ဒေသအလိုက် သတင်းကဏ္ဍ

သတင်းပေးလို့ နာမည်ကြီးနေတဲ့ စစ်ထောက်လှမ်းရေးဟောင်းကို ရှင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း သတင်းပေးလို့ နာမည်ကြီးနေတဲ့ စစ်ထောက်လှမ်းရေး ဟောင်းတစ်ဦးကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ မနေ့ည ၇ နာရီကျော်လောက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊သံပုရာကျေးရွာနေ စစ်တပ်သတင်းပေးလို့ နာမည်ကြီးနေတဲ့ မင်းမင်းဆိုသူကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မော်လမြိုင်) က ရှင်းလင်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာအတွက် လူသားချင်းစာနာမှု ရန်ပုံငွေ ရရှိတာ အဆမတန် နည်းနေသေ

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီပေးဖို့ ရန်ပုံငွေရရှိမှုဟာ အဆမတန်နည်းနေသေးကြောင်း ကုလသမဂ္ ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောပါတယ်။ ၂၀၂၂ ခုနှစ် လူသားချင်းစာနာမှု တုံ့ပြန်‌ရေးအစီအစဉ် (HRP) အစီအစဉ်အရ အကူအညီလိုအပ်သူ ၆.၂ သန်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမိန့်နာခံမှု အားကောင်းပြီး အလဲအလှယ် လုပ်လို့ရတဲ့စစ်ကြောင်းတ‌စ်ကြောင်း အဆင်သင့်ရှိပြီ

အမိန့်နာခံမှု အားကောင်းပြီး အလဲအလှယ်ပြုလုပ်လို့ရတဲ့စစ်ကြောင်းတ‌စ်ကြောင်း အဆင်သင့်အနေအထားရှိနေပြီလို့ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုက ကြေညာလိုက်ပါတယ်။ ဧပြီ ၂၂ ရက်နေ့၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (K.R.U) ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးကြောင်း ထုတ်ပြန်ချက်မှာ အဲဒီလိုဖော်ပြထားပါတယ်။ မြေပြင်တိုက်ပွဲစစ်ဆင်ရေးတွေကို ကရင်နီပြည်နယ်အတွင်းရှိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုနဲ့ ဆွေးနွေးတာဟာ ပြေလည်နိုင်ဖွယ်မရှိဘူးလို့ KIOပြေ

အကြမ်းဖက်စစ်အုပ်စုက တိုင်းရင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးလိုတဲ့ ကမ်းလှမ်းမှုဟာ ပြေလည်နိုင်ဖွယ်မရှိဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIOရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားလိုက်ပါတယ်။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မှာ သူတို့ရဲ့ဝါဒဖြန့်ချီရေး သတင်းဌာနတွေကနေတဆင့် ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်လို့ ရွာငံ ဒေသခံ ၆ဦး သေဆုံ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ မြို့နယ်နေ ဒေသခံ ၆ဦးကို ဒီကနေ့ ဧပြီ ၂၂ ရက်မှာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီးနောက် ရက်ရက်စက်စက် သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းကွန်ယက်တွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောင်ဒေသမှာ စစ်အုပ်စုရဲ့ မိုင်းရှာကား မိုင်းထိပြီး သေဆုံးသူများပြာ

စစ်ကိုင်းတိုင်း မန္တလေး-မုံရွာကားလမ်းမှာ Jumper ကားနှစ်စီးနဲ့ မိုင်းရှာထွက်လာတဲ့ စစ်အုပ်စု မိုင်းထိမှန်ပြီး သေဆုံးသူများပြားခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက်၁၀နာရီလောက်မှာ ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးကင်းအကြားမှာ မိုင်းရှာထွက်လာတဲ့ စစ်အုပ်စုကို မြောင်မြို့နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြံခင်းမြို့နယ် ကြို့ပင်စုကျေးရွာက Mytel တာဝါတိုင် ဖောက်ခွဲခံရ

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် ကြို့ပင်စုကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက် ၁နာရီခန့်မှာ ဖောက်ခွဲခံခဲ့ရတာဖြစ်ပြီး ဧရာဝတီဒေါင်းတမန်အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဖောက်ခွဲဖျက်ဆီးအပြီးမှာ ဧရာဝတီဒေါင်းတမန်တပ်ဖွဲ့ဝင်တွေအနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“နိုင်ငံသစ်ကို ထူထောင်ကြ”ဆိုတဲ့ ဒီကနေ့ ရန်ကုန်သပိတ်

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို လက်မခံကြောင်း ရန်ကုန်မြို့က လူငယ်တွေဟာ ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့အတွင်းက မြို့နယ်တစ်ခုအတွင်းမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ “စနစ်ကိုစနစ်နဲ့တိုက်ကာ နိုင်ငံသစ်ကိုထူထောင်ကြ” စာသားကို ကိုင်ဆွဲပြီး ချီတက်ဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေကို ပြည်သူတွေကလည်း ဝန်းရံကူညီပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမြို့ ကျောက်စစ်ပုံကျေးရွာအနီး စစ်အုပ်စုကားတစ်စီး မိုင်းထိပြီး ၁၀ဦးကျော်သေp

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက်စစ်ပုံကျေးရွာ လမ်းထိပ်အနီးမှာ စစ်အုပ်စုရဲ့ ကားတစ်စီး မိုင်းထိမှန်ပြီး ၁၀ဦးကျော်သေဆုံးခဲ့တယ်လို့ Chindwin Attack Force က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက် ၇နာရီ ၂၀မိနစ်ခန့်မှာ စစ်အုပ်စုဝင်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းတောင်တော်လှန်ရေးအဖွဲ့ ၆ခု စုပေါင်းပြီး SSRY တပ်ရင်းအဖြစ်ဖွဲ့စည်

ရှမ်းပြည်နယ်တောင်ပိုင်းက လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တော်လှန်ရေးအဖွဲ့ ၆ ခုကို စုစည်းပြီး ရှမ်းတောင် တော်လှန်ရေး လူငယ်များအဖွဲ့ ( Southern Shan Revolution Youth) တပ်ရင်း အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ SSRY [ဆက်လက်ဖတ်ရှုရန်]