ရေလယ်ကျွန်းကနေပြန်လာတဲ့ အကြမ်းဖက်စစ်ကားမိုင်းဆွဲခံရ၊ ၃ ဦးပွဲချင်းပြီးသေ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းကနေ ပြည်သူ့နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး၃ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ၇ရက်နေ့မွန်းလွဲ၂နာရီလောက်မှာ ရေလယ်ကျွန်းကနေ ဖောကား၃စီး၊အိမ်စီကားတစ်စီးနဲ့ ပြန်လာ တဲ့ အကြမ်းဖက်စစ်သား၊ရဲနဲ့ပျူစောထီးတို့ကို ဆင်မရဲရွာဘက်အပြန်လမ်းမှာ ပဒေသာမိုင်း၃လုံးနဲ့ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူလည်းများကြောင်း Urban Underground Revolution Froce-YSO ကထုတ်ပြန်ပါတယ်။
မိုင်းဆွဲခံရတဲ့အကြမ်းဖက်စစ်တပ်ဟာ ရမ်းသန်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ရာ ပြောက်ကျားရဲဘော်တွေထိခိုက် မှု မရှိခဲ့ပါဘူး။
မိုင်းဆွဲတိုက်ခိုက်မှုကို Urban Underground Revolution Froce-YSO နဲ့ Yesagyo Revolution Group(YRG)မဟာမိတ်ညီနောင်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပါတယ်။
ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသကို ဧပြီ၂ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ ဧပြီ၆ရက်နေ့အထိ စာရင်းအရ ပြည်သူ၆ဦးကျဆုံး၊အိမ်၈၄လုံးနဲ့ စာကြည့်တိုက် တစ်ဆောင် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့သိန်းဌက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။