လေးကေ့ကော်မှာ အကြမ်းဖက်စစ်သား ၂၀၀ ကျော်ရှိ၊ နေ့စဉ် ရမ်းသန်းပစ်နေ

ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့တခွင်မှာ အကြမ်းဖက်စစ်အင်အား ၂၀၀ကျော်ရှိနေပြီး အခုရက်ပိုင်းအတွင်း နေ့စဉ်ဆိုသလို ရမ်းပစ်နေတာတွေရှိနေတယ်လို့ Delta News Agency ရဲ့ မြေပြင် ကင်း ထောက်က သတင်းပေးပို့ပါတယ်။
အခုအခါ လေးကေ့ကော်မြို့အစွန်၃ရပ်ကွက်၊ ရေကန်ကုန်း၊ဘုရား၊ မယ်ဝါးခီးဂိတ်၊ အမြောက်ကုန်းနဲ့ လေးကေ့ကော်ရေပေးဝေရေးစခန်းတို့မှသာ တပ်မ၄၄က အကြမ်းဖက်စစ်သားတွေ ရှိတယ်လို့ သိရ ပါတယ်။
‘တနေ့က စစ်ကား၁၂စီးနဲ့ညဘက်မှာ ၃စီး တပ်မ၄၄ကရောက်လာတယ်။အင်အား၂၀၀ကျော်ရှိမယ်’လို့ သူကပြောပါတယ်။
မတ်လ၂၅ ရက်နေ့၊ လေးကေ့ကော်ကို တပ်မ ၄၄ ဝင်ဝင်ချင်း လေးကေ့ကော်မြို့အဝင် ဆိုင်းဘုတ်နားမှာ မိုင်းထိ တာကြောင့် ဆက်မဝင်ရဲတော့ဘဲ ရပ်သွားတယ်လို့ သိရပါတယ်။
လေးကေ့ကော်မြို့အစွန် ၃ ရပ်ကွက်ကလွဲပြီး လေးကေ့ကော်မြို့တွင်း၊ လေးကေ့ကော်အုပ်ချုပ်ရေး ရုံးနဲ့စာသင် ကျောင်းတို့မှာ အကြမ်းဖက်စစ်သားတွေ မရှိတော့ဘူးလို့သိရပါတယ်။