ဒေသအလိုက် သတင်းကဏ္ဍ

စစ်သား၂ ဦး သေနတ် ၃ လက်နဲ့အတူ အလင်းဝင်၊ လက်နက်ပြန်ရရေး ပြည်သူကို ဖမ်းဆီးနှိပ်စက် ဓားစာခံလုပ်

စစ်သား၂ ဦး သေနတ် ၃ လက်နဲ့အတူ CDF-Matupi ထံ အလင်းဝင်လာပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ လက်နက်ပြန်လည်ရရှိရေးအတွက် ပြည်သူတွေကို ဓားစားခံလုပ် ဖမ်းဆီးနှိပ်စက်နေကြောင်း သိရပါတယ်။ ဧပြီ ၂၁ ရက်နေ့က မတူပီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ဗျူဟာစခန်းက တပ်သားချစ်ကိုကိုနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်မှာ ရာသီဥတုဆိုးရွားမှုကြောင့် လူ၂၀ကျော်သေဆုံးပြီး အိမ်ရာချီပျက်စီး

အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုကြောင့် လူ ၂၂ဦးသေဆုံးခဲ့ပြီး အိမ်ရာချီ ပျက်စီးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနတာဝန်ရှိသူတဦးက ဒီကနေ့ မေလ ၅ရက်နေ့က ပြောပါတယ်. အာဖဂန်ပြည်နယ်တွေရဲ့ သုံးပုံတပုံကျော်မှာ ရေဘေးပြဿနာရဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ကောက်ပဲသီးနှံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ပြည်နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုယာဉ်တန်းကို CDF-Mindat ကြားဖြတ်တိုက်ခိုက်

ချင်းပြည်နယ် မတူပီကနေ မင်းတပ်မြို့ဘက်ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကား ၇၃စီးပါ ယာဉ်တန်းကို CDF-Mindatက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၅ဦးထက်မနည်းသေဆုံးပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်တယ်လို့ CDF-Mindatက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၄ရက်နေ့ ၃နာရီခွဲလောက်က စတင်ကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်မြို့နယ် ပရိမ္မကျေးရွာမှာရှိတဲ့ PDFစခန်းတစ်ခု စီးနင်းခံရ

မြောင်မြို့နယ် ပရိမ္မကျေးရွာရှိ အထက်တန်းကျောင်းဝင်းအတွင်းမှာ စခန်းချထားတဲ့ မြောင်ဒေသခံပြည်သူ့ကာကွယ်ရေး တပ်စခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံခဲ့ရတယ်လို့ The 74 Media မှာ ဖော်ပြထားပါတယ်။ ဒီကနေ့ မေလ ၄ရက်နေ့ မနက် ၅နာရီလောက်မှာ ဝင်ရောက်စီးနင်းခံခဲ့ရတာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ ရက်စက်တဲ့ရာဇဝတ်မှုတွေကို ရုရှားရင်းနှီးမြှုပ်နှံတွေက ထပ်မံအားပေးကူညီလိမ့်မယ်

ရုရှားရင်းနှီးမြှုပ်နှံမှုတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ထပ်မံ အားပေးကူညီ လိမ့်မယ်လို့ Justice For Myanmar ကပြောပါတယ်။ ရုရှားထရပ်ကားကုမ္ပဏီကြီး Kamaz ရဲ့ ခေါင်းဆောင်ဖြစ်သူဟာ မြန်မာနိုင်ငံမှာ ထရပ်ကား ထုတ်လုပ်ရေးအတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပြည်သာ ၉ရပ်ကွက်ရုံး ပစ်ခတ်ဖောက်ခွဲခံရ

ဒီနေ့မနက်၅နာရီကျော်လောက်မှာ ရွှေပြည်သာမြို့နယ်၊၉ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်ဖောက်ခွဲခဲ့ တယ်လို့ သိရပါတယ်။ ပစ်ခတ်ဖောက်ခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မသိရှိသေးဘူးလို့ ရွှေပြည်သာမြို့နယ်ကာကွယ် ရေးတပ်ဖွဲ့ကဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။ ၉ရပ်ကွက်ရုံးတိုက်ခိုက်ခံရမှုဟာ ပြင်းထန်မှုမရှိကြောင်း ရွှေပြည်သာမြို့နယ်အတွင်းရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ‘မနက်က ဈေးထဲမှာကြားရတာကတော့ နှစ်မျိုးဖြစ်နေတယ်။တစ်မျိုးက ရပ်ကွက်ရုံးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာစခန်းတစ်ခုကိုဝင်စီးတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရပြီး ၁၁ဦးသေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကုန်းကျေးရွာအတွင်းရှိ စခန်းတစ်ခုကို ဝင်ရောက်စီးနင်းဖို့လာတဲ့ အကြမ်းဖက်စစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၁ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၇နာရီ၁၅မိနစ်လောက်မှာ အင်အားသုံးဝင်ရောက်စီးနင်းဖို့လာတဲ့ အကြမ်းဖက်တပ်ကို မိုင်းဆွဲ ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၅ဦးလည်းဒဏ်ရာရခဲ့တယ်လို့ မတ္တရာPDF ကထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ စခန်းအနီးရှိ ရွာသား၅ဦးကို ဖမ်းဆီးသွားပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘို သွေးသောက်လို့ ဆိုသူတစ်ဦးကို ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ သွေးသောက်အဖွဲ့ဝင်လို့ ဆိုသူတစ်ဦးကို ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ ရွှေဘိုမြို့နယ်၊ အမှတ် ၆ ရပ်ကွက်နေ ကမ္ဘာကြီး လို့ခေါ်တဲ့ သွေးသောက်အဖွဲ့ဝင်လို့ ဆိုသူကို ရွှေဘိုမြို့ ကားကြီးကွင်းအနီးမှာ ရွှေဘိုယမ်းဘီလူးအဖွဲ့နဲ့ မဟာမိတ် ShweBo [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီ

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟားခါး-ဖလမ်းကားလမ်းပေါ်မှာရှိတဲ့ ရမ်ထလိုကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ဒီကနေ့ မေလ ၄ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုက ရမ်ထလိုကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူအချို့ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ စစ်အုပ်စုအများအပြားသေဆုံး ၊ လက်နက်တွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသတွေမှာ မေလ ၂ရက်နေ့ကနေ မေလ ၃ရက်နေ့ ညပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်အုပ်စုက အများအပြားသေဆုံးကာ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ PDFကလေးက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မေလ ၂ရက်နေ့ မနက်ပိုင်းက စတင်ပြီး ကလေးမြို့နယ်တောင်ပိုင်း [ဆက်လက်ဖတ်ရှုရန်]