ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ စစ်အုပ်စုက ပရဟိတအလှူခံပုံးငွေတွေပါ လုယက်နေ

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အောင်သာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေရဲ့ နေအိမ်အချို့ကို ဖျက်ဆီးဝင်ရောက်လုယက်ပြီး ပရဟိတအဖွဲ့တွေရဲ့ အများစုပေါင်းလစဉ်အလှူခံပုံးကိုပါ ဖျက်ဆီးကာ အလှူငွေ လုယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဘာစီလိုနာနည်းပြသစ် ဇာဗီက အယ်ကန်တရာကို အလိုရှိနေ

၁၄၊ နိုဝင်ဘာ၊ ၂၀၂၁။ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဇာဗီဟာ အသင်းပြုပြင်ပြောင်းလဲရေး အစီအစဉ်မှာ ကစားဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ လက်ရှိ လီဗာပူးလ်ကွင်းလယ်လူ အယ်ကန်တရာကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။  အသက် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဆန်ချိုကို နေရာပြောင်းကစားခိုင်းဖို့လုပ်နေတာကိုက ဆိုးလ်ရှားအထုတ်ခံရဖို့ အကြောင်းအရင်းတစ်ခုလို့ ဒန်နီမေးလ်ပြော

၁၄၊ နိုဝင်ဘာ၊ ၂၀၂၁။ မန်ယူနည်းပြ ဆိုးလ်ရှားအနေနဲ့ ဆန်ချိုကို မူလနေရာမှာ မကစားစေဘဲ နေရာပြောင်းလဲ ကစားစေဖို့ စီစဉ်နေတာကိုက သူ့ကိုယ်သူ အထုတ်ခံရဖို့ ကြိုးပမ်းနေတာနဲ့ တူတယ်လို့ မန်စီးတီးနောက်ခံလူဟောင်း ဒန်နီမေးလ်က ပြောကြားလိုက်ပါတယ်။ ဆန်ချိုဟာ လက်ရှိဘောလုံးရာသီအတွင်း [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကလပ်စံချိန်တင်ကြေးနဲ့ ခေါ်ထားတဲ့ ပေပေကို ပေါင် ၂၅ သန်းနဲ့ ရောင်းထုတ်ဖို့ အာဆင်နယ် စီစဉ်

  ၁၄၊ နိုဝင်ဘာ၊ ၂၀၂၁။ အာဆင်နယ်အသင်းဟာ ကလပ်အသင်းသမိုင်းကြောင်းတလျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်တောင်ပံကစားသမား နီကိုလပ်စ် ပေပေကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ရောင်းထုတ်လိုက်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ပေပေကို လွန်ခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောရေးမှာကျဆုံးသွားတဲ့ လပွတ္တာလူငယ်ရဲ့အလောင်း မိသားစုကြည့်ခွင့်မရဘဲ မီးသင်္ဂြိုဟ် 

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊လပွတ္တာမြို့က စစ်ကြောရေးမှာကျဆုံးသွားတဲ့လူငယ်တစ်ဦးရဲ့အလောင်းကို မိသားစုဝင်တွေ ကြည့်ခွင့်မရဘဲ မီးသဂြိုဟ်လိုက်တယ်လို့ နီးစပ်တဲ့သတင်းအရင်းအမြစ်ဆီက သိရပါတယ်။ လပွတ္တာမြို့၊၇ရပ်ကွက်နေ ကိုကျော်သူဝင်း(ခ)ကိုကုလားလေး(၂၃နှစ်)အပါအဝင်သူ့မိဘ နှစ်ပါးစလုံးကို နိုဝင်ဘာ၁၂ရက်နေ့မနက်ကဖမ်းဆီးခဲ့ ပြီးနောက် ၁၃ရက်နေ့ညဘက်မှာ ကိုကျော်သူဝင်းသေဆုံးသွားခဲ့တယ်လို့ လပွတ္တာ မြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီကွေဒေါထောင်တစ်ခုမှာ အဓိကရုဏ်းဖြစ်လို့ အကျဉ်းသား အနည်းဆုံး ၆၈ ဦးသေဆုံး

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ အီကွေဒေါနိုင်ငံ ဂွါယာကီရယ်အကျဉ်းထောင်မှာ အဓိကရုဏ်းဖြစ်လို့ ထောင်တွင်း အကျဉ်းသား အနည်းဆုံး ၆၈ ဦး သေဆုံးခဲ့ရတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အခုလို ထောင်တွင်းဖြစ်တဲ့ အဓိကရုဏ်းကြောင့် အကျဉ်းသား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဦးမှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုက ၅ဦးသေ

၁၄၊နိုဝင်ဘာလ၊ ၂၀၂၁။ ရေဦးမြို့နယ် ညောင်လည်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၅ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရေဦးမြို့ပြပြောက်ကျားတပ်ဖွဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်နေ့ မနက်ပိုင်းမှာ ရေဦးမြို့ပြပြောက်ကျားတပ်ဖွဲ့ YUGနဲ့ ဝေဟင်စွန်ရဲအဖွဲ့တို့က ပဒေသာမိုင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု စခန်း၂ခုကို KIAသိမ်းပိုက်ပြီးနောက် ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေ

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု နန့်စမ်း ၃ကျေးရွာက စစ်အုပ်စုတပ်စခန်းနဲ့ အောင်လင်းမှော်ဒေသမှာရှိတဲ့ တပ်စခန်း ၂ခုကို KIAက သိမ်းပိုက်ပြီးနောက်မှာ စစ်အုပ်စုက တိုက်လေယာဉ်တွေပါ အသုံးပြုပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နတ်မောက်စျေးကြီး မီးလောင်မှု ဆိုင်ခန်းပေါင်း ၂၄၀ကျော်မီးလောင်ပျက်စီး

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း နတ်မောက်မြို့ စျေးရပ်ကွက်မှာရှိတဲ့ နတ်မောက်မြို့မစျေးကြီး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၂၄၀ကျော် ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က နိုဝင်ဘာလ ၁၃ရက်နေ့ ည၉နာရီ ၄၃မိနစ်ခန့်မှာ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မကွေးတိုင်းမီးသတ်တပ်ဖွဲ့အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

သရော်စာကဏ္ဍ

ကြိုးကြိုက်သလား၊ကျည်ကြိုက်သလား မျက်နှာရူးသာဝ

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဖတ်ထားမှတ်ထားသမျှ ပြန်စဉ်းစားကြည့်လိုက်တော့ အာဏာရှင်တွေအားလုံးရဲ့ တူညီချက်က အင် မတန်ကြွားတတ်ဝါတတ်မှန်း တော်ကီ သဘောပေါက်ရတယ်။ဟိုး…ပထမကမ္ဘာစစ်အပြီး အာဏာရှင်ဘိုးအေ ကြီး နှုတ်ခမ်းမွှေးစပ်ဖြဲဖြဲနဲ့ ဟစ်တလာကိုကြည့်မလား။ဒီဘက်ခေတ် နောက်ပေါက်အာဏာရှင် ဆဒမ်အူစိန်တို့ ရွှေသေနတ်ကိုင်ပြီး သူ့ကိုမသတ်ဖို့ လက်အုပ်ချီတောင်းပန်ခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]