ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းကို တစ်ပတ်တာမသုံးကြဖို့ ထုတ်ပြန်

စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းကို တစ်ပတ်တာလုံးဝအသုံးမပြုကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစု၆ဖွဲ့က မေတ္တာရပ်ခံကြောင်း အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်သား၊ရဲ၊သွေးသောက်နဲ့ ပျူစောထီးတို့ဟာ ပြည်သူ့ကားတွေကို ပြန်ပေးဆွဲပြီး တိုက်ပွဲဖြစ်ပွား ရာနေရာတွေဆီ လူအင်အားနဲ့လက်နက်အင်အားဖြည့်တင်းနေတာကြောင့် ဇွန်၁၉ရက်နေ့(ဒီနေ့)ကနေ ဇွန်လ ၂၅ရက်နေ့အထိ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းကို အသုံးမပြုကြဖို့ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်းPHOENIX(SGG) ကထုတ်ပြန်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နယ်သာလန်ဆရာတော်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည် (၇၇) နှစ်မြောက်မွေးနေ့ဆွမ်းကပ်လှူဒါန်း

မနေ့က ဇွန်လ ၁၈ ရက်နေ့မှာ နယ်သာလန်နိုင်ငံ ဘရေဒါမြို့ရှိ (နယ်သာလန်ဆရာတော်)ကျောင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်မြောက်မွေးနေ့ ကို ဆွမ်းကပ်လှူဒါန်းခြင်း နဲ့ ဝဝစား များများလှူ အစီအစဥ်တွေ ပြုလုပ်ခဲ့ကြပါတယ်။ နယ်သာလန်ရောက်မြန်မာနိုင်ငံသားတွေစုပေါင်းပြီး မွေးနေ့အတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ အကြမ်းဖက်တပ် ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၅ဦးသေတယ်လို့ပြော

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သင်တောရွာကနေ ထွက်လာတဲ့ အကြမ်းဖက်တပ်ကို ရှေ့ထွက်ပြောင်းတွေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးသေဆုံးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA)က ဒီ ကနေ့ထုတ်ပြန်ပါတယ်။ ဇွန်၁၈ရက်နေ့၊မနက်၇နာရီလောက်မှာ တောင်ခင်ရန်းရွာမှာ ညအိပ်ပြီး မြောက်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်သား၂၀၀ကျော်တို့ကို သင်တောရွာအထွက်မှာ PDF-(701)Gangaw Battalion [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာတပ်စွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်၊၄ဦးသေကြောင်းထုတ်ပြန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ဒေါင့်အင်းကုန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၄ဦးသေဆုံးခဲ့ကြောင်း Yedashe-PDF 2 က ဒီကနေ့ထုတ်ပြန်ပါတယ်။ ဒေါင့်အင်းကုန်းရွာမှာ အကြမ်းဖက်စစ်သားအင်အား၅၀လောက်တပ်စွဲထားပြီး ဇွန်၁၅ရက်နေ့ ညနေ၆နာရီ လောက်မှာ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့က မူးယစ်ဆေးရောင်းနေတဲ့အိမ်ကို သေနတ်သမားတွေက ခြိမ်းခြောက်ငွေတောင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ သေနတ်သမားနှစ်ဦးက အိမ်တစ်အိမ်ကို လက်နက်ပြခြိမ်းခြောက်ပြီး ငွေ ၁၅သိန်းတောင်းယူခဲ့တယ်လို့ မြို့ခံတွေက DNA ကို ပြောပါတယ်။ ဇွန်လ ၁၅ ရက်နေ့က ကလေးမြို့နယ် မြောက်ပိုင်းရွာတစ်ရွာမှာ Mask တပ်ထားတဲ့ လူနှစ်ယောက်ဟာ သေနတ်အတို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုတပ်တွေကြောင့် ဂန့်ဂေါ – ကလေး ကားလမ်းဘေးက ပြည်သူတွေ နေအိမ်စွန့်ခွာထွက်ပြေး

ဒီနေ့ ဇွန်လ ၁၈ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတွေချီလာတာကြောင့် ဂန့်ဂေါ- ကလေး ကားမကြီးဘေးက ပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ကားလမ်းဘေးအိမ်တွေဆို ခြောက်ကပ်လို့ လူမနေကြတော့ဘူးလေ။ အခုထိုးလာတဲ့ စစ်ကြောင်းက တော်တော်ရက်စက်ကြမ်းကြုတ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ် ကလေး တစ်ဦး စစ်ဘေးရှောင်နေစဉ် သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပူကွန်းရွာသားတွေ ၃ ရက်ကြာစစ်ဘေးရှောင်နေစဉ် အတွင်းကိုယ်ဝန်ဆောင်မိခင်တစ်ဦးရဲ့ကလေးသေဆုံးသွားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်၁၁ရက်နေ့ကနေ ၁၄ရက်နေ့အထိ ပူကွန်းရွာထဲ တပ်စွဲနေထိုင်စဉ် ပူကွန်းရွာသား တွေထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်ပါတယ်။ စစ်ဘေးရှောင်ကလေးငယ် ဘာ့ကြောင့်သေဆုံးသွားသလဲဆိုတာကိုတော့ မဖော်ပြထားပါဘူး။ အကြမ်းဖက်စစ်တပ်က ပူကွန်းကျေးရွာမှာ တပ်စွဲထား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အိန္ဒိယရောက် မြန်မာစစ်ရှောင်အားလုံးနီးပါးကို မီဇိုရမ်ပြည်နယ်က ဒုက္ခသည်ကတ် ထုတ်ပေးပြီးဖြစ်

အိန္ဒိယရောက် မြန်မာစစ်ဘေးဒုက္ခသည်အားလုံးနီးပါးကို မီဇိုရမ်ပြည်နယ်က ဒုက္ခသည်အသိအမှတ်ပြု ကတ် (ID) ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ဒေသခံတွေဟာ ဘေးလွတ်ရာဒေသနဲ့ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ စစ်ဘေးရှောင်အား လုံးရဲ့ ၉၉ရာခိုင်နှုန်းကျော်ကို ID [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ စစ်တပ်က ပြည်သူ၆ဦးကို သတ်ဖြတ်၊၅ဦးကို လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းလို့ ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ရွာမှာ အကြမ်းဖက်စစ်တပ်က ပြည်သူ ၆ဦးကို သတ်ဖြတ်ခဲ့ပြီး ၅ဦးကို လက်ပြန်ကြိုးတုပ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဂန့်ဂေါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က မနေ့ ညပိုင်းက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၃ရက်က ညောင်လယ်ရွာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မြို့နယ်အတွင်း လက်နက်ကြီးအလုံး ၄၀ ကျော်ပစ်ခတ်၊ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးအလုံး၄၀ကျော်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရကြောင်း သိရပါတယ်။ ဒီနေ့မနက် ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ ယင်းမာပင်ကနေ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက် ထွက်ဖို့ကြိုးစားနေပြီး ရှေ့ပြေးထွက်လာတဲ့ စစ်တပ်ဟာ ဒီနေ့မနက် ၆နာရီကနေ၁၀နာရီအတွင်း အင်ညင်းတောင်အနီး ရွှေတောင်ပေါ် [ဆက်လက်ဖတ်ရှုရန်]