ဒေသအလိုက် သတင်းကဏ္ဍ

ရေနံချောင်းမှာ ရေဆင်းကူးသူ ကိုးဦးရေနစ်ရာက လေးဦးပျောက်ဆုံး၊တဦးအလောင်းပြန်တွေ့

မတ်၊ ၇ မကွေးတိုင်း၊ရေနံချောင်းမြို့၊ညောင်လှဆိပ်ကမ်းမှာ ရေဆင်းကူးရာက ဒေသခံကိုးဦး ရေနစ်ခဲ့ပြီး ငါးဦးကို ကယ် ဆယ်နိုင်ခဲ့ပေမယ့် လေးဦးကတော့ ရေနစ်ပျောက်ဆုံးသွားတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိ ရပါတယ်။ ပျောက်ဆုံးသူ လေးဦးထဲက တဦးရဲ့ရုပ်အလောင်းကိုတော့ ဒီကနေ့ မတ်လ ၇ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မြေနဲ့အိမ်နဲ့လက်ဝယ်ပိုင်ဆိုင်သူတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ လုပ်နေ

မတ်၊ ၆ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က မြေနဲ့အိမ်ပိုင်ဆိုင်မှုမိတ္တူ စာရွက်တွေနဲ့ အမှန်တကယ်ဝယ်ယူ၊ပိုင်ဆိုင်ထားသူတွေအပါ် အဓမ္မလိမ်လည်ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သူတွေက DNAကိုပြောပါတယ်။  “ကျွန်တော်တို့အမေက သူ့ယောက်ခမဆီကနေ အမွေပါအပြီးဆိုပြီး အိမ်ကိုဝယ်ခဲ့တယ်၊ ဝယ်ထားတာ လည်း ကြာပြီ၊အခုအိမ်ပြန်ရောင်းမယ်လည်းဆိုရော သူတို့(အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ)ဆီမှာ အိမ်ဂရံမိတ္တူကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကချင်ပြည်နယ်က ၅/ မှတ်ပုံတင် ကိုင်ဆောင်သူတွေ စိစစ်တင်းကြပ်ခံနေရ

မတ်၊ ၆ ကချင်ပြည်နယ်က လီဒိုလမ်းမကြီးအပါအဝင် လမ်းတချို့နဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတချို့မှာ စစ်ကိုင်းတိုင်းဒေသကြီး မှတ်ပုံတင်အမှတ် ၅/ ကိုင်ဆောင်ထားတဲ့ ခရီးသွားတွေနဲ့ နေထိုင်သူတွေကို တင်းတင်းကြပ်ကြပ်စိစစ်နေတယ်လို့ DNA ရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ ပုံမှန်စစ်ဆေးရေးဂိတ်တွေကတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်ကြီးက ဆည်တော်ကြီးမြောင်းမှာ ဦးခေါင်းမပါတဲ့ အမျိုးသားရုပ်အလောင်းတွေ့

မတ်၊ ၆ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ ထဲက ဆည်တော်ကြီးမြောင်းထဲမှာ ဦးခေါင်းမပါတဲ့ အမျိုးသားရုပ်အလောင်း တလောင်းကို မတ်လ ၄ရက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ “၄ရက်နေ့ ည၇နာရီခွဲလောက်က ချောင်းမကြီးထဲမှာ ခေါင်းမပါတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗိုလ်ချုပ်စျေးကကျောက်စိမ်းဆိုင်ဖောက်ထွင်းခံရမှု စီစီတီဗီမှတ်တမ်းမရရှိလို့တရားခံရှာဖို့ခက်နေ

မတ်၊ ၅ ရန်ကုန်၊ဗိုလ်ချုပ်အောင်ဆန်းစျေးထဲမှာဖွင့်ထားတဲ့ Rose Jewellery နှင်းဆီရတနာဆိုင် ဖောက်ထွင်းခံရပြီး  တန်ဖိုးကြီးကျောက်စိမ်းပစ္စည်းတွေနဲ့လက်ဝတ်ရတနာပစ္စည်းတွေ အများအပြားပါသွားတဲ့အပြင်ဒီတရားခံဖမ်းဆီးရမိမှုမရှိသေးဘူးလို့သိရပါတယ်။ အဲ့ဒီ့ဖောက်ထွင်းမှုအတွင်း ဆိုင်မှာရှိတဲ့ ကျောက်စိမ်းလက်ကောက်တွေ၊ ကျောက်စိမ်းပန်းပုတွေ၊ကျောက်စိမ်းလက်စွပ်တွေ၊ ကျောက်စိမ်းနားကပ် စတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုပဲ အများအပြားရွေးယူသွားတာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးသိန်းရာဂဏန်းအထက်ခိုးယူခံရတယ်လို့လည်းဆိုင်ရှင်ဖြစ်သူရဲ့ပြောကြားချက်အရသိရပါတယ်။ “မနေ့ကမှသိတာခိုးသွားတာနည်းတာမဟုတ်ဘူး။တရားခံလဲခုထိမမိသေးဘူး။ဆိုင်ဖွင့်တော့မသက်ာတာနဲ့ လူကြီးစုံရနဲ့ခေါ်ဖွင့်တော့မှအဖောက်ခံရမှန်းသိတာ။ခိုးတာကတန်ဖိုးကြီးတာတွေချည့်ပဲရွေးခိုးသွားတာ။တရားခံကဘယ်စီနေမှန်းကိုမသိသေးဘူး။ခုထိစီစီတီဗီမှတ်တမ်းကလဲမရဘူး။ကျမကလဲအဲ့အပိုင်းတွေကိုနားမလည်ဘူး။ခုထိဆိုက်ကပိတ်ထားတုန်းပဲရဲကတော့ဆိုင်ကိုဓါတ်ပုံလာရိုက်သွားတယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“ ဖိုဝါဒီလွှမ်းမိုးသော စကားဝိုင်းများ”ဓာတ်ပုံပြပွဲ

မတ်၊ ၅ “ ဖိုဝါဒီလွှမ်းမိုးသော စကားဝိုင်းများ”ဓာတ်ပုံပြပွဲ ဆိုတဲ့ ပြပွဲတခုကို ဒီကနေ့ မတ်လ ၅ ရက်နေ့က ချင်းမိုင်မြို့၊ လမ်ဒင်း ကဖီးအနီးမှာပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီပွဲကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ The Salween Institute for [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပြည်သူ့တပ်ဖွဲ့က ခြောက်လအတွင်းအမှုပေါင်း တရာ့နှစ်ဆယ်ကျော်ကို တရားစွဲဆို၊ မူယစ်ဆေးဝါးမှုအများဆုံးဖြစ်

မတ်၊ ၅ စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ရှိ ကလေးပြည်သူရဲတပ်ဖွဲ့က ၆ လတာကာလအတွင်း အမှုပေါင်း ၁၂၀ ကျော်လောက်ကို အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သလို အဲဒီအမှုတွေထဲမှာ မူးယစ်ဆေးဝါးအမှုက အများဆုံးဖြစ်တယ်လို့ ကလေးမြို့ပြည်သူရဲတပ်ဖွဲ့ (တောင်ပိုင်း) တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဦးကျော်သူရဲ့ ဖခင် ဦးစိန်တင်(အမျိုးသားရုပ်ရှင်) ရဲ့နာရေးမြင်ကွင်း

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဦးကျော်သူရဲ့ ဖခင်ဖြစ်သူ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့  နာယက တဦးဖြစ်တဲ့ ဦးစိန်တင်(အမျိုးသားရုပ်ရှင်) ရဲ့ နာရေးကို ဒီကနေ မတ်လ ၅ ရက်နေ့က ရေဝေးသုသာန်မှာပြုလုပ်ခဲ့ပါတယ်။ ဦးစိန်တင်(အမျိုးသားရုပ်ရှင်)ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က  ရန်ကုန်မြို့ကနေအိမ်မှာ လူကြီးရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမြန်လမ်းကားမှောက်မှုအတွင်း မြန်မာပြည်လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံလည်း သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၇အနီးမှာ ဒီကနေ့မနက်အစောပိုင်းကဖြစ်ခဲ့တဲ့ ခရီးသည် တင်ကား တိမ်း မှောက်မှုအတွင်းသေဆုံးသူတွေထဲမှာ  ရိုးရာလက်ဝှေ့မြန်မာပြည်ချန်ပီယံဟောင်း ရွှေဓူဝံလည်းပါဝင် တယ်လို့ ရိုးရာ လက်ဝှေ့အသိုင်းအဝိုင်းနဲ့မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေဆီကသိရပါတယ်။ အဲ့ဒီယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပါဝင်လုပ်ဆောင်ခဲ့တဲ့ တောင်ငူပရဟိတ အသင်းတာဝန်ရှိသူတဦးကတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နေပြည်တော်မှာ နှစ်တန်းကျောင်းသူဆီက ရွှေထည်ပစ္စည်းတွေဖြုတ်ယူခံရမှုဖြစ်

မတ်၊ ၃ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာအသက် ၁၁ နှစ်အရွယ်ကလေးငယ်တဦးကိုအမျိုးသမီးတဦးကစျေးထဲကနေခေါ်သွားပြီး ဝတ်ဆင်ထားတဲ့ရွှေထည်တွေခိုးယူသွားမှု မနေ့ကဖြစ်ခဲ့တယ်လို့မိသားစုဝင်တွေဆီကသိရပါတယ်။ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာမှာနေထိုင်တဲ့ကိုနိုင်လင်း၊ မသီတာတို့ရဲ့သမီး အသက် ၁၁ နှစ်အရွယ် မဖြိုးဖြိုးအောင်ဟာ မနေ့က မနက်ပိုင်းမှာ ရွာထဲ ဈေးဝယ်သွားရင်း အိမ်ပြန်မလာဘဲ [ဆက်လက်ဖတ်ရှုရန်]