ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့မှာ မီးလောင်မှုဖြစ်ပွား နေအိမ် ၅လုံးပျက်စီ

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက် ဘန့်ဘွေးကုန်းလမ်းမှာ ဧပြီလ ၃၀ရက်နေ့ မနက် ၁နာရီလောက်က မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဘန့်ဘွေးကုန်းလမ်းနဲ့ ဇေယျဝတီလမ်းထောင့်မှာရှိတဲ့ ရွှေဒေါင်းအထည်နဲ့စတိုးဆိုင်ခန်းအတွင်းက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးဝန်းကျင်ရှိ နေအိမ်တွေကိုပါ မီးကူးကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“အလုပ်သမားအင်အားဖြင့် ဖက်ဆစ်တပ်ကိုတိုက်ထုတ်ကြ”စာသားကိုင်ဆောင်လှုပ်ရှားမှုပြုလုပ်

မေလ ၁ ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာ အလုပ်သမားနေ့(Mayday)ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ ဧပြီလ ၃၀ရက်နေ့မှာ “အလုပ်သမားအင်အားဖြင့် ဖက်ဆစ်တပ်ကိုတိုက်ထုတ်ကြ” စာသားကိုင်ဆောင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှုကိုSC strike (စမ်းချောင်းပင်မသပိတ်စစ်ကြောင်း) , LGBT community Yangon [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လာမယ့် G20 ထိပ်သီးညီလာခံမှာ ပူတင်ကို မဖိတ်သင့်ဘူးလို့ အမေရိကန်ပြော

လာမယ့် G20 ညီလာခံမှာ ရုရှားသမ္မတပူတင်ကို မဖိတ်သင့်ဘူးလို့  အိမ်ဖြူတော် သတင်းပြန်ကြားရေးဝန်ကြီး ဂျန်ဆာကီက ပြောခဲ့ပါတယ်။  ၁၇ကြိမ်မြောက် G20 ထိပ်သီးညီလာခံကို နိုဝင်ဘာ ၁၅ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PTTEP နဲ့ Petronas ကုမ္ပဏီတွေ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ထွက်ပြီ

ထိုင်းနိုင်ငံပိုင် PTTEP ရေနံ ၊ သဘာဝဓာတ်ငွေ့ကုမ္ပဏီနဲ့ မလေးရှားအစိုးရပိုင် Petronas စွမ်းအင်ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံတွင်း ရဲတံခွန် သဘာဝ ဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတွေကနေ နှုတ်ထွက်လိုက်ပြီလို့ ဧပြီလ ၂၉ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မနှစ်က စစ်တပ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်ဗလီတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀ကျော်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က ဗလီတခုမှာ သောကြာနေ့ ဝတ်ပြုဆုတောင်းနေကြချိန် အပြင်းစားပေါက်ကွဲမှုတခုကြောင့် လူ ၅၀ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဧပြီလ ၂၉ရက်နေ့က ပေါက်ကွဲမှုဟာ Ramadan ဥပုဒ်ကာလအတွင်း အရပ်သားတွေကို ပစ်ခတ်ထားတိုက်ခိုက်နေတဲ့ ဖြစ်စဉ်တွေထဲက [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

မင်းအောင်လှိုင်ငြိမ်းချမ်းရေးနဲ့ အရိုးအရင်းကိုက်ကြမယ့်သူတွေ

တကယ်အတည်ပြောနေတာပါဆိုတဲ့ အပေါက်မျိုး။မင်းအောင်လှိုင်ကိုယ် တိုင် ငြိမ်းချမ်းရေးစကား ပြောပါ မယ်လို့ ဧပြီ၂၂ရက်နေ့က ပြောကြားခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင် ၂ဦးစီရဲ့ စာရင်းကို ၂၀၂၂ မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ကြပါတဲ့။မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသောရာဇ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦး တပင်ကောင်း(တောင်)ရွာမှာအကြမ်းဖက်စစ်အုပ်စုက အိမ်ခြေ ၅၀ခန့်ကို မီးရှို့ဖျက်ဆီး

ခင်ဦးမြို့နယ် တပင်ကောင်း(တောင်)ရွာမှာ မနေ့က ဧပြီလ ၂၉ ရက်မှာ အကြမ်းဖက်စစ်အုပ်စု ၁၀၀ နီးပါးလောက် လက်နက်ကြီးတွေနဲ့ ဝင်ပစ်ခတ်ပြီး အိမ်ခြေ ၅၀ခန့်ကို အကြောင်းမဲ့ မီးရှို့ပြီး ထွက်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဆိုပါတယ်။ စစ်အုပ်စုဟာဒီနေ့ မနက်ပိုင်းမှာ ရွာသားတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို PDFတွေ ဝင်တိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ မွန်းလွဲ ၁၂နာရီလောက်မှာ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးစခန်းကို မုံရွာခရိုင်တပ်ရင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်သာယာမြို့နယ် လျှပ်စစ်မီတာရုံး ဖောက်ခွဲခံရ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အရှေ့ပိုင်း စက်မှုဇုန်မှတ်တိုင်အနီးမှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ မြို့နယ် လျှပ်စစ်မီတာရုံးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ မနက်၉နာရီ ခွဲ​လောက်က ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ From Zero to Heroနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နန့်စလျော်ကျေးရွာ ဘုန်းကြီးကျောင်းကို ပျူစောထီးအဖွဲ့ ဗုံးခွဲတိုက်ခိုက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာအုပ်စု နန့်စလျော်ကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KNGက ဖော်ပြထားပါတယ်။ မနေ့က ဧပြီလ ၂၈ရက်နေ့ ည ၇နာရီ ၃၀မိနစ်ခန့်မှာ နန့်စလျော်ကျေးရွာ တောင်ပိုင်းမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]