နိုင်ငံတကာရေးရာ

ယူကရိန်းစစ်ပွဲအချက်အလက်တွေ ဖယ်ရှားခိုင်းတဲ့ ရုရှားအမိန့်ကို Wikipedia ပြန်လည်ချေပ

Wikipedia ကို ပိုင်ဆိုင်တဲ့ ဝီကီမီဒီယာဖောင်ဒေးရှင်းက ယူကရိန်းကျူးကျော်စစ်ပွဲအချက်အလက်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တဲ့ မော်စကိုတရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ခဲ့ပြီး စစ်ပွဲရဲ့အဖြစ်မှန်ကို ပြည်သူတွေသိခွင့်ရှိတယ်လို့ ခုခံပြောဆိုခဲ့ပါတယ်။ စစ်ပွဲအကြောင်း ရုရှားဘာသာနဲ့ရေးသားထားတဲ့ Wikipedia ဆောင်းပါးတွေမှာ မဟုတ်မမှန်သတင်းတွေ ဖယ်ရှားပေးဖို့ ငြင်းဆိုခဲ့တယ်လို့ဆိုပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ အနောက်တောင်ပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ အနောက်တောင်ဘက်၊ဇီးချောင်းရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ အကြမ်းဖက်စစ်တပ်က ဒီကနေ့မနက်ပိုင်းကနေစပြီး ရွာတွေကို စစ်ကြောင်းထိုးလာခဲ့တာပါ။ လက်ရှိမှာရွာတွေကို မီးရှို့တာတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာစစ်တပ် ပြစ်မှုကျူးလွန်နေတာဟာ ပြစ်ဒဏ်မခံရခြင်းနဲ့ သက်ဆိုင်ကြောင်း ကုလသံအမတ်ကြီးပြေ

မြန်မာစစ်တပ်က အတိတ်နဲ့လက်ရှိ ကျူးလွန်နေတဲ့ပြစ်မှုတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ရရှိလာတဲ့ ပြစ်ဒဏ်မခံရခြင်းနဲ့ များစွာသက်ဆိုင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၃ ရက်နေ့၊ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကျင်းပတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖလမ်းမြို့ အ.ထ.က ၂ ကျောင်းအနီး ဗုံးပေါက်ကွဲ

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ကျင်မွှာလ်ရပ်ကွက်မှာရှိတဲ့ အ.ထ.က ၂ ကျောင်းအနီးမှာ ဇွန် ၁၃ ရက် ည ၁၀ နာရီ လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသံဗုံးပေါက်ကွဲတာ ဖြစ်ပေမယ့် အကြမ်းဖက်စစ်သားတွေကတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CDM ကျောင်းသားသုံးသောင်းကို စိစစ်ရွေးချယ်ကျောင်းအပ်လက်ခံကြောင်း K4Uထုတ်ပြန်

CDM ကျောင်းသားသုံးသောင်းကို စိစစ်ရွေးချယ်ကာ ကျောင်းအပ်လက်ခံလိုက်ပြီဖြစ်ကြောင်း NUGပညာရေးဝန်ကြီးဌာန လက်အောက်ခံ Kaung For You Federal Private School ကဒီကနေ့ထုတ်ပြန်ပါတယ်။ ကျောင်းသားစိစစ်ရွေးချယ်ရာမှာ CDM ကျောင်းသားဖြစ်ရမယ်ဆိုတဲ့အချက်ကိုသာ အခြေခံထည့်သွင်းစဉ်း စားခြင်းဖြစ်ပြီး တခြားဘယ်သူနဲ့ ဘယ်လိုတော်စပ်သလဲဆိုတဲ့အချက်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂွါတီမာလာမှာ မိုးများပြီး ရေကြီးမြေပြိုမှုကြောင့် လူ ၁၅ ဦးသေဆုံး

ဂွါတီမာလာနိုင်ငံမှာ မေလအစောပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ဒါဇင်နဲ့ချီတဲ့ မြေပြိုမှုတွေ ကြောင့် အနည်းဆုံးလူ ၁၅ဦး သေဆုံးပြီး လူပေါင်း ၅သိန်းကျော် ထိခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန်လ ၁၃ရက်နေ့မှာ ပြောပါတယ်။ သေဆုံးသူ ၁၅ဦးမှာ အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ကလေးခြောက်ဦးအပြင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘာသာရေးဆိုင်ရာအငြင်းပွားမှုပြီးနောက် အိန္ဒိယအာဏာပိုင်တွေက ဆန္ဒပြသူတွေရဲ့ အိမ်ကို ဖြိုချ

အိန္ဒိယနိုင်ငံ ဥတရာပရာဒတ်ရှ်ပြည်နယ် အာဏာပိုင်တွေက ပြီးခဲ့တဲ့သီတင်းပတ်က ဘာသာရေးဆိုင်ရာ ပဋိပက္ခမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူတွေရဲ့ နေအိမ်တွေကို ဖြိုချခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန်လ ၁၂ရက်က ပြောပါတယ်။ လူထုအုံကြွမှုတွေဟာ အစ္စလာမ်သာသနာရဲ့တမန်တော်မိုဟာမက်နဲ့ပတ်သက်ပြီး အာဏာရပါတီရဲ့ ပုဂ္ဂိုလ်တွေက ရှုတ်ချတဲ့မှတ်ချက်စကားတွေကြောင့် ဖြစ်ပေါ်လာရတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးလာတာကြောင့် ကန်ပက်လက်ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အမှတ်၅တိုက်နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတာ ကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ကန်ပက်လက်မြို့၊ အမှတ်(၅) တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ရုတ်တရက်နောက်ကြောင်းပြန်ဆုတ်လာတဲ့အတွက် အဲဒီလမ်းကြောင်းပေါ်က ပြည်သူတွေကို ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဘေးကင်းရာနေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီမြစ်အတွင်း ဆီသင်္ဘော လုံခြုံ‌ရေးလိုက်ပါလာတဲ့ သင်္ဘောကို အီနာဂါဗုံးနဲ့ တိုက်ခိုက်

ဧရာဝတီမြစ်ကြောင်းအတွင်း ဆီ သင်္ဘော လုံခြုံ‌ရေးလိုက်ပါလာတဲ့ သင်္ဘော ကို ဒရုန်းနဲ့ အီနာဂါဗုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်သားတွေထိုင်နေတဲ့ အလယ်တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရပါတယ်။ ဇွန်လ၁၃ရက်နေ့ ညနေ၄နာရီလောက်က ၆၀မမ လက်နက်ကြီးတပ်ဆင်ကာ ဆီ သင်္ဘော လုံခြုံရေးလိုက် ပါလာ တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီနေ့မနက်၅နာရီလောက်မှာ ချောင်းဦးကရွာနှစ်ရွာကို စစ်တပ်မီးရှို့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကရွာနှစ်ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်းသိရပါတယ်။ ဒီနေ့မနက်၅နာရီလောက်မှာ ချောင်းဦးမြို့နယ်၊တောကျောင်းလေးရွာနဲ့ ထန်းတောရွာက နေအိမ်အများအ ပြားကို မီးရှို့နေကြောင်း Chaung U Revolution ကထုတ်ပြန်ပါတယ်။ ‘တောကျောင်းလေးရွာထဲကို မနေ့ကတည်းက စစ်တပ်က ဝင်မွှေလုယက်ထားပြီးပြီ။မနေ့ကတည်းက ရွာထဲပိတ်မိနေတဲ့ ရွာသားတွေကို [ဆက်လက်ဖတ်ရှုရန်]