ဒေသအလိုက် သတင်းကဏ္ဍ

ကပစ(၂၅)ကစစ်ကောင်စီယာဥ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ

ဆောမြို့နယ် စေတုတ္တရာ – လောင်းရှည်လမ်းပိုင်းတနေရာမှာ စစ်ကောင်စီယဥ်တန်းကို စက်တင်ဘာ (၃၀) ရက် မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေ လည်း ရှိတယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(၆)(လောင်းရှည်PDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်္ဂလာဒုံ၊ ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

မင်္ဂလာဒုံမြို့နယ်၊ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့​တယ်လို့ Young Defence Power Force အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို စက်တင်ဘာ ၃၀ရက် ည၈နာရီဝန်းကျင်မှာ မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ Young Defence Force နဲ့ HMAWBI REVOLUTION FORCE [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာစီးပွားရေးဘဏ်က စစ်တပ် ပစ်ခတ်တိုက်ခံရပြီး ခြင်းခတ်နေတဲ့တပ်ဖွဲ့တွေအပါအဝင် ခြောက်ဦးသေ

မုံရွာစီးပွားရေးဘဏ်က လုံခြုံရေးတာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားစနစ်နဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ရာမှာ ခြင်းခတ်နေတဲ့ စစ်သားလေးဦးအပါအဝင်ခြောက်ဦးသေဆုံးခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက DNAကို ပြောပါတယ်။ စစ်ကောင်စီစစ်သားတွေ သတိပေါ့လျော့ဆုံးအချိန်ကို အမြဲစောင့်ကြည့်စေပြီး အကြောင်းကြားလာတာနဲ့ သွား ရောက်ပစ်ခတ်တာဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာက ဓားပြဂိုဏ်းကို ဝက်လက်PDF ဖမ်းဆီး၊အဓိကခေါင်းဆောင်လွတ်မြောက်နေသေးတယ်လို့ဆို

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ အင်အား (၁၅)ဦးပါနာမည်ကြီးဓားပြဂိုဏ်းတခုကို ဖမ်းမိခဲ့ပြီး အဓိကခေါင်းဆောင်ဖြစ်သူကတော့လွတ်မြောက်နေသေး တယ် လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၁၈) တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။ “အခုမိတာက ဒုခေါင်းဆောင်အဆင့်လောက်ပါ”လို့ သူကပြောပါတယ်။ဖမ်းမိထားတဲ့ ဓားပြအဖွဲ့နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားပေမယ့် မပျက်ကွက်ခဲ့တဲ့ ကလေးမြို့သပိတ်

ကလေးမြို့ပေါ်မှာ ဒီကနေ့စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပေမယ့် ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ကတော့ မပျက်မကွက် သပိတ်ချီတက်ခဲ့ပါတယ်။ “ဒီရက်ပိုင်းမြို့ပေါ်အနေထားကတော့ပြည်သူလူထုအားလုံးသိထားတဲ့အတိုင်းပေါ့ဗျာ၊အသွားအလာကစ မလွယ်ကူတဲ့ အနေထားမှာသပိတ်ရက်မှန်ဖို့ကို အတော်လေးဂရုစိုက်နေရတဲ့အနေထားပါ” လို့ သပိတ်ခေါင်း ဆောင်တစ်ဦးကပြောပါတယ်။ စစ်ကောင်စီက ခုရက်ပိုင်းအတွင်း ဆန္ဒပြပွဲပြုလုပ်တဲ့ မြို့နယ်တွင်းနေရာတွေကို လက်နက်ကြီးတွေနှင့်ပစ်ခတ်ခဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာစီးပွားရေးတက္ကသိုလ်က စစ်ကောင်စီတပ် လက်လုပ် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

မုံရွာစီးပွားရေးတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စက်တင် ဘာလ (၂၉) ည ၇ နာရီမှာလက်လုပ်လက်နက်ကြီး (၄၀) မမ တွေနဲ့တိုက်ခိုက်လို့စစ်ကောင်စီတပ်သား နှစ်ဦးသေ ဆုံးတယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ကို အခြေအနေစောင့်ကြည့်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့အဝင် စစ်တပ်ဂိတ်မှာ ဗိုလ်ကြီးသားမက်လို့ဆိုသူကို ဂိတ်ကစစ်သားတွေက ဆဲဆို

ဂန့်ဂေါမြို့အဝင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှု တွေလုပ်နေချိန် ဗိုလ်ကြီးတဦးရဲ့ သားမက်ဖြစ်ကြောင်းကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆို ကြိမ်းမောင်းခဲ့တယ် လို့ မျက်မြင်တွေ့တဲ့ ဒေသခံက DNA ကိုပြောပါတယ်။ “ကားတစီးကရပ်ပြီး ကျနော်ဗိုလ်ကြီး….ရဲ့သမက်ပါလို့ပြောတော့ ….ဗိုလ်ကြီးရဲ့ သားမက်လည်းနားမလည်ဘူး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူး PDF တပ်ရင်း (၃)က တပ်သားလေးဦးကို ရာသက်ပန်ထုတ်ပယ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) တမူးမြို့က တပ်စည်းကမ်းမလိုက်နာပဲ ဆန္ဒအ လျောက် ထွက်ပြေးသွားတဲ့ တပ်သားလေးဦးကို ရာသက်ပန်ထုတ်ပယ်လိုက်တယ်လို့ အဲ့ဒီတပ်ရင်း ပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါတယ်။ တပ်ရင်းကနေ ထွက်ပြေးသူတွေဟာ ၊ စစ်ကိုင်းတိုင်းကမောင်ညီမင်းခန့်၊ မောင်ဟိန်းဖြိုးဦး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ် ကျော်နီမော်ကျေးရွာက စစ်ကောင်စီတပ်သားနဲ့ ရွာခံပျူ စောထီး အပါအဝင် ငါးဦးကို ပစ်ခတ်တိုက်ခိုက်ရာမှာနှစ်ဦးသေဆုံးပြီး ၊ နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ အဲ့ဒီပစ်ခတ်မှုမှာ လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တဦး မသေမချင်းနှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ့ရ

မိုးဗြဲ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တဦးရဲ့ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရာမှာ မသေမချင်းနှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ပါတယ်။ အခုလ (၂၃)ရက်ဖြစ်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ တပ်ဖွဲ့ဝင်သုံးဦးကို လိုက်လံရှာဖွေရာမှာ စစ်ကောင်စီတပ်က [ဆက်လက်ဖတ်ရှုရန်]