နိုင်ငံရေး

နေရပ်စွန့်ထွက်ပြေးသူအများစုဟာ လူကုန်ကူးမှုအန္တရာယ်ရှိနေတယ်လို့ ကုလအစည်းအဝေးမှာ မြန်မာသံအမတ်ကြီးတင်ပြ

၂၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂သိန်းကျော်အနက် အများစု ဟာ လူကုန်ကူးမှုအန္တရာယ်ရှိနေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်မှာ နိုဝင်ဘာ၂၂ရက်ကနေ၂၃ရက်နေ့အထိကျင်းပခဲ့တဲ့ ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နဲ့ပတ်သက်တဲ့ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးမှာပြောကြားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

စီရော်နယ်ဒိုလား မက်ဆီလား ပိုချက်တီနိုကြိုက်တာပြော

၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။ လက်တလောကာလမှာ ကစားသမားအပြောင်းအရွှေ့တွေထက် နည်းပြအပြောင်းအရွှေ့တွေက ပိုမိုပြီး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဇီဒန်း၊ ပိုချက်တီနို၊ ဟီရစ်တန်းဟတ်ခ် စတဲ့စတဲ့ နည်းပြတွေဟာ နာမည်ကြီး အသင်းတွေနဲ့ နာမည်တွေ ထွက်နေခဲ့တာပါ။  ဒီထဲမှာ ပီအက်စ်ဂျီနည်းပြ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကာရစ်ကို နည်းပြတစ်ယောက်အဖြစ် အမည်သတ်မှတ်လို့ မဖြစ်နိုင်သေးဘူးလို့ ပေါလ်စခိုးနဲ့ ဖာဒီနန် မှတ်ချက်ပြု

  ၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗီလာရီးရဲလ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် အဲ့ဒီပွဲစဉ်ကို တာဝန်ယူခဲ့တဲ့ ကာရစ်ကို နည်းပြတစ်ယောက်အဖြစ် အမည်သတ်မှတ်လို့ မဖြစ်နိုင်သေးဘူးလို့ မန်ယူဂန္ထဝင်တွေဖြစ်တဲ့ ပေါလ်စခိုးနဲ့ ဖာဒီနန်တို့က မှတ်ချက်ပြု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လာမယ့် မတ်လအထိ ကိုဗစ်ကြောင့်သေဆုံးသူ ခုနှစ်သိန်းအထိ ရှိလာမယ်လို့  WHO သတိပေး

ဓာတ်ပုံ – AFP ၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က အခုကနေ လာမယ့်နှစ် မတ်လအထိ ကိုဗစ်ကြောင့် သေဆုံးသူ အများအပြားထပ်တိုးလာမှာဖြစ်လို့ သတိပေးချက်တွေ ထပ်မံထုတ်ပြန်လိုက်ပါတယ်။  WHO က နိုင်ငံတွေအနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NUG အစိုးရအောင်မြင်လာလေ စစ်အုပ်စုရဲ့ အဖျက်လုပ်ငန်း ပိုကြီးလာမယ်လို့ ယာယီသမ္မတသတိပေး

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ NUGအစိုးရအောင်မြင်လာလေ အကြမ်းဖက်စစ်အုပ်စုရဲ့ အဖျက်လုပ်ငန်းပိုမိုကြီးမားလာမယ်လို့ ယာယီသမ္မတ က သတိပေးလိုက်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာကျင်းပတဲ့ NUGအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလ က အခုလို ပြောကြားခဲ့တာပါ။ ယာယီသမ္မတက တော်လှန်ရေးဟာအဆင့်တစ်ခုကို ရောက်ရှိပြီးဖြစ်သလို ပိုမိုခက်ခဲတဲ့အဆင့်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာပြည်သူတွေကို ထင်သလိုဖမ်းဆီးမှုတိုးလာလို့ ကုလအထူးစိုးရိမ်ကြောင်းဆိုပြန်

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူတွေကို ထင်သလိုဖမ်းဆီးမှုတွေ တိုးလာတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အထူးစိုးရိမ်ကြောင်းပြောပါတယ်။ နိုဝင်ဘာ၂၂ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကုလအတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric ကအဲဒီလိုပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ သမ္မတဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊NLDပါတီဝင်တွေနဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့လုပ်နေသူတွေ ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာသံအမတ်ကြီး တက်ရောက်ခွင့်ရပေမဲ့ စစ်အုပ်စု ငြင်းပယ်

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ နိုဝင်ဘာ၂၂ရက်နေ့ကကျင်းပတဲ့ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကို မြန်မာကိုယ်စားလှယ်အဖြစ်တက်ရောက်ခွင့်ရခဲ့ပေမဲ့ အကြမ်းဖက်စစ်အုပ်စုကငြင်းပယ်လိုက်ပါတယ်။ တရုတ်နဲ့အာဆီယံအဖွဲ့ဝင်၉နိုင်ငံတို့က တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးတက်ရောက်ဖို့သဘောတူခဲ့ပေ မဲ့ ၂၂ရက်နေ့မနက်အထိ မြန်မာဘက်ကတုံ့ပြန်မှုမရတဲ့အတွက် မြန်မာကိုယ်စားလှယ်မပါဘဲ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ကြောင်းထိပ်သီးညီလာခံအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ‘မင်းအောင်လှိုင်ကရှင်းပါတယ်။လိုချင်တာမရတဲ့နောက် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

လူတိုင်းက ရူဒီဂါကို အသင်းမှာ ဆက်ရှိဖို့ အလိုရှိတယ်လို့ ချဲလ်ဆီးနည်းပြတူချယ်ပြော 

  ၂၃၊ နိုဝင်ဘာ၊ ၂၀၂၁။ အခုနှစ်ရာသီကုန်ရင် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းနဲ့ နောက်ခံလူ ရူဒီဂါအကြား စာချုပ်သက်တမ်း ထပ်တိုးဖို့ ကိစ္စဟာ ဖြစ်မလာသေးဘဲ ရှိနေပါတယ်။  ဘွန်ဒက်စ်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နယ်မြေရှင်းလင်းစဉ် စစ်အုပ်စုရဲ့ လက်နက်တွေ MNDAAက ထပ်မံသိမ်းဆည်းရမိ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရှမ်းပြည်နယ် အထူးဒေသ (၁) မုံးကိုးခရိုင်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ MNDAAတို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး ကိုးကန့်တပ်ဖွဲ့ MNDAAက နယ်မြေရှင်းလင်းစဉ်မှာ စစ်အုပ်စုရဲ့ လက်နက်ခဲယမ်းတွေကို ထပ်မံသိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ မနေ့က နိုဝင်ဘာလ ၂၂ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာ အမှတ်(၂) ရဲစခန်း လက်ပစ်ဗုံးနဲ့ အပစ်ခံရ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း မုံရွာ ​အေးရိပ်သာလမ်းပေါ်မှာမရှိတဲ့ အမှတ်(၂)ရဲစခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုအချို့ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၃ရက်နေ့ မနက် ၅နာရီခန့်မှာ ရဲစခန်းအတွင်း ပေါက်ကွဲအသံအချို့ကို ကြားလိုက်ရပြီးနောက် [ဆက်လက်ဖတ်ရှုရန်]