ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာတောင်ပိုင်းကို စစ်တပ်စစ်ကြောင်းထိုးချိန် နေအိမ်သုံးဆယ်ထက်မနည်းမီးရှို့ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေလည်း သိမ်းယူ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ​တောင်ဘက်ခြမ်းကရွာသုံးရွာကို စစ်​ကောင်စီတပ်တွေ အခုလဆန်းပိုင်းက စစ်ကြောင်းထိုးချိန်မှာ နေအိမ်သုံးဆယ်ထက်မနည်း မီးရှို့ခဲ့တဲ့အပြင် ဒေသခံပြည်သူတွေရဲ့ ပိုင်ဆိုင်မှု တွေကိုလည်း ဖျက်ဆီးတာ၊ လုယက်ယူဆောင်တာတွေ လုပ်ခဲ့လို့ အိမ်ထောင်စုသုံးဆယ်ကျော် အကူအညီလိုအပ်နေတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။ “နေအိမ်​တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟာသသရုပ်ဆောင် ဆင်မ ပြန်လွှတ်ပေးမယ်လို့ သတင်းထုတ်ထားပြီး အနုပညာရှင်တချို့ကို စစ်ကောင်စီအမှုပိတ်

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လကတည်းက စစ်တပ်ကနေအိမ်မှာ ဖမ်းဆီးသွားတဲ့ဟာသသရုပ်ဆောင် ဆင်မကို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးမယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီဘက်က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်စာတခုထုတ်ထားတာတွေ့ရပါတယ်။ လက်ရှိမှာဟာသသရုပ်ဆောင်ဆင်မပြန်လည်လွတ်မြောက်လာတဲ့သတင်းကိုလည်းမိသားစုနဲ့နီးစပ်သူတွေကပြောဆိုနေကြပြီး DNA ကလည်းမိသားစုတွေဆီဆက်သွယ်အတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။ ဟာသရုပ်ဆောင်ဆင်မကိုတော့ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်ရှေ့ ဓါတ်ပုံရိုက်သူတွေကို စစ်ဆေးပြီးဖမ်းဆီးခံရသူတွေရှိ

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်သတင်းကြောင့်စောင့်ဆိုင်းနေသူတွေရှိပြီး အဲဒီအထဲက ဓါတ်ပုံရိုက်သူတချို့ကို ဖမ်းဆီးသွားတယ်လို့ထောင်ရှေ့ရောက်နေသူတဦးက DNA ကိုဆက်သွယ်ပြောပြပါတယ်။ ‘’ထောင်ထဲကနေ စစ်သား၃ယောက်နဲ့ရဲ၃ယောက်ထွက်လာပြီး စစ်တာ သုံးယောက်ကိုစစ်ပြီးတယောက်ကိုထောင်ထဲခေါ်သွားတယ်။ကျန်တဲ့လူတွေကတော့ပြေးပြီ’’ လို့ထောင်ရှေ့ရောက်နေသူက ပြောပါတယ်။ ဒီကနေ့မှာ အကျဉ်းသား ၆၀၀၀ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး ပြန်လွတ်မြောက်လာတယ်လို့သတင်းထွက်ပေါ်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးဟာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်မြောက်လာပြီလို့သူနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေဆီကသိရပါတယ်။ ကိုမြအေးဟာဆိုရင် စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကတည်းက အကြောင်းပြချက်မဲ့ ဖမ်းဆီးခံလိုက်ရသူတွေထဲကတဦးဖြစ်ပြီးအကျဉ်းထောင်ထဲမှာ ကျန်းမာရေးအခြေအနေဆိုးရွားမှုကိုရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။ ဖမ်းဆီးသွားပြီးတဲ့နောက်မှာလည်း စစ်ကောင်စီက သူရဲ့လက်ကိုင်ဖုန်းထဲမှာရှိနေတဲ့ လွန်ခဲ့တဲ့ ၇ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိုမန် ကမ်းလွန် ပင်လယ်ပြင်မှာ အစ္စရေးပိုင် ရေနံတင် သင်္ဘောကြီးတစ်စီး ဒရုန်းနဲ့ တိုက်ခိုက်ခံရ 

အိုမန်နိုင်ငံ ကမ်းလွန် ပင်လယ်ပြင်မှာ အစ္စရေးပိုင် ရေနံတင် သင်္ဘောကြီး တစ်စီးကို ဖောက်ခွဲရေး ဒရုန်းနဲ့ တိုက်ခိုက်တာ ခံခဲ့ရကြောင်း သိရပါတယ်။  အခုသီတင်းပတ် အစောပိုင်းက အစ္စရေး ဘီလီယံနာ သူဌေးကြီး အီဒန် အိုဖာပိုင် ကုမ္ပဏီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပိုလန်မှာ ကျရောက် ပေါက်ကွဲခဲ့တာ ယူကရိန်း ဒုံးကျည်လို့ ပိုလန်နဲ့ NATO အကြီးအကဲတွေပြော 

နိုင်ငံ ပိုင်နက်ထဲ ကျရောက် ပေါက်ကွဲခဲ့တာဟာ ယူကရိန်းက ပစ်ခတ်ခဲ့တဲ့ လေကြောင်း ကာကွယ်ရေး ဒုံးကျည်တစ်စင်း ဖြစ်နိုင်ကြောင်း ပိုလန် သမ္မတက ပြောကြားခဲ့ပါတယ်။  နိုဝင်ဘာ ၁၅ ရက်က ယူကရိန်းနဲ့ နယ်စပ်နားက ပိုလန် ရွာငယ်တစ်ခုကို [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

လောင်းကစားမှု စည်းမျဉ်းတွေကို အကြိမ်နှစ်ရာကျော် ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံနေရတဲ့ တိုနေး

ဘရန့်ဖို့ဒ် အသင်းရဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ လောင်းကစားမှုဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေကို အကြိမ်ပေါင်း ၂၀၀ ကျော် ချိုးဖောက်ခဲ့ကြောင်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)ရဲ့ စွပ်စွဲမှုကို ရင်ဆိုင်နေရပါတယ်။  လက်ရှိ ဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဖလားအတွက် ပရိသတ် အတုတွေ ငွေပေးပြီး ခေါ်ထားတယ် ဆိုတာကို ကာတာငြင်းဆို

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ပရိသတ် အတုတွေကို အခကြေးငွေပေးပြီး ခေါ်ယူ အသုံးပြုနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကာတာနိုင်ငံရဲ့ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေက ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်။  အိန္ဒိယ နိုင်ငံသား တချို့က ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ အင်္ဂလန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နိုင်ငံခြားသားလေးဦးအပါအဝင် အကျဉ်းသားခြောက်ထောင်နီးပါးကို စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေး

သြစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦးတို့အပါအဝင် အကျဉ်းသား ၆၀၀၀ ကျော်ကိုဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်နေပါတယ်။ လွတ်မြောက်လာသူတွေထဲမှာ NLD အစိုးရလက်ထက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ လက်နက်ကြီးထိလို့ တရက်တည်း ဒေသခံ ဆယ့်သုံးဦးထက် မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

ရခိုင်ပြည်နယ်က မြို့နယ်နှစ်ခုမှာ လက်နက်ကြီး ရွာထဲကျပေါက်ကွဲလို့ ဒီကနေ့ နိုဝင်ဘာ (၁၆) ရက်တရက်တည်းမှာပဲ ဒေသခံ ဆယ့်သုံးဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (AA) အဖွဲ့တို့ [ဆက်လက်ဖတ်ရှုရန်]