အုန်းနှဲ၊ သက္ကလနဲ့ ကဝမြို့ အထက်တန်းကျောင်းတွေနားမှာ ဗုံးပေါက်ကွဲ
ပဲခူးတိုင်း ကဝမြို့နယ်အတွင်းရှိ အုန်းနှဲ၊သက္ကလနဲ့ကဝမြို့တို့က တက္ကသိုလ်ဝင်စာမေးပွဲ ပြုလုပ်နေတဲ့အထက်တန်းကျောင်းတွေ အနီးမှာ ဒီနေ့မနက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။ အုန်းနှဲကျောင်းရှေ့မှာ ဒီမနက် ၁၁နာရီလောက်က စစ်အုပ်စုပြုလုပ်တဲ့ တက္ကသိုလ် ဝင်စာမေးပွဲဖြေနေတုန်းမှာ အသံကျယ်လောင်တဲ့ ဗုံးပေါက်ကွဲခဲ့ရာမြေကြီးပါ တုန်သွားခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာKawaInformation ကဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]