ဒေသအလိုက် သတင်းကဏ္ဍ

ဗိုလ်နဂါးပုံ ပန်းချီကား သိန်းခြောက်ဆယ်ကျော်လေလံအောင်ပြီး တော်လှန်ရေးအတွက်လှူတန်း

ဇွန်လ ၁၉ ရက် ၊ မနေ့က ကျင်းပခဲ့တဲ့ နိုင်ငံတကာရောက်မြန်မာအလှူရှင်အဖွဲ့က စစ်ကိုင်းတိုင်း အတွက် သီးသန့်ရန်ပုံငွေရှာတဲ့ပွဲမှာ String Art လို့ခေါ်တဲ့ ချည်မျှင်တွေနဲ့ ယက်လုပ်ပြီး ပုံဖေါ်ထားတဲ့ ဗိုလ်နဂါးရဲ့ ပုံတူကို အမေရိကန်ရောက် မြန်မာတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်

စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။ ဇွန် ၁၉ ရက်နေ့၊ ရေရှုခရစ်တော် လူဝင်စားခြင်းနေ့ ဆုတောင်းပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင် ဝတ်ပြုဆုတောင်းသူတွေကို အဲဒီလိုပြောဆိုခဲ့ကြောင်း VOA ကဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြမ်းကြုတ်ရက်စက်မှုတွေကို နေ့စဉ်ကြုံနေတဲ့ မြန်မာမှာအကူအညီအရေးတကြီးလိုနေလို့ ကင်မ်အဲရစ်ပြော

ပြည်တွင်းစစ်နဲ့ မရေတွက်နိုင်အောင်များပြားလှတဲ့ကြမ်းကြုတ်ရက်စက်မှုတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ မြန် မာနိုင်ငံမှာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်က ပြောကြားလိုက်ပါတယ်။ သူ့ရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်ပြည့်မွေးနေ့အတွက် ကင်မ်အဲရစ် ရဲ့ မွေးနေ့ဆုတောင်းဗီဒီယို မှာ အဲဒီလိုပြောကြားခဲ့ခြင်းဖြစ်ပြီးအဲဒီမွေးနေ့ဆုတောင်းဗီဒီယိုဖိုင်ကို နော်ဝေနိုင်ငံက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သံတောင်စာတိုက်အနီး စစ်ဆေးရေးလုပ်နေတဲ့ တပ်ကြပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံ

ကရင်ပြည်နယ်၊ သံတောင်မြို့ စာတိုက်ရုံးအနီး စစ်ဆေးရေးလုပ်နေတဲ့ တပ်ကြပ်ကြီးတစ်ဦးကို စနိုက်ပါသမားက ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သံတောင် PDF က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်၉နာရီ မိနစ်၄၀လောက်မှာ သံတောင်မြို့စာတိုက်လမ်းခွ၊လေပြေဆိုင်အနီး စစ်ဆေးနေတဲ့ အကြမ်းဖက်စစ်သားတွေအနက် တစ်ဦးကို သံတောင်PDF စနိုက်ပါသမားက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပိုများလာနေ

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “လိုင်မီးဆိုင်တွေက သူတို့အတွက် ဂျက်ကာဖြစ်နေတာ။ ကျနော်လိုင်မီး ဆိုင်တွေမှာသောက်လာတာ နှစ်နှစ်ဆယ်ကျော်ပါပြီ။ ခုလိုချိန်လောက်ဆေးသမားတွေပေါတာမတွေ့ဖူးပါဘူး။” လို့ အသက် ၄၅ နှစ်အရွယ် မြို့ခံတစ်ဦးက ပြောပါတယ်။ မူးယစ်ဆေးသုံးစွဲသူအများစုဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သန်လျင်နဲ့ကျောက်တန်းက စစ်အုပ်စုပစ်မှတ် ၃ နေရာကို တိုက်ခိုက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်နဲ့ ကျောက်တန်းမြို့နယ်ရှိ စစ်အုပ်စုပစ်မှတ် ၃ နေရာကို တိုက်ခိုက်ခဲ့ကြောင်း သန်လျင်မြေအောက်ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဇွန် ၁၉ ရက်နေ့ည ၉ နာရီကျော်မှာ သန်လျင်မြို့နယ် TTU ဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်ကင်းစခန်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ချန်ထားခဲ့တဲ့ ဗုံးသီးပေါက်ကွဲလို့ ၇ နှစ်အရွယ် ကလေး ၂ ဦးသေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးစဉ် ချန်ထားခဲ့တဲ့ ၄၀(မမ) ဗုံးသီး ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေး ၂ ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီလောက်မှာ ကန်ရွာအနောက်ဘက်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရက်နောက်ကျပြီးမှ တရားရုံးထဲမှာ မွေးနေ့ပွဲကျင်းပခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဇွန်လ ၂၀ ရက်နေ့မနက်ပိုင်းက အမှုရင်ဆိုင်ရာ ဇဗ္ဗူသီရိမြို့နယ် ၊ နေပြည်တော်ကောင်စီဝင်းထဲက အထူးတရားရုံးထဲမှာပဲ သူမရဲ့ ၇၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ကိတ်ကို ခွဲပြီး မွေးနေ့ပွဲကျင်းပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။ မနက်ကိုး နာရီမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နိုင်ဂျီးရီးယား ဘုရားကျောင်းနှစ်ခု တိုက်ခိုက်ခံရပြီး ဝတ်ပြုသူ ၃ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကျေးလက်ဒေသရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ခုကို သေနတ်သမားတွေက ဇွန်လ ၁၉ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။ ဝတ်ပြုသူတွေဟာ တစ်နေရာတည်းမှာရှိတဲ့  Maranatha Baptist နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်မီးရှို့ခဲ့တဲ့ ကလေးတောင်ပိုင်းက ရွာတွေမှာ မီးလောင်ပြင်အပူဒဏ်ကြောင့် ဒေသခံတွေ ပြန်နေဖို့ အခက်ကြုံ

အကြမ်းဖက်စစ်တပ်မီးရှို့ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ၊ အရှေ့စည်းရွာနဲ့ ရှားဖိုရွာမှာ မီးလောင်ပြင်အပူရှိန်ကြောင့် ရွာမှာပြန်အခြေချဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။ ” ပူတာပ။ အဲမြေပေါ်သွားရပ်နေရင် ချွေးပြိုက်ပြိုက်ကျလာရော။ မိုးတော်တော်ရွာတာကို မရဘူး ပူတုန်းပဲ။ ဒီမိုးရာသီပြီးမှနေလို့ဖြစ်မလာားမသိဘူး” [ဆက်လက်ဖတ်ရှုရန်]