မန္တလေး LGBT သပိတ်လှုပ်ရှားမှု

Photo – LGBT union Mandalay
မေလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာလိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများ ဆန့်ကျင်ရေးနေ့ (IDAHOT Day) အဖြစ်နဲ့ “ကြောက်စိတ်ကိုဖျောက် ခြောက်စိတ်ကပ်ကာ စကစကို တွန်းလှန်မည်” စာသားနဲ့အတူ“ President Biden,Please Sanction MOGE စစ်အုပ်စုရဲ့ရေနံလုပ်ငန်းတွေကို ပိတ်ဆို့ပေးဖို့ တောင်းဆိုချက်စာသားတွေကို မန္တလေးမြို့တနေရာမှာ ချိတ်ဆွဲပြီး ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။
အဆိုပါ လှုပ်ရှားမှုကို မန္တလေး LGBT သပိတ်စစ်ကြောင်း (LGBT Union Mandalay)၊ လူငယ်များသမဂ္ဂနဲ့ သပိတ်တက်ကြွလူငယ်တွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။