ဒေသအလိုက် သတင်းကဏ္ဍ

မင်းဘူး-စကုလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ရဲတွေကို အင်အားပြင်းအဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်

မကွေးတိုင်း၊မင်းဘူး-စကုကားလမ်းမပေါ်ရှိတိုးဂိတ်အနီး မှာ ပြည်သူတွေဆီကနေ ဆက်ကြေးကောက်ငွေညှစ်တောင်းခံနေတဲ့ အကြမ်းဖက် ရဲတွေကို ဒီနေ့မနက် ၆နာရီခွဲလောက်က အင်အားပြင်းအဝေးထိန်းမိုင်းနှစ်လုံး နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မင်းဘူး၊စကုပြည်သူ့ကာကွယ်ရေးတပ်မတော်(M.S.PDF)ကတိုက်ခိုက်ခဲ့​ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုစုံစမ်း နေဆဲ ဖြစ်ကြောင်း M.S.PDF က ထုတ်ပြန်ပါတယ်။ နောက်နောင်အဲဒီနေရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမြို့နယ် သရက်ကန်ကျေးရွာကို စစ်အုပ်စုက တိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတွေနဲ့ ခင်ဦးရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဝင်ရောက်ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူတွေ မနက်စာတောင် မစားရဘဲ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ KUGFက သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ မတ်လ ၂ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မော်လိုက်မြို့နယ်ထဲမှာ ရေကြောင်းလမ်း အသုံးပြုချိန် ကန့်သတ်

မော်လိုက်မြို့နယ်ထဲက ရေကြောင်းလမ်းတွေကို အသုံးပြုချိန် ကန့်သတ်လိုက်တယ်လို့ မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People’s Defence Force(Mawlaik)က ထုတ်ပြန်ပါတယ်။ မော်လိုက်မြို့နယ် ရေကြောင်းလမ်းတွေမှာ စစ်အုပ်စုက ဖြတ်သန်းသွားလာနေတာကြောင့် အခုလို ကန့်သတ်လိုက်တာလို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ အသက်အန္တရာယ် ထိခိုက်မှုမရှိစေဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ဆည်မှာ ရွာလုံခြုံရေးအကြောင်းပြချက်နဲ့ ပျူစောထီးဖွဲ့ဖို့ စစ်အုပ်စုကြံစည်

မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်အတွင်း ရပ်ရွာလုံခြုံရေးလို့ဆိုကာ ပျူစောထီးဖွဲ့ဖို့ အကြမ်းဖက်စစ်အုပ်စုက ကြံစည်နေကြောင်းသိရပါတယ်။ ကျောက်ဆည်ခရိုင်အတွင်း တစ်ရွာကိုလူ၂၀ကျ သင်တန်းတက်ဖို့နဲ့ သင်တန်းကို ရွာတွေမှာ လာရောက်ပို့ချပေးမယ်လို့ သိရပါတယ်။ဒါ့အပြင် လစာနဲ့လက်နက်ပေးပြီး လိုအပ်ရင် ရှေ့တန်းခေါ်မယ် လို့ ဧပြီ၂၉ရက်နေ့အစည်းအဝေးမှာ အုပ်ချုပ်ရေးမှူးတွေကို စစ်အုပ်စုကပြောကြားကြောင်း ကျောက်ဆည်နဂါးနီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တွင်းနက်ကြီးတွေအဖြစ် ကျန်ခဲ့

ကယားပြည်နယ် ဒီးမောဆိုမြို့မှာရှိတဲ့ ဟိုဖိတ်နဲ့ သပြေတောကျေးရွာကြားမှာ စစ်အုပ်စုက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကျန်ရစ်ခဲ့တဲ့ မြေပြင်အခြေအနေတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၉က မေ ၂ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။ စစ်အုပ်စုက လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စလင်းမြို့ပေါ် တင့်ဖျက်မိုင်းအကြီးနှစ်လုံးနဲ့တိုက်ခိုက်မှု ရဲ ၆ဦးသေ

ဒုတိယအကြိမ်တိုက်တိုင်းအောင်စစ်ဆင်ရေးအဖြစ် မကွေးတိုင်း၊စလင်းမြို့ပေါ် ကင်းလှည့်နေတဲ့ အကြမ်းဖက်ရဲတွေကို တင့်ဖျက်မိုင်းအကြီး၂လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ရဲ၆ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ ၁ ရက်၊ ည ၉ နာရီ ၅၅ မိနစ်လောက်က ဆိုင်ကယ် ၅ စီးနဲ့ ရဲ၉ဦးပါ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာ၊ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်းဂိတ် တိုက်ခိုက်ခံရ၊ သေဆုံးထိခိုက်များနိုင်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းရှိ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်း ကွန်ကရစ်လမ်းထိပ် စစ်ဆေးရေးဂိတ်ကို ပ.က.ဖ(မတ္တရာ)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်များနိုင်ကြောင်း သိရပါတယ်။ ဒီနေ့မနက်၂နာရီမိနစ်၂၀ကျော်က မတ္တရာမြို့နယ် ၊ဝသုန္ဒရကျေးရွာ အနီး မန်း-မိုးကုတ်လမ်းမကြီး ပေါ်ရှိ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်းစစ်ဆေးရေးဂိတ်ကို ပ.က.ဖ(မတ္တရာ)က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာနိုင်ငံ ပဋိပက္ခတွေ ပြေလည်စေရေး ဗီယက်နမ်-ဂျပန် ပူးပေါင်းလုပ်ဆောင်မယ်

မြန်မာနိုင်ငံ ပဋိပက္ခတွေ ပြေလည်စေဖို့အတွက် ဗီယက်နမ်နဲ့ ဂျပန် အတူပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ ဗီယက်နမ်ခရီးစဉ်အတွင်း မေ၁ရက်နေ့က အဲဒီလို ပြောခဲ့ကြောင်း VOA ကဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူ-ဆိပ်ဖြူကားလမ်းမအနီး စစ်ကား မိုင်းဆွဲခံရပြီး ၁၀ဦးသေ

မကွေးတိုင်းအတွင်းရှိ တန့်ကြည်တောင်ဘုရားဘက်ကနေ ပခုက္ကူ-ဆိပ်ဖြူကားလမ်းမကြီးပေါ် ကူးသန်းသွားလာရတဲ့လမ်းပိုင်းပေါ် လှည့်လည်နေတဲ့ အကြမ်းဖက်စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် သား၁၀ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ မေလ၁ရက်နေ့ မနက်၁၀နာရီလောက်က မုံတောင်လမ်းပိုင်းပေါ်ရှိ မုံတောင်အန္တရာယ်ကွေ့မှာ မြစ်ခြေ-ကျွန်း ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KC DF)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကားတစ်စီးထိခိုက် ပျက်စီးခဲ့တယ်လို့ မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြံ့ဖွံ့အမတ်လောင်း သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ သန်လျင်မြို့မှာ ကြံ့ဖွံ့ပါတီ အမတ်လောင်းတစ်ဦးဖြစ်ပြီး သွေးသောက်အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူ ဦးရန်နိုင်ရွှေကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၁ရက်နေ့ ညနေ ၆နာရီလောက်က ဆံပင်ညှပ်ဆိုင်တစ်ခုအတွင်း ဆံပင်ညှပ်နေတဲ့ ဦးရန်နိုင်ရွှေကို သန်လျင်ပကဖက [ဆက်လက်ဖတ်ရှုရန်]