ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မှာ လွှတ်တော်ကိုယ်စားလှယ်၂ဦးအပါဝင် နိုင်ငံရေးအကျဉ်းသား ၆ဦးကို ထောင်ဒဏ်ချမှတ်

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ ပုသိမ်အကျဉ်းထောင်အတွင်းမှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ အထူးတရားရုံးက လွှတ်တော်ကိုယ်စားလှယ် ၂ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ဦးကို ထောင်ဒဏ် ၂နှစ်စီချမှတ်လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းက သိရပါတယ်။ ဒီကနေ့ မတ်လ ၃ရက်နေ့မှာ သာပေါင်းမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်းမြမှာ စစ်အုပ်စုက လိုင်းကြေးရယူပြီး လောင်းကစားဝိုင်းတွေကို ခွင့်ပေးထား

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအချို့မှာ စစ်အုပ်စုက လိုင်းကြေးရယူပြီး လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လောင်းကစားဝိုင်းတစ်ခုကို တစ်ပတ်မှာ လိုင်းကြေး သိန်း၃၀ခန့်ထိ ရယူပြီး သိလ္လာကျေးရွာအုပ်စု ဇလပ်ကွင်းကျေးရွာ၊ ကွမ်းခြံကြီးကျေးရွာအုပ်စု ဘုရားငုတ်တိုကျေးရွာတွေမှာ အနီထောင်၊လေးကောင်ဂျင်နဲ့ ကြက်ဝိုင်းတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့မှာ တစ်ရက်တည်း ပိုင်ရှင်မဲ့ အမျိုးသားအလောင်းနှစ်လောင်းတွေ့

မန္တလေးမြို့မှာ ဒီကနေ့ မတ်လ ၃ရက်နေ့ တစ်ရက်တည်းမှာပဲ ပိုင်ရှင်မဲ့ အမျိုးသား ၂ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၈နာရီ၃၀မိနစ်ခန့်မှာ အရှေ့မြို့ပတ်လမ်းနဲ့ ရေတံခွန်တောင် ဂေါက်ကွင်းသွားလမ်းဆုံမှာ လက်ပြန်ကြိုးတုန်ခံထားရပြီး ယာဘက်မျက်လုံး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမြို့ပေါ်ကပြည်သူတွေကို ၂ရက်ဆက်တိုက် ဖမ်းဆီးစစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က ပြည်သူတွေကို ၂ရက်ဆက်တိုက်ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ မတ်လ၁ရက်နေ့ညပိုင်းက ဒီပဲယင်းမြို့ရဲစခန်းကို ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်သား၇ဦးသေဆုံးပြီးနောက် ဆက်တိုက်ဆိုသလို နေ့ခင်းပိုင်းတွေမှာ မြို့ပေါ်ရပ်ကွက်တွေ ထဲ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပါတယ်။ ‘ရဲစခန်းလက်နက်ကြီးနဲ့အထုခံရတာ ရပ်ကွက်တွေနဲ့ဆိုင်တယ်၊ဘယ်သူတွေလုပ်တာလဲဆိုပြီး ရပ်ကွက်ထဲက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်မြို့နယ်ထဲက ပျူ ၃ ဦးကို ရှင်းလင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ပျူစောထီး ၃ ဦးကို ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်းပြောက်ကျားတပ်ဖွဲ့ Foundie က ထုတ်ပြန်ပါတယ်။ ဝက်လက်မြို့ပေါ်ကို ပျူစောထီး အစည်းအဝေးသွားတက်တဲ့ ဝက်လက်မြို့နယ်၊ ယင်းမကန်ရွာက မြင့်တိုး၊ စိုးရာဇာအောင်နဲ့ နော်ဇာအောင်တို့ ၃ ဦးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့မှာ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၃ ဦး ထပ်မံသေဆုံး

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီကနေ့ မတ်လ ၃ ရက်နေ့ တစ်ရက်ထဲ ကိုဗစ်အတည်ပြုလူနာ ၃ ဦး ထပ်မံသေဆုံးခဲ့ပြီး စတုတ္ထုလှိုင်းအတွင်းမှာ သေဆုံးသူ ၁၄ ဦးထိရှိလာပြီလို့ ဒေသတွင်း လူမှုရေးအဖွဲ့တွေဆီက သိရပါတယ်။ “အခုဆုံးပါးသူ အများစုကတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဆီယံအထူးသံရဲ့ ၃ ရက်ကြာ မြန်မာခရီးစဉ် မတ် ၂၀ စတင်မယ်

အာဆီယံအထူးသံတမန်ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို မတ်လ၂၀ရက်နေ့မှာ စတင်မယ်လို့ BBC က ဖော်ပြပါတယ်။ လက်ရှိအာဆီယံ အထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ သူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နိုင်ရေးကို ဆက်လက်အားထုတ်မယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ် ဖမ်းသွားတဲ့ ဒီပဲယင်းရွာသားတစ်ဦးရဲ့အလောင်းကို လမ်းဘေးမှာ ပြန်တွေ့

အကြမ်းဖက်စစ်တပ် ဖမ်းဆီးသွားတဲ့ ဒီပဲယင်းမြို့နယ်၊ မဲသယ်ရွာက ပြည်သူတစ်ဦးရဲ့ အလောင်းကို လမ်းဘေးမှာ ပြန်တွေ့ရတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မဲသယ်ရွာသားတစ်ဦးကို ယမန်နေ့က ဖမ်းဆီးသွားပြီးနောက် ဒီနေ့မနက်ပိုင်းမှာ ဒီပဲယင်းမြို့အနောက်ဘက်ရှိ စိန်ပန်းပင်တံတားအနီးမှာ တွေ့ရှိရတယ်လို့ ဒီပဲယင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရေးပေါ် အခြေအနေကြောင့် မုံရွာ-အမြင့်လမ်း ယာယီပိတ်

အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ရေးအရှိန်မြင့်တက်နေပြီး အရေးပေါ်အခြေအနေကြောင့် မုံရွာ-အမြင့်လမ်း ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ်ထားမယ်လို့ ညီနောင် မဟာမိတ် (၁၀) ဖွဲ့က ကြေညာလိုက်ပါတယ်။ ဒီကနေ့ မတ်လ ၃ ရက်နေ့က စတင်ပြီး ပြည်သူတွေအနေနဲ့ မုံရွာ-အမြင့်လမ်းကို လုံးဝဖြတ်သန်းသွားလာတာတွေ မလုပ်ဆောင်ဘဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်လွှတ်တော်ဝင်စီးမှု ထရမ့်နဲ့ အပေါင်းအပါတွေရဲ့ ကြိုတင်ကြံစည်မှုအဖြစ် စစ်ဆေးတွေ့ရှိ

အမေရိကန် လွှတ်တော်အဆောက်အအုံကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဝင်စီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကွန်ဂရက်ရဲ့ စုံစမ်းရေးကော်မတီက ကြားနာစစ်ဆေးရာမှာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ သမ္မတဟောင်း ထရမ့်နဲ့ အပေါင်းအပါတွေရဲ့ ရာဇဝတ်မှုမြောက်တဲ့ ကြိုတင်ကြံစည်လုပ်ဆောင်မှုတွေ ပါဝင်နိုင်တယ်လို့ မတ်လ ၂ ရက်နေ့က [ဆက်လက်ဖတ်ရှုရန်]