ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မှာ စစ်အုပ်စု မိုင်းဆွဲခံရပြီး အရာရှိ၃ဦးအပါအဝင် ထိခိုက်သူများပြား

ဒီကနေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ရွှေဥယျာဉ်အနီးမှာ အကြမ်းဖက်စစ်အုပ်စုကို တန့်ဆည်ဖီးနစ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု အရာရှိ ၃ဦးအပါအဝင် ထိခိုက်သူများပြားခဲ့တယ်လို့ Phoenix Defence Force – Taze က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဧပြီလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငဖဲမြို့နယ်ထဲက ကျေးရွာနှစ်ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

မကွေးတိုင်း ၊ ငဖဲမြို့နယ် ခါကျင်ကျေးရွာနဲ့ ရှစ်ခုကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Revolution Alliance (PRA-MAGWAY)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၇ရက်နေ့ မနက် ၇နာရီ၃၀မိနစ်ခန့်မှာ ငဖဲမြို့နယ် အနောက်ဘက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်တိုက်ပွဲ စနိုက်ပါလက်ချက်နဲ့ အကြမ်းဖက်စစ်သား၂ ဦးသေ

ကယားပြည်နယ်၊လွိုင်ကော်မြို့နယ် ၊ ငွေတောင်ရွာသစ်တိုက်ပွဲမှာ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့က အကြမ်းဖက်စစ်သား၂ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ဧပြီ၇ရက်နေ့မှာ အကြမ်းဖက်စစ်သားစနိုက်ပါသမားကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပြီးငွေတောင်ရွာသစ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၂ဦးကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့ကပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ photo-အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာကမ်းခြေမှာလုပ်မယ့် လမ်းလျှောက်သင်္ကြန်ကို မပါဝင်ဖို့ ဧရာဗေဒါသတိပေ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ 528 Beach Resort ပိုင်ရှင် ဦးစန်းမြင့်တို့ ပူးပေါင်းလုပ်ဆောင်မယ့် ဧရာကမ်းခြေ လမ်းလျှောက်သင်္ကြန်ကို ပြည်သူတွေအနေနဲ့ ပါဝင်မဆင်နွှဲဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဧရာဗေဒါတပ်ဖွဲ့က မေတ္တာရပ်ခံ သတိပေးလိုက်ပါတယ်။ လမ်းလျှောက်သင်္ကြန်ပွဲကို မဖျက်သိမ်းပါက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပေါ်မှာ စစ်အုပ်စု ၂ ကြိမ်အတိုက်ခံရပြီး ၆ ဦးသေ

တာဟန်းပင်မသပိတ်ခံတပ်ကို စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ တစ်နှစ်ပြည့်အဖြစ် စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ PDF Kalay တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်အုပ်စုကို ၂ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၆ဦးခန့် သေဆုံးသွားခဲ့တယ်လို့ PDF Kalayက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖက်ဆစ်သင်္ကြန်ကို ပြည်သူတွေလက်မခံကြဖို့ ဆားလင်းကြီးဈေးမှာ ကြွေးကြော်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ လူစည်ကားရာဈေးတစ်ခုမှာ ဖက်ဆစ်သင်္ကြန်ကိုလက်မခံကြဖို့ ဒီနေ့မနက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ရဲဘော်တွေဟာ ဆားလင်းကြီးမြို့နယ်ရှိ လူစည်ကားတဲ့စျေးတစ်ခုဆီ သွားရောက်ပြီး ‘ဖက်ဆစ်သင်္ကြန် တို့လက်မခံ’ ဆိုတဲ့စာသားကိုကိုင်စွဲကာ ဆန္ဒပြခဲ့ကြကြောင်းမုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကထုတ်ပြန်ပါတယ်။ မကြာမီကျရောက်တော့မယ့် မြန်မာ့အတာသင်္ကြန်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲအနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းကနေပြန်လာတဲ့ အကြမ်းဖက်စစ်ကားမိုင်းဆွဲခံရ၊ ၃ ဦးပွဲချင်းပြီးသေ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းကနေ ပြည်သူ့နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး၃ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဧပြီ၇ရက်နေ့မွန်းလွဲ၂နာရီလောက်မှာ ရေလယ်ကျွန်းကနေ ဖောကား၃စီး၊အိမ်စီကားတစ်စီးနဲ့ ပြန်လာ တဲ့ အကြမ်းဖက်စစ်သား၊ရဲနဲ့ပျူစောထီးတို့ကို ဆင်မရဲရွာဘက်အပြန်လမ်းမှာ ပဒေသာမိုင်း၃လုံးနဲ့ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူလည်းများကြောင်း Urban Underground [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦးမှာ အကြမ်းဖက်စစ်သားတွေမိုင်းဆွဲခံရပြီး ၄၀လောက်သေ

မန္တလေး-မုံရွာလမ်းမကြီးပေါ် အိမ်စီးကားတွေနဲ့တက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ အသေအပျောက်၄၀လောက်အထိရှိတယ်လို့သိရပါတယ်။ ဧပြီ ၇ ရက်နေ့မနက်၂ နာရီခွဲလောက်မှာ အိမ်စီးကားအသေး ၃ စီး၊ကန်ဒါကားကြီး၂ စီးနဲ့ ရှေ့ဆုံးကားမီးဖွင့်ပြီး နောက်ကားတွေမီးပိတ်မောင်းလာတဲ့အကြမ်းဖက်စစ်ယာဉ်တန်းဟာ ချောင်းဦးမြို့နယ်၊နတ်ရေကန်နဲ့ ငါးယှန်ကြား အရောက် ကန်ဒါကား၂စီးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သင်္ကြန်ရက်အတွင်း မန္တလေးမှာ စစ်ရေးအရှိန်မြှင့်မယ်

သင်္ကြန်ရက်အတွင်း မန္တလေးမြို့မှာ စစ်ရေးအရှိန်မြှင့်တင်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်အုပ်စုက ကျင်းပတဲ့သင်္ကြန်ပွဲတော်ကို ပါဝင်မဆင်နွှဲဖို့ Dragon Rangers Mandalay—DRM က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ မန္တလေးမြို့အတွင်းမှာ နေရာအနှံ့ပစ်ခတ်တာ ဖောက်ခွဲတာတွေကို ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်တာကြောင့် စစ်အုပ်စု ရေကစားရာနေရာတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုမြို့နယ် ဒေါညေးခူရွာမှာ ကင်းစောင့်နေတဲ့ စစ်အုပ်စု အတိုက်ခံရပြီး ၃ ဦးသေ

ကရင်နီပြည် (ကယားပြည်နယ်) ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအတွင်း လမ်းမှာ ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို KA နဲ့ KNDFတို့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၃ဦးသေဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ [ဆက်လက်ဖတ်ရှုရန်]