ဒေသအလိုက် သတင်းကဏ္ဍ

ချင်း၊စစ်ကိုင်းနဲ့မကွေးတိုင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်၊လူသားချင်းစာနာမှုအခြေအနေ ဆိုးရွားနေဆဲ

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဆက်လက်ပြင်းထန်နေဆဲတိုက်ပွဲတွေကြောင့် လူသားချင်းစာနာမှု အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဲ ဒီဒေသကပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေဟာ ဆက်လက်မြင့်တက်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့အထိရတဲ့ အချက်အလက်တွေအရ ၃၂၇,၄၀၀ ဦးရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ ရိက္ခာသယ်လာတဲ့ ရေယာဉ်၃စင်းကို PDFတွေ ဖမ်းဆီး

အကြမ်းဖက်စစ်အုပ်စုအတွက် ရိက္ခာသယ်ယူလာတဲ့ ရေယာဉ် ၃စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ နဂါးညီနောင်အဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၆ရက်နေ့မှာ ချင်းတွင်းမြစ်ကြောင်းအတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်မှာ စစ်အုပ်စုရဲ့ ရိက္ခာတင် ကုန်တင်ရေယာဉ်၃စင်းကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာ စစ်ကားတစ်စီး မိုင်းထိ၊အသေအပျောက်များနိုင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသေအပျောက်များ နိုင်တယ်လို့ သိရပါတယ်။ စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းကနေ မြင်းမူမြို့နယ်ထီးဆောင်းဘက်သွားတဲ့ အကြမ်းဖက်စစ်ကား၂စီးကို မြင်းမူမြို့နယ်၊ကန်းဖျားဇရပ်နဲ့ ထီးဆောင်းကြားမှာ ဒီနေ့မနက် ၉နာရီမိနစ်၄၀လောက်က တော်လှန်ရေးအင်အားစုတွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။ စစ်ကားတစ်စီးတည့်တည့် မိုင်းထိမှန်ခဲ့တဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PDF တစ်နှစ်ပြည့်အခမ်းအနား တောင်ပိုင်းစစ်ဒေသနယ်မြေမှာ ကျင်းပ

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)တည်ထောင်ကြောင်းကြေညာခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တောင်ပိုင်းစစ်ဒေသနယ်မြေ၊ ​ဒေါနစစ်​ကြောင်း မြို့မ စခန်းမှာ ကျင်းပခဲ့ပါတယ်။ မေလ၅ရက်နေ့ဟာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)တည်ထောင်ကြောင်းကြေညာခြင်: တစ်နှစ်ပြည့်ဖြစ်ပြီး အဲဒီအခမ်းအနားမှာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်အလံကို အ​လေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုက​ရေစီ​ရေးအတွက် အသက်​သွေး​ချွေးစွန့်လွှတ်သွားခဲ့သူအ​ပေါင်းကို အ​လေးပြုခြင်း ၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ရဲ့သစ္စာဓိဌာန် ( ၄ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့နယ် သကျက်တောနယ်မြေရဲစခန်း အတိုက်ခံရ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သကျက်တောနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မေလ ၅ရက်နေ့ ည၉နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွေးသစ္စာသီချင်းကို သီဆိုပြီး သကျက်တောနယ်မြေရဲစခန်းကို လက်နက်ကြီးတွေနဲ့ပါ ဝင်ရောက်ပစ်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြေးနီစီမံကိန်းလုံခြုံရေးယူဖို့ရောက်လာတဲ့စစ်တပ်ကြောင့် ရွာ၁၂ရွာကပြည်သူတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံခြုံရေးယူဖို့ အကြမ်းဖက်စစ်သား၁၀၀လောက် ရောက်ရှိလာတာကြောင့် အနီးဝန်းကျင်ရှိရွာ၁၂ရွာကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကြေးနီစီမံကိန်းလုံခြုံရေးအတွက် ဆားလင်းကြီးမြို့နယ်၊ဝါးတန်းရွာကို မနေ့က ရောက်ရှိလာပြီး အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စား သောက်ကာ ပြည်သူတွေရဲ့အိမ်တွေကို ဖောက်ထွင်းမွှေနှောက်ခိုးယူခြင်းတွေပြုလုပ်နေကြောင်း ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေပြင်းတိုက်ခိုက်မှုကြောင့် ကယားမှစစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်

မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကယားပြည်နယ် ဖယ်ခုံမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းမှ အမိုးအကာများ ပျက်စီးခဲ့သဖြင့် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့The 74 Media ကဖာ်ပြထားပါတယ်။ မိုးသည်းထန်းစွာရွာသွန်းခဲ့သဖြင့် မိုးကာများ ပျက်စီးခဲ့သလို မိုရာသီရောက်ရှိလာပြီ ဖြစ်တာကြောင့် စစ်ရှောင်စခန်းအတွင်း အမိုးအကာများနဲ့ ခြင်ထောင်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုလက်အောက်ခံ (MRTV) အက်ပလီကေးရှင်းကို App Store နဲ့ Google Play store တို့ကဖယ်ရှား

အကြမ်းဖက်မြန်မာစစ်အုပ်စုလက်အောက်ခံ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အက်ပလီကေးရှင်းကို Apple ကုမ္ပဏီ App Store နှင့် Alphabet ကုမ္ပဏီ Google Play Store တို့က ဖယ်ရှားလိုက်တယ်လို့ ဆိုပါတယ်။ အဆိုပါMRTV အပ်ပလီကေးရှင်းကို အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မီးရှို့ဖျက်ဆီးခံရတဲ့ မလဲသာရွာ ဆုံးရှုံးမှုတန်ဖိုး မတွက်ချက်နိုင်သေးလောက်အောင် များနေ

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အရာတော်တောင်နယ်၊ မလဲသာကျေးရွာရဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ မတွက်ချက်နိုင် သေးလောက်အောင်များနေတယ်လို့သိရပါတယ်။ မေလ(၂)ရက်နေ့က အရာတော်တောင်နယ်၊ မလဲသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တာကြောင့် အိမ်ခြေ၁၀၀၀နီးပါးရှိတဲ့ မလဲသာရွာမှာ အိမ်၇၀၀ကျော်လုံးဝပြာကျခဲ့ပြီး အိမ်၆၀လောက်သာ အကောင်းအတိုင်းကျန်ခဲ့တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ‘ဆုံးရှုံးမှုကအရမ်းများနေတော့ ပျက်စီးမှုတန်ဖိုးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KNUတပ်မဟာ၅နယ်မြေမှာ တစ်လတာအတွင်း အကြမ်းဖက်စစ်သား၁၇၀ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ၅နယ်မြေမှာ တစ်လတာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် တပ်ရင်းမှူးအပါအဝင် ၁၇၀ကျော်သေဆုံးခဲ့ကြောင်းသိရပါတယ်။ ကေအဲန်ယူ တပ်မဟာ၅နယ်မြေမှာ ဧပြီလအတွင်း KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)နဲ့ အကြမ်းဖက်စစ်တပ်နဲ့ခါးပိုက်ဆောင် နယ်ခြားစောင့်တပ်တို့ကြား ထိတွေ့တိုက်ပွဲ၃၈၃ကြိမ် ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်အုပ်စုဝင် ၁၇၃ဦး သေဆုံးကာ ၈၇ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ အကြမ်းဖက်စစ်တပ် သေဆုံးမှုစာရင်းထဲမှာ တပ်ရင်းမှူးတစ်ဦး၊ [ဆက်လက်ဖတ်ရှုရန်]