ဒေသအလိုက် သတင်းကဏ္ဍ

BGFတပ်သားတွေအတွက် တစ်အိမ်ကို ဘတ်၅၀၀ ဆက်ကြေးတောင်းနေ

ရှေ့တန်းထွက်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်သားတွေအတွက်ဆိုပြီး ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကျေးရွာမှာ အိမ်ထောင်စုတစ်စုကို ထိုင်းဘတ်ငွေ ၅၀၀ကျပ်ပေးဆောင်ဖို့အတွက် ဆက်ကြေးတောင်းခံနေတယ်လို့ KICသတင်းဌာနမှာ ဖော်ပြထားပါတယ်။ မေလ ၇ရက်နေ့မှာ ရွှေကုက္ကိုလ်ကျေးရွာအုပ်စုမှာရှိတဲ့ ကျေးရွာတာဝန်ရှိသူတွေကို BGFတပ်ဖွဲ့က အစည်းအဝေးခေါ်ယူပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မအူပင်မြို့မှာ ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ Non CDMကျန်းမာရေးဝန်ထမ်းနှစ်ဦး သတိပေးခံရ

ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ Non CDM ကျန်းမာရေးဝန်ထမ်းနှစ်ဦးကို လက်ရှိလုပ်ရပ်တွေ ချက်ခြင်းရပ်တန့်ဖို့ သေမင်းလက်ရာအဖွဲ့က သတိပေးစာတစ်စောင်ကို ဒီကနေ့ မေလ ၉ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မအူပင်မြို့နယ် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးကြီးကြပ်(၁) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ပန်းတောင်းမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံး အတိုက်ခံရ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် မြန်မာဘီယာရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၉ရက်နေ့ မနက်ပိုင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်လုံးဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ KDFက သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိခဲ့ဘဲ မြန်မာဘီယာဖြန့်ချီရေးကားတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည် ရွာဓမ္မာရုံကို ထိမှန်၊ကလေး ၄ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ဟာ စစ်ကိုင်းမြို့နယ်၊ မအူပင်အုပ်စု၊ ကုန်းတန်းလေးရွာထဲ ကဓမ္မာရုံ ကို ထိမှန်ခဲ့ပြီး ကလေး ၄ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ ရွာအဝင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူ Black Eagle PDF တပ်ဖွဲ့ ကင်းစခန်း စီးနင်းခံရပြီး ၈ ဦးကျဆုံး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဲကူကျေးရွာအနီးမှာရှိတဲ့ Black Eagle Defense Force – MMU ရဲ့ ကင်းစခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့ရတယ်လို့ မြောင် CDSOM တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နမခ ကနေ ထွက်လာတဲ့စစ်ကား၂စီး အဆင့်မြှင့်ထားတဲ့မိုင်းနဲ့တိုက်ခိုက်ခံရ၊ ၁၅ဦးနဲ့အထက်သေ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကားနှစ်စီး ကို အဆင့်မြှင့်ထားတဲ့မိုင်းနဲ့တိုက်ခိုက်ခဲ့ရာ ၁၅ဦးနဲ့အထက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ၈ရက်နေ့၊နေ့ခင်း၁၂နာရီခွဲလောက်မှာ ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုနဲ့ မဟာမိတ်၃ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရ အကြမ်းဖက်စစ်သားတွေလည်းများတယ်လို့ ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုကဒီကနေ့ထုတ်ပြန်ပါတယ်။ မေလ၇ရက်နေ့ကလည်းယင်းမာပင်-ကနီမဟာမိတ်တပ်ပေါင်းစုနဲ့ မဟာမိတ်ညီနောင်တို့ဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့အိမ် ၁၄၀၀ ကျော်ရှိပြီ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ် ခြေ ၁၄၀၀ ကျော်ရှိပြီလို့ Khin U Support Organization-KSO က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ခင်ဦးမြို့နယ်မှာ ကျေးရွာအုပ်စု ၆၄ ခု၊ ကျေးရွာပေါင်း ၁၅၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်-မတူပီလမ်းမှာ တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ် မတူပီမြို့ကနေ မင်းတပ်မြို့ဘက်ကို ဆင်းလာတဲ့ စစ်အုပ်စုယာဉ်တန်းနဲ့ CDF-MINDAT တို့ တိုက်ပွဲပြင်းထန်နေပြီး ရာသီဥတုကလည်း ဆိုးဝါးနေတယ်လို့ CDF-MINDAT က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၉ ရက်နေ့ မနက်ပိုင်းမှစတင်ကာ မင်းတပ်-မတူပီလမ်း မိုင်တိုင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်မှာ ၄ ရက်အတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးကို ရှင်းလင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ၄ ရက်တာအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း မြောင်အခြေစိုက်Young Fighters People’s Defence Force က ထုတ်ပြန်ပါတယ်။ မေလ ၆ ရက်နေ့မှာ မယ်မသော်ကနေ မြစ်ဆုံကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မနေ့က မင်းကင်းတိုက်ပွဲအတွင်း စစ်အုပ်စုက ၁၁ ဦးသေ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်လက်ဒေသ အထက်စသာကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁၁ ဦး သေဆုံးသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြစ်ရိုးအထက်ဒေသက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က မေလ ၈ရက်နေ့မှာ ကူလဲကျေးရွာနဲ့ အောက်စသာကျေးရွာမှာ [ဆက်လက်ဖတ်ရှုရန်]