ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမှာ မုန်တိုင်းကြောင့် ဒီရေဝင်ပြီးပိတ်မိသူတွေရှိနေ

မေ၊ ၁၄ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အရှိန်ကြောင့် ပင်လယ်ဒီရေမြင့်တက်မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကမ်းနာနေအိမ်တွေအတွင်းမှာ ဒေသခံရာနဲ့ချီပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ “ အကိုရေ၊ အခုက ရေတအားများနေပြီး၊ ကမ်းနားက နေအိမ်အမြင့်တွေမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုခါမုန်တိုင်းကို အညိုရောင်အဆင့်သတ်မှတ်တယ်လို့ စစ်ကောင်စီမိုးဇလထုတ်ပြန်

မေ၊ ၁၄   အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးက စတင်ဖြတ်ကျော် ဝင်ရောက်နေတဲ့အတွက် အညိုရောင်အဆင့် သတ်မှတ်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက် ကိုးနာရီခွဲအချိန်တိုင်းထွာချက်အရ သိရတယ်လို့ ထုတ်ပြန်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးသည်းထန်မှုကြောင့် မန်းချောင်းရေလျှံပြီး မန်းရွှေစက်တော်ရေလွှမ်းနေ

မေ၊ ၁၄   မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာရှိတဲ့ မန်းရွှေစက်တော်မှာ မိုးသည်းထန်မှုကြောင့် မန်းချောင်းရေကျော်ပြီး ရေကြီးရေလျှံမှုဖြစ်နေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။   ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်း မိုချာဟာ ဒီကနေ့ နေ့လယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြင်ဦးလွင်နဲ့ တာချီလိတ်မှာ သစ်ပင်ပိတာ၊ မြေထိန်းနံရံပြိုတာတွေကြောင့် သုံးဦးသေ

မေ၊ ၁၄   ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဝင်ရောက်တော့မယ် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် မိုးရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာတွေကြောင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် နဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေက မုန်တိုင်းရှောင်သူတွေ စားရေရိက္ခာလိုအပ်ချက်များစွာရှိနေ

မေ၊ ၁၄   ရခိုင်ပြည်နယ်၊ စစ်တွေမှာ မိုခါမုန်တိုင်းကို ကြိုတင်ရှောင်ရှားမှုတွေ ပြုလုပ်နေပေမယ့် စားရေးရိက္ခာအတွက်လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံ တွေက ပြောပါတယ်။   မိုခါမုန်းတိုင်းက ဒီကနေ့ မေလ ၁၄ ရက်နေ့မွန်းလွဲချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းအရှိန်ကြောင့် တရက်တည်း နိုင်ငံတဝန်းက မြို့နယ်နှစ်ဆယ်ကျော်မှာ သစ်ပင်ပြိုလဲမှုတွေဖြစ်

မေ၊ ၁၃   လာမယ့် ၂၄ နာရီအတွင်း မြန်မာနိုင်ငံကမ်းရိုးတန်းကို ဝင်ရောက်လာတော့မယ့် အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဒီကနေ့ နိုင်ငံတဝန်းက မြို့နယ်နှစ်ဆယ်ကျော်မှာ မိုးသည်း၊ လေပြင်းတိုက်ကာ သစ်ပင်လဲပြိုမှုအကြိမ်သုံးဆယ်လောက် ဖြစ်ခဲ့တယ်လို့ မီးသတ်ဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်က မုန်တိုင်းရှောင်ပြည်သူတွေ သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေ

မေ၊ ၁၃   လာမယ့် (၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ဖြတ်သန်းတော့မယ့် မိုခါမုန်တိုင်း အန္တရာယ်ကြောင့် ဘေးလွတ်ရာနေရာတွေကို အရေးပေါ်ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မုန်တိုင်းရှောင်ပြည်သူတွေအတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ပြောပါတယ်။   ဒီကနေ့အထိ မြောက်ဦးမြို့ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သာကေတမှာ ရွှေဆိုင်ကိုဓားပြတိုက်မှုဖြစ်၊ ကျပ်သိန်းသုံးထောင်ဝန်းကျင် ပါသွားတယ်လို့ဆို

မေ၊ ၁၃   ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကြယ်စင်လင်း စိန်ရတနာရွှေဆိုင် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က ဓါးပြတိုက်ခံရတာကြောင့် ရွှေထည်ပစ္စည်းမျိုးစုံ တပိဿာဝန်းကျင်နဲ့ ငွေသားတချို့ ပါသွားတယ်လို့ အဲ့ဒီစိန်ရွှေရတနာဆိုင်က တာဝန်ရှိသူတွေဆီက သိရပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းဝင်တော့မယ့်ရခိုင်မှာ စားသောက်ကုန်၊ မုန်တိုင်းကာကွယ်ရေးပစ္စည်းနဲ့ ကားခတွေဈေးတက်

မေ၊ ၁၃   အင်အားပြင်းဆိုင်ကမုန်တိုင်း မိုခါဝင်ဖို့ ရှိနေတဲ့ ရခိုင်မှာ အခြေခံစားသောက်ကုန်တွေ၊ မုန်တိုင်းဒဏ်ကာကွယ်ရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ကားခတွေ အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   မုန်တိုင်းဝင်နိုင်တဲ့ စစ်တွေအပါအဝင် အနီးတဝိုက်မြို့နယ်တွေက ဒေသခံတွေဟာ မြောက်ဦး၊ ကျောက်တော်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုခါမုန်တိုင်း စစ်ကိုင်း၊ ချင်း ၊မကွေးတို့ဆီ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက်ရွေ့လျားနိုင် တယ်လို့ မိုးဇလပြော

မေ၊ ၁၃   ရခိုင်ပြည်နယ် စစ်တွေမြို့အနီးကနေ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဖြတ်ကျော်ဝင်ရောက်မယ့် မိုခါ မုန်တိုင်းဟာ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဆီ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဆက်လက်ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]