မုံရွာနဲ့ရွှေဘိုက ပြည်သူပိုင်ပစ္စည်းတွေကို အကြမ်းဖက်စစ်အုပ်စု အဓမ္မသိမ်း
၃၀၊ အောက်တိုဘာလ၊ ၂၀၂၁။ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မုံရွာနဲ့ရွှေဘိုမြို့က ပြည်သူပိုင်အိမ်၊ဟိုတယ်နဲ့ဆိုင် ခန်းတွေကို အကြမ်းဖက်စစ်အုပ်စုက အဓမ္မသိမ်းယူနေတယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း၊မုံရွာစက်မှုဇုန်အတွင်းက နေအိမ်၂လုံးနဲ့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်က ဟိုတယ်နဲ့ ဆိုင်ခန်းတချို့ကို နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းကြောင်း အနီရောင်ဗီနိုင်းတွေချိတ်ဆွဲထားတယ်လို့ ဒေသခံနွေဦးတော်လှန်ရေး စာမျက်နှာ ဘုတလင်နေ့စဉ်သတင်း ကဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]