ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု

ဒီနေ့ ဇွန်လ၂၆ရက် မှာ “မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှဒူးထောက်မှာမဟုတ်ဘူး”စာတန်းကို ရန်ကုန်-မန္တလေးအမြန်လမ်းက တံတားတစ်ခုပေါ်မှာ ချိတ်ဆွဲပြီး မန္တလေးသပိတ်အင်အားစုတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ ချင်းလူမျိုး အာဇာနည် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခုလိုလှုပ်ရှားခဲ့ကြတာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ထုတ်ဘီယာတွေရောင်းနေတာရပ်ဖို့ ရွှေဘိုမြို့ပေါ်ကဆိုင်ကို သတိပေး

စစ်တပ်ထုတ်ကုန်ဘီယာတွေကို နှစ်ပတ်အတွင်း ဖယ်ရှားဖို့ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်က ဆိုင်တစ် ဆိုင်ကို ဒေသတွင်းတော်လှန်ရေးအဖွဲ့တချို့က သတိပေးလိုက်ပါတယ်။ ရွှေဘိုမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ အောင်မြင့်မိုရ်ဆိုင်မှာ မြန်မာဘီယာ၊ဒဂုံဘီယာ စတဲ့စစ်တပ်ထုတ်ကုန် တွေ ရောင်းချနေကြောင်း သိရှိရပြီး စစ်တပ်ထုတ်ကုန်တွေကို နှစ်ပတ်အတွင်းမဖယ်ရှားပါက ဆိုင်နဲ့ ဂို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုအပေါ် ထိရောက်မှုမရှိတဲ့ နိုင်ငံတကာရဲ့ လုပ်ဆောင်ချက်တွေကိုရပ်ကြဖို့ အရပ်ဖက် ၁၄ ဖွဲ့ တောင်းဆို

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုအပေါ် ထိရောက်မှုမရှိတဲ့ သတိပေးလုပ်ဆောင် ချက်တွေကို ရပ်တန့်ချိန်ရောက်ပြီဖြစ်ကြောင်း မြန်မာအရပ်ဖက်အဖွဲ့ ၁၄ ဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ (ဇွန် ၂၆ ရက်) ကျရောက်တဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံ၊ ထုံးဖိုလေးရွာကို ဒီနေ့မနက်မှာ စစ်တပ် ထပ်မီးရှို့၊ဘုန်းကြီးကျောင်းပါမကျန် ပြာကျ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ထုံးဖိုလေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ ဒုတိယအကြိမ်လာရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ကြောင်း သိရပါတယ်။ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ဝီယော်ကျေးရွာအုပ်စု၊ ထုံးဖိုလေးရွာကို အကြမ်းဖက်စစ်တပ်က ဘုန်းကြီးကျောင်းပါမချန် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သထုံမြို့နယ် NLD အမတ်ဟောင်းတစ်ဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတော်တဆမှုကြောင့် 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞 လက်နက်တိုက်ရောစခန်းပါ မီးလောင်

ပခုက္ကူခရိုင်အခြေစိုက် 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞 – 𝐔𝐆 အဖွဲ့ ထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် မတော်တဆဖြစ်ပြီး လက်နက်တိုက်ရောစခန်းပါ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန်၂၅ရက်နေ့က ထုတ်လုပ်ရေးလုပ်နေစဉ် မတော်တဆဖြစ်ခဲ့ပြီး ယမ်းစနဲ့ ကျည်တွေ ပေါက်ကွဲမီးလောင်ခဲ့ ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြို့လှ ဒေသခံ ၆ ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့က ဒေသခံပြည်သူ ၆ ဦးကို အကြမ်းဖက်စစ်တပ်က ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ဇွန် ၂၂ ရက်နေ့က မြို့လှမြို့၊ အမှတ် ၅ ရပ်ကွက်နေ ကိုဝေလင်းဦး ၊ ၂၃ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုအန္တရာယ် စိုးရိမ်ရတာကြောင့် ဆားလင်းကြီးမြို့ပေါ်ဒေသခံတွေ အမြန်ဆုံးတိမ်းရှောင်ကြဖို့ သတိပေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး ဆားလင်းကြီးမြို့ပေါ်ကိုလည်း ရောက်ရှိလာနိုင်တာကြောင့် မြို့ပေါ်ကနေ အမြန်းဆုံးတိမ်းရှောင်ကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ မြို့ခံအချို့ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။ “ကျွန်တော်တို့လည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရားမဝင် သစ်တင်ကားတစ်စီးကို KNDF ဖမ်းဆီးမိ

ကယားပြည်နယ်၊ လွိုင်ကော်ကနေ မိတ္ထီလာဘက် တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ကားတစ်စီးကို ဖမ်းဆီးမိခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF-Pekhon Zone) က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဇွန် ၂၅ ရက်နေ့မှာ KNDF တပ်ရင်း (၃) လုံခြုံရေးဆောင်ရွက်ရာ လမ်းတစ်လျှောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘို-နောင်ကြီးအိုင်လမ်းကို ညဘက် ဖြတ်သန်းခြင်းမပြုဖို့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ရွှေဘို-နောင်ကြီးအိုင်လမ်းကို ဒီနေ့ကစပြီး ညဘက် ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ SNAKE EYES PDF က ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ ရွှေဘို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

Spring Bridge Online School မှာ နောက်ထပ်ကျောင်းသား ၁၀၀၀ လောက် ထပ်မံလက်ခံမယ်

Spring Bridge Online School မှာ ဒုတိယအသုတ်အဖြစ် နောက်ထပ်ကျောင်းသား ၁၀၀၀ လောက်ကို လက်ခံ သင်ကြားပေးမယ်လို့ သိရပါတယ်။ ၂၀၂၂၊ ဇွန် ၆ ရက်နေ့က စတင်ကာ ကျောင်းသား ၁၁၂၀ ဦးကို [ဆက်လက်ဖတ်ရှုရန်]