ဒေသအလိုက် သတင်းကဏ္ဍ

သန်လျင်မှာ စစ်အုပ်စုလက်အောက်ခံ စရဖ တာဝန်ခံတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ သန်လျင်မြို့နယ် အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတာဝန်ခံ ဦးဇော်ထွန်းကို သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၁၁ ရက်နေ့ မနက် ၇ နာရီ ၅ မိနစ်ခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်ရေး ကန်နဲ့အာဆီယံ ပူးပေါင်းဆောင်ရွက်မှုက အဓိက ကျ

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး အတွက် အမေရိကန်နဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုက အဓိက ကျတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းဒေသ ရွာ ၃ ရွာကို အကြမ်းဖက်စစ်တပ် ထပ်မံမီးရှို့

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရွာ ၃ ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ မြေစွန်းရွာ၊ ဆည်သည့်မြင်ရွာနဲ့ ဘိစပ်ကုန်းရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ရေစကြို သတင်းရင်းမြစ်တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေလှေကျေးရွာနဲ့ ညောင်ရင်းကျေးရွာကို စစ်အုပ်စုကဝင်ရောက်စီးနင်း ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးထား

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရွှေလှေကျေးရွာနဲ့ မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ စစ်ကိုင်းမြို့ သတင်းအမှန်ကဆိုပါတယ်။ ဒီကနေ့ မေလ ၁၁ရက်နေ့ မနက်အစောပိုင်းကစပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး LGBT သပိတ်လှုပ်ရှားမှု

မေလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများ ဆန့်ကျင်ရေးနေ့ (IDAHOT Day) အဖြစ်နဲ့ “ကြောက်စိတ်ကိုဖျောက် ခြောက်စိတ်ကပ်ကာ စကစကို တွန်းလှန်မည်” စာသားနဲ့အတူ“ President Biden,Please Sanction MOGE စစ်အုပ်စုရဲ့ရေနံလုပ်ငန်းတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းတွင်းမြစ်ရိုးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စက်သုံးဆီပီပါ ၇ လုံး သိမ်းဆည်းလိုက်ကြောင်း (DBTF) ပြော

စစ်ကိုင်းတိုင်း ချင်းတွင်မြစ်ရိုးမှာ မနေ့က မေလ ၁၀ ရက်နေ့က စစ်အုပ်စု စက်သုံးဆီ တင်ဆောင်လာတဲ့ အမြန်ရေယာဉ် ၄ စီးကို ကာကွယ်ရေးတပ်ဖွဲ့တွေဖမ်းဆီးပြီး ယာဉ်ပေါ်ပါတဲ့သူတွေကိုခံဝန် ထိုး ပြန်လွှတ်ပေး ပြီး စက်သုံးဆီပီပါ ၇ လုံးသိမ်းဆည်းခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်ယာဉ်တန်းကို ဘီးလင်းမှာ မိုင်းနှစ်ကြိမ်ဆွဲ၊ တစ်ဦးသေဆုံ

မွန်ပြည်နယ်၊ ကျိုက်ထိုကနေ ဘီးလင်းဘက်ဆင်းလာတဲ့အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်း ၂ ကြိမ်ဆွဲခဲ့ရာ စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ မေ၁၀ရက်နေ့မှာ ဘီးလင်းဘက်ဆင်းလာတဲ့ စစ်ကား ၁၃ စီးကို ကျိုက်ထိုမြို့နယ်၊ အင်္ဂပိုရွာနားမှာ KNLA ပူးပေါင်းတပ်ဖွဲ့တပ်မဟာ(၁)တပ်ရင်း(၃)ပူးပေါင်းအဖွဲ့က တစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ဆက်ထွက်လာတဲ့ယာဉ်တန်းကို ဘီးလင်းအထွက် ဒေါင်းရပ်ရွာအရောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ၁၄/အင်းလျား ကန်ဒေါ်လာ၃သန်းဖိုး ရောင်းချပြီးပြီ

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ ရန်ကုန်မြို့ရှိ ၁၄/အင်းလျားအိမ်နဲ့ခြံ ရောင်း ချမှု ၅ရက်မြောက်မှာ အမေရိကန်ဒေါ်လာ၃သန်းဖိုး ဝယ်ယူပြီးပြီလို့ သိရပါတယ်။ ‘စတင်ရောင်းချပြီး ငါးရက်ပြည့်မြောက်ချိန်မှာ ပြည်တွင်း၊ပြည်ပကနေ တခဲနက် ဝယ်ယူအားပေးကြတာ အမေရိကန်ဒေါ်လာ ၃ သန်း ပြည့်မီသွားပြီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆင်ပွတ်ကြီးရွာ သွေးသောက်အဖွဲ့ ဒုခေါင်းဆောင်၂ဦး ရှင်းလင်းခံရ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ဆင်ပွတ်ကြီးကျေးရွာမှာရှိတဲ့ သွေးသောက်အဖွဲ့ရဲ့ ဒုခေါင်းဆောင် ၂ယောက်ကို ရှင်းလင်းခဲ့တယ်လို့ မန္တလေးမြို့ မြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၁၀ရက်နေ့မှာ ဆင်ပွတ်ကြီးကျေးရွာ သွေးသောက်အဖွဲ့ ဒုတိယခေါင်းဆောင် ၂ဦးဖြစ်တဲ့ ကိုဖြိုးကျော်နဲ့ ကိုမုန့်နီတို့ကို မန္တလေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဖြူမြို့နယ်မှာ သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူတစ်ဦး ရှင်းလင်းခံရ

တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုဘယ်ဒေသ ပရဒတ်ကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး သွေးသောက်အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူ ဦးညီညီကို အမည်မသိသေနတ်သမားတစ်ဦးက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၁၀ရက်နေ့ နေ့လည်ပိုင်းမှာ ဦးညီညီဟာ ပရဒတ်ကျေးရွာကနေ သူရဲ့ ခြံကို [ဆက်လက်ဖတ်ရှုရန်]