ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီ-ဝေါ်လေ လမ်းပိုင်းတိုက်ပွဲ အကြမ်းဖက်စစ်သား ၆၀ ကျော်သေ

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းမှာဖြစ်ပွားတဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၆၀ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၇ ရက်နေ့၊ တော်လှန်ရေးနေ့မှာ ဝေါ်လေဘက်တက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆၁ ဦးသေ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာမြို့နယ်မှာ စစ်အုပ်စုယာဉ်တန်း ၂ကြိမ်မိုင်းဆွဲခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်း သဖန်းကိုင်းကျေးရွာဘက်ကို ဝင်ရောက်ဖျက်ဆီးလုယက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၂၀ဦးနီးပါး သေဆုံးနိုင်တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ မတ္တရာက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၂၇ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မီးပိတ်သပိတ်မှာ မပါဝင်ဖို့ စစ်အုပ်စုက လိုက်ကြေညာ

ဧရာဝတီတိုင်းအတွင်း မြို့နယ်အများစုမှာ လျှပ်စစ်မီးပြတ်တောက်နေပေမဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မီးပိတ်သပိတ်မှာ မပါဝင်ကြဖို့ စစ်အုပ်စုက အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ မတ်လ ၂၇ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ တော်လှန်ရေးအင်အားစုတွေက ည၈နာရီကနေ ၈နာရီ၃၀မိနစ်အထိ လျှပ်စစ်မီးတွေ ပိတ်ထားတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖျာပုံမြို့မှာ အကြမ်းဖက်စစ်အုပ်စု စစ်ဆေးရေးဂိတ် ဖောက်ခွဲခံရ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ဖျာပုံ-ကျိုက်လတ်ကားလမ်းမကြီး ချောင်းတွင်းတံတားခြေဆင်းမှာရှိတဲ့ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂၇ရက်နေ့ မနက် ၅နာရီ၅၅မိနစ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ဧရာဗေဒါတပ်ဖွဲ့နဲ့ မြို့အတွင်း အမည်မဖော်လိုတဲ့ တော်လှန်ရေးအဖွဲ့တစ်ခု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု ဖွဲ့စည်း

ဒေသတွင်း ပြောက်ကျား ၄ ဖွဲ့စုစည်းပြီး ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ထုတ်ပြန်ပါတယ်။ ယောဒေသတွင်း တကွဲတပြားစီဖြစ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တသွေးတသားတည်း စည်းလုံးညီညွတ်မှုနဲ့ ယောဒေသပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုကာလောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LSRPDF)၊ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KTU-PDF)၊ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Htilin PDF)နဲ့ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)တို့ပူးပေါင်း ဖွဲ့စည်းလိုက်တာလို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဥက္ကလာပမြို့နယ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှု

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် ဗကသများအဖွဲ့ချုပ် ကျောင်းသားသမဂ္ဂတွေနဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့)မှာ “ဘုံရန်သူဖက်ဆစ်တပ် တော်လှန်ခြင်းနဲ့ အမြစ်ဖြတ်” ဆိုင်းဘုတ် ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

လေးကေ့ကော်မှာ အကြမ်းဖက်စစ်သား ၂၀၀ ကျော်ရှိ၊ နေ့စဉ် ရမ်းသန်းပစ်နေ

ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့တခွင်မှာ အကြမ်းဖက်စစ်အင်အား ၂၀၀ကျော်ရှိနေပြီး အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ရမ်းပစ်နေတာတွေရှိနေတယ်လို့ Delta News Agency ရဲ့ မြေပြင် ကင်း ထောက်က သတင်းပေးပို့ပါတယ်။ အခုအခါ လေးကေ့ကော်မြို့အစွန်၃ရပ်ကွက်၊ ရေကန်ကုန်း၊ဘုရား၊ မယ်ဝါးခီးဂိတ်၊ အမြောက်ကုန်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝေါလေမှာ တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ဖလူးဒေသမှ ဝေါလေဘက်ကို စစ်ကူတက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ KIC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်သာမြို့ပေါ် ကင်းလှည့်နေတဲ့ စစ်ကားကို မိုင်းခွဲ

တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မနက် ၄ နာရီခွဲလောက်က မန္တလေးတိုင်း၊ တောင်သာမြို့ပေါ် ကင်းလှည့်နေတဲ့ အကြမ်းဖက် စစ်ကားတစ်စီးကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။ တောင်သာမြို့ အမှတ် (၂) ရပ်ကွက်၊ ဘောလုံးကွင်း တောင်ဖက်လမ်းကြားမှာ ကင်းလှည့်နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီ အုပ်ကြီးနဲ့ သတင်းပေးတွေ မတ်လကုန် နောက်ဆုံးထား နှုတ်ထွက်ဖို့ ပကဖ သတိပေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အတွင်းရှိ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်သတင်းပေးတွေအားလုံး မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ကြဖို့ နောက်ဆုံးအကြိမ်သတိပေးကြောင်း တနင်္သာရီ ပကဖ က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ လူစိတ်ကင်းမဲ့၊ ရက်စက်ယုတ်မာမှုလုပ်ရပ်တွေအပေါ် အုပ်ချုပ်ရေးမှူးတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]