နိုင်ငံရေး

မင်္ဂလာဒုံလေတပ်စခန်းအတွင်းပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ မင်္ဂလာဒုံလေတပ်စခန်းအတွင်း ဒီနေ့ည ကိုးနရီဝန်းကျင်မှာပေါက်ကွဲမူတွေဆက်တိုက်ဖြစ်ခဲ့တယ်လို့ အဲဒီအနီးဝန်းကျင်မှာနေထိုင်သူတွေဆီကသိရပါတယ်။   ပေါက်ကွဲမူနဲ့အတူ လေတပ်စခန်းအတွင်းဘက်ကနေ မီးပွားတွေထွက်တာပါတွေ့မြင်ရပြီး အသံကလည်း ကျယ်လောင်တယ်လို့ဆိုပါတယ်။   “သေချာတယ် လေတပ်စခန်းထဲကပဲဖြစ်တာ၊သုံးချက်လောက်ဆက်တိုက်ကြားရတယ်၊အတော်ပြင်းတာ၊ ဒီနားကနေတဲ့သူတွေဆိုမီးပွားတွေလွင့်လာတာပါတွေ့ရတယ်ပြောတယ်”လို့ မင်္ဂလာဒုံမြို့နယ်မှာနေထိုင်သူ တဦးကပြောပါတယ်။   အဲဒီလေတပ်စခန်းအနီးရပ်ကွက်မှာနေထိုင်သူနောက်ထပ်တစ်ဦးကလည်း ပေါက်ကွဲမှုဖြစ်ပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေပြည်သာမှာ ဖုန်းလုယက်သူနှစ်ဦး ကားနဲ့တိုက်ဖမ်းခံရ

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မှာ ဒီဇင်ဘာ (၁၆)ရက် ဒီကနေ့ မနက်ပိုင်းက လမ်းသွား၊ လမ်းလာ တဦးရဲ့ ဖုန်းလု ပြီးဆိုင်ကယ်နဲ့ထွက်ပြေးသူနှစ်ဦးကို တက္ကစီယာဥ်မောင်းတဦးက ကားနဲ့တိုက်ဖမ်းဆီးလိုက်နိုင် တယ်လို့ မျက်မြင် ကြုံတွေ့သူတွေဆီကသိရပါတယ်။ ရွှေပြည်သာကွေ့နားကလမ်းပေါ်မှာ ဒီကနေ့မနက် (၇)နာရီဝန်းကျင်က ဖုန်းလုယက်မှုဖြစ်ခဲ့တာဖြစ်ပြီး  ဖြစ်စဉ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမြို့မှာ စစ်ကောင်စီက ပစ်ခတ်လို့ လူငယ်တဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ စစ်တပ်စစ်ဆေးရေးဂိတ်က ဆိုင်ကယ်ရပ်ဖို့ တားတာကို မရပ်မိတဲ့လူငယ်တဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက်က စစ်တပ်စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီး ဆိုင်ကယ်ဆီဖြည့်ဖို့သွားတဲ့ ချင်းတိုင်းရင်းသားလူငယ်တဦး ဒီဇင်ဘာ(၁၅)ရက် ညနေပိုင်းမှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့ကဆီမီးသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာ (၁၆) ရက်ညပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆီးမီးသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ သပိတ်အခမ်းအနားတက်ရောက်လာသူတွေက နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက် ဆီမီးထွန်း ပြီး အလေးပြုဆုတောင်းခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို ပျက်ရက်မရှိဆန့်ကျင်သပိတ်မှောက်လာတာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်က ကန့်ဘလူနဲ့ တန့်ဆည်ကကျေးရွာတွေအပြင် တရုတ်ပိုင်ဝါဂွမ်းစက်ရုံကိုပါမီးရှို့

စစ်ကောင်စီလက်အောက်ခံ ခမရ – ၃၆၈ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ် တွေက‌ ကျေးရွာခြောက်ရွာအပြင် တရုတ်ပိုင် ဝါဂွမ်းစက်ရုံကိုပါ နှစ်ရက်အတွင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။ ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ လမ်းဘေးကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြဝတီမြို့ကို ဓာတ်အားပေးနေတဲ့ ပင်မထရန်စဖော်မာ ပျက်စီးလို့ ကာလရှည်မီးပြတ်မယ့် အလားအလာရှိနေပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကို ဓာတ်အားပေးနေတဲ့ သင်္ဃန်းညီနောင် ဓာတ်အားခွဲရုံက ပင်မထရန်စဖော်မာအကြီး သုံးလုံး ဒီနေ့ မနက်မှာ ပေါက်ကွဲပျက်စီးခဲ့လို့ မြဝတီတမြို့လုံး မီးပျက်နေတယ်လို့ မြဝတီဒေသခံ တဦး ဆီကသိရပါတယ်။ အဲ့ဒီဓာတ်အားခွဲရုံကို ဒီဇင်ဘာ(၁၅)ရက် ညသန်းခေါင်ကျော် ဒီကနေ့ မနက်အစောပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေကို လာမယ့်နှစ်မှာပိတ်နိုင်ဖို့ စစ်ကောင်စီ စီစဉ်နေ

 မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် မြို့နယ်တွေက စစ်ရှောင်စခန်းတွေ အပါအဝင်ကချင်ပြည်နယ် ထဲက စစ် ရှောင်စခန်းတွေကို လာမယ့် ၂၀၂၃မှာ ပိတ်သိမ်းဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိ သူတချို့က DNA ကိုပြောပါတယ်။ စစ်ရှောင်စခန်းတွေပိတ်သိမ်းဖို့အတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သင်္ဃန်းကျွန်းပို့စ် သတင်းဌာနတည်ထောင်သူ မထက်ထက်အောင်နဲ့ ကိုဝေလင်းယု ထောင်ငါးနှစ်စီချမှတ်ခံရ

စစ်ကောင်စီက တနှစ်ကျော်ကြာ ဖမ်းဆီးထားတဲ့ သင်္ဃန်းကျွန်းပို့စ် သတင်းဌာနတည်ထောင်သူ မထက်ထက်အောင်နဲ့ ကိုဝေလင်းတို့ကို ဒီကနေ့ ဒီဇင်ဘာ (၁၆) ရက်မှာ ထောင်ဒဏ် ငါးနှစ်စီချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။  “ချုပ်ရက်တွေ ခံစားခွင့်ရှိတယ်၊ လျော့ရက်တွေလည်း ရှိတယ်ဆိုတော့ နှစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ စစ်ကားနှစ်စီး ပခုံးထမ်းလောင်ချာနဲ့ပစ်ခံရ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်တပ်ကားနှစ်စီးကို ပခုံးထမ်း လောင်ချာ(RPG)၊ စနိုက်ဘာအပါအဝင် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိသလို ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးလည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ Dynamite Emperror ဆီကသိရပါတယ်။  ခင်ဦး မြို့နယ်အနီး ကားလမ်းပိုင်းတခုပေါ်မောင်းနှင်လာတဲ့ (၁၂)ဘီးကားတစီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်က နှစ်ခါပြန်ဖမ်းဆီးထားတဲ့ အလွတ်တန်းသတင်းထောက်ကိုစိုးရာဇာထွန်း ထောင်လေးနှစ်ချခံရ

စစ်ကောင်စီကနှစ်ကြိမ်တိုင်တိုင်ဖမ်းဆီးထားတဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်း ကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ စွပ်စွဲပြီး ထောင် ၄ နှစ်ထပ်မံချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။ ကိုစိုးရာဇာထွန်းဟာဆိုရင် ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းဆန္ဒပြပွဲတွေကိုသတင်းယူရင်းဖမ်းမတ်လထဲမှာ ဖမ်းဆီးခံလိုက်ရပြီး၄လအကြာမှာစစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့ပြီးနောက်တကြိမ်ပြန်လည်ဖမ်းဆီးတာခံလိုက်ရတာဖြစ်ပါတယ်။ “ခုက ၅၂ က ​အကြမ်းဖက်ပုဒ်မနဲ့အင်းစိန်ထောင်တွင်းတရားရုံးကအမိန့်ချလိုက်တာ။ ကျန်းမာရေးက ကောင်းပါတယ်၊သူအလွတ်တန်းသတင်းထောက်တယောက်အနေနဲ့လုပ်သင့်လုပ်ထိုက်တာကိုလုပ်နေရင်းဖမ်းဆီးခံရတာပါ’’ လို့ ကိုစိုးရာဇာထွန်းရဲ့မိသားစုဝင်တဦးက [ဆက်လက်ဖတ်ရှုရန်]