ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်မှာ အမျိုးသမီးသုံးဦးကို စစ်ကောင်စီက နေအိမ်မှာ ဖမ်းဆီး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၇) ရပ်ကွက်ရပ်ကွက်၊ ကျောင်းကုန်း ၃ လမ်းမှာနေထိုင်တဲ့ အမျိုးသမီး သုံးဦးကို ဧည့်စာရင်း မတိုင်တဲ့အတွက်လို့ အကြောင်းပြပြီး စစ်ကောင်စီတပ်တွေက နိုဝင်ဘာ (၁၇) ရက် ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောမြို့က စစ်ဘေးရှောင်တွေ ရိက္ခာနဲ့ ဆေးဝါးအကူအညီလိုအပ်နေ

စစ်ကောင်စီရဲ့မီးရှို့ဖျက်ဆီးမူကြောင့် ကျေးရွာတွေကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတဲ့ ဆောမြို့နယ် လက်ပန်းရွာနဲ့ ပဆုတ်ရွာက ပြည်သူတွေအတွက် ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပဆုပ်ရွာသားတဦးက DNA ကိုပြောပါတယ်။ “ကျွန်တော်တို့ ရပ်ရွာလူကြီးတွေ စည်းဝေးကြတာပေါ့၊ ရိက္ခာက မလိုအပ်တာတော့ မဟုတ်ဘူး၊ ပထမအရေးကြီးဆုံးက ဆေးဝါးဖြစ်တယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးမှာ ပြည်တွင်းစက်သုံးဆီမဝင်လို့ အိန္ဒိယဘက်ကစက်သုံးဆီ မှောင်ခိုသွင်းနေရ

မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့မှာ လတ်တလော စစ်‌ရေး အခြေအနေတွေကြောင့် လမ်းကြောင်းပိတ်နေလို့ ပြည် တွင်းစက်သုံးဆီပြတ်နေပြီး အိန္ဒိယဘက်က မှောင်ခိုတင်သွင်း အသုံးပြုနေရတယ်လို့ တမူးမြို့ခံတွေက ပြောပါတယ်။ အိန္ဒိယဘက်က မှောင်ခိုတင်သွင်းတဲ့ စက်သုံးဆီတွေဟာ ပြည်တွင်း စက်ပစ္စည်းတွေနဲ့ ကိုက်ညီမှုမရှိလို့ ရေရှည်အဆင်မပြေနိုင်တဲ့အပြင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်လတ်မြို့ခံ ဆေးကျောင်းသားတဦး အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲခံရ

ရန်ကုန်စစ်ခုံရုံးကနေ ဧရာဝတီတိုင်း ကျိုက်လတ်မြို့တရားရုံးကို လွှဲပြောင်းထားတဲ့ ကျိုက်လတ်မြို့ခံ ဆေး ကျောင်း သား တဦးဟာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မဖြစ်တဲ့ ၅၀(ည)နဲ့ တရားစွဲဆိုခံထားရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ကျိုက်လတ်မြို့ (၂၄) လမ်းက မြို့ခံဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်ကြီးကြောင့် ကရင်နီဒေသမှာ လဝက်အတွင်း ပြည်သူတဦးသေဆုံးပြီး သုံးဆယ်နီးပါး ဒဏ်ရာရ၊ အိမ်ငါးဆယ် ကျော်ပျက်စီး

စစ်ကောင်စီက အရပ်သားတွေနဲ့ လူနေဒေသတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကရင်နီ (ကယား) ပြည်နယ်မှာ အခုလဝက်အတွင်း ပြည်သူတဦးသေဆုံးပြီး (၂၈) ဦးဒဏ်ရာရသလို နေအိမ် (၅၁) လုံး ပျက်စီးခဲ့တယ်လို့ ကရင်ပြည်နယ် အတိုင်ပင်ခံကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒါဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ စစ်တပ်ကကျူးကျော်ဆိုပြီးဖျက်လို့ အိမ်ထောင်စုပေါင်းလေးထောင် ဒုက္ခရောက်

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ထဲက မန္တလေး-လားရှိုးမီးရထားလမ်းဘေးတလျှောက်မှာရှိတဲ့နေအိမ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကစပြီး ကျူးကျော်အိမ်တွေဆိုပြီး စစ်တပ်ကဖိအားပေးဝင်ရောက်ဖျက်ပစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မန္တလေးတိုင်း ပြည်ကြီးတံခွန် ၊ အောင်မြေသာဇံ ၊ မန္တလေး-လားရှိူးမီးရထားလမ်းဘေး နဲ့ မန္တလေး ၄၉ လမ်းမပေါ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘားအံမြို့ မိကရင်ရွာက နေအိမ်တအိမ်ကို BGF က ပစ်ခတ်လို့ကလေးတဦးအပါအဝင် လေးဦးသေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိကရင်ရွာက နေအိမ်တအိမ်ကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) က နိုဝင်ဘာ (၁၇) ရက် မနေ့က ညနေငါးနာရီဝန်းကျင်မှာ လက်နက်ငယ်တွေနဲ့ပစ်ခတ်သွားတာကြောင့် ၇ နှစ်အရွယ် ကလေးတဦးအပါအဝင် သုံးဦးသေဆုံးသွားတယ်လို့ အဲ့ဒီရွာခံတဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးအနောက်တောင်ဘက် ရွာတွေကို စစ်တပ်စစ်ကြောင်းထိုးလို့ ဒေသခံလေးထောင်ဝန်းကျင် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်တောင်ဘက်ခြမ်းကို နိုဝင်ဘာ ၁၇ ရက်မနေ့ကစပြီး စစ်တပ်က အင်အား တရာလောက်နဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံ လေးထောင်လောက် တိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ အခုလို ဒေသခံ ထောင်ချီ ထပ်ပြီးတိမ်းရှောင်ရတာကြောင့် ခင်ဦးမြို့နယ်အတွင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်အရှေ့ခြမ်းက နေရပ်စွန့်ခွာပြေးနေရတဲ့ စစ်ရှောင်တွေ

ပြီးခဲ့တဲ့ နိုဝင်ဘာလပထမပတ်ထဲမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့နှစ်ဖက်တိုက်ပွဲတွေကြား ဝက်လက်မြို့နယ် အရှေ့ခြမ်းက ရွာပေါင်း ၄ ရွာလောက်ဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ရွာ၄ ရွာက အိမ်ခြေ ၃၀၀ နီးပါးဟာ မီးလောင်ပျက်စီးခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်ထောင်က အကျဉ်းသား သတင်းထောက်တဦး ၊ နိုင်/ကျဉ်းလေးဆယ့်ခုနှစ်၊ ရိုဟင်ဂျာ ငါးဆယ် အပါအဝင် အကျဉ်းသားနှစ်ရာကျော် ပြန်လွှတ် ၊ နိုင်ကျဉ်းတဦးကို ထောင်ဝမှာတင် ပြန်လည်ဖမ်းဆီး

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ အကျဉ်းထောင်ကနေ အကျဉ်းသား (၂၀၀) ကျော် ကို နိုဝင်ဘာ (၁၇) ရက် ၊ အမျိုးသားနေ့၊ မနေ့က ညနေ (၅) နာရီခွဲလောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ် ။ [ဆက်လက်ဖတ်ရှုရန်]