထွက်ပြေးလာရသူတွေအတွက် ယာယီအကာအကွယ်တွေ ပေးအပ်နိုင်ဖို့ တစ်ဆင့်မြှင့်လုပ်ဆောင်သွားမယ်လို့ ဥရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။ ဥရောပသမဂ္ဂကော်မရှင်က မတ်လ ၂ ရက်နေ့ ကြေညာချက်မှာ ယူကရိန်း စစ်ဘေးရှောင် ရွှေ့ပြောင်းလာသူတွေအတွက် ယာယီနေထိုင်မှု ခွင့်ပြုချက်တွေနဲ့ အဖွဲ့ဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းပုန်းရွာက ဘုန်းကြီးကျောင်းပိုင်ငွေ သိန်း ၁၀၀ ကျော်ကို အကြမ်းဖက်စစ်တပ် လုယက်သွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာ ဘုန်းကြီးကျောင်းပိုင် ကျပ်သိန်း ၁၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က လုယက်သွားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ချင်းပုန်းရွာဝန်းကျင်ကို လေကြောင်းကနေပါ တိုက်ခိုက်ကာ ရွာထဲဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၂၈ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လက်နက်ပွဲစား Dynasty International ကို ချက်ချင်း ဒဏ်ခတ်ဖို့ Justice For Myanmar တောင်းဆို

ဘီလာရုစ်၊ ရုရှားနဲ့ ဂျာမနီတို့က စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို အကြမ်းဖက်စစ်အုပ်စု ဝယ်ယူရာမှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးနေတဲ့ Dynasty International နဲ့ အဆက်အစပ်တွေအပေါ် ချက်ချင်းပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်း‌ရေး ကမ္ဘာက အလေးထားကြောင်း မိုက်ခ်မူလန် ပြောဆို

ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးဟာ အမေရိကန်အကျိုးစီးပွားသာမက ကမ္ဘာ့အကျိုးစီးပွားလည်း ဖြစ်တယ်လို့ မတ်လ ၂ ရက်နေ့မှာ ထိုင်ဝမ်ကိုရောက်ရှိလာတဲ့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မိုက်ခ်မူလန်က ပြောဆိုခဲ့ပါတယ်။ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲနေချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထောက်ပံ့ငွေ တောင်းခံတဲ့အဖွဲ့ ၁၂ ဖွဲ့ကို ကိုရီးယားကော်မတီ ကျပ်သိန်း ၂၀ စီ ထောက်ပံ့

စစ်အာဏာသိမ်းမှု ဆန်ကျင်ရေး ကော်မတီ (ကိုရီးယား) ထံ ထောက်ပံ့ငွေ တောင်းခံလာတဲ့အဖွဲ့ ၁၂ ဖွဲ့ကို ကျပ်သိန်း ၂၀ စီ ကူညီသွားမယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) ထံ ဖေဖော်ဝါရီလအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံးပေါ်အနီး စစ်အုပ်စုနဲ့ KIA ၊ MNDAA တို့ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးပေါ်အနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Kachin News Group က ဖော်ပြထားပါတယ်။ ဒီကနေ့ မတ်လ ၂ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အဆိုတော် ပိုင်သက်ကျော်ကို စစ်အုပ်စု ဖမ်းဆီး

အဆိုတော် ပိုင်သက်ကျော်ကို CDM တွေ ထောက်ပံ့နေတယ်လို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ အနုပညာအသိုင်းအဝန်းကနေ သိရပါတယ်။ ဒီကနေ့ မတ်လ ၂ ရက်နေ့ မနက် ၄ နာရီခန့်မှာ အဆိုတော် ပိုင်သက်ကျော် နေထိုင်တဲ့ လှိုင်သာယာမြိုကနယ် [ဆက်လက်ဖတ်ရှုရန်]