ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံး

အောက်တိုဘာ ၊ ၂၈ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာစစ်ကောင်စီနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြား ဒီကနေ့ တိုက်ပွဲ အ တွင်းပူးပေါင်းတပ်ဖွဲ့ဘက်က သုံးဦးကျဆုံးကာ နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင် နေတဲ့ ကျားဖြူစစ်ကြောင်းတပ်ခွဲ၅ ပြန်ကြားရေးတာဝန်ခံက DNAကိုအတည်ပြုပြောပါတယ်။ “ ကျတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မော်လမြိုင်က အထက်တန်းကျောင်း မီးလောင်မှုအတွက် တက္ကသိုလ်ဝင်တန်း ကျောင်းသူတဦးနဲ့မိသားစု ဖမ်းဆီးခံထားရ

အောက်တိုဘာ ၊ ၂၈ မွန်ပြည်နယ်၊မော်လမြိုင်မြို့က နှစ်ပေါင်း ၁၂၀ကျော်သက်တမ်းရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှုနဲ့ပတ်သက်လို့ အဲ့ဒီကျောင်းက Grade-12(တက္ကသိုလ်ဝင်တန်း)ကျောင်း သူတဦးနဲ့မိသားစု ဝင်တွေ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “သူတို့ကတော့ သံသယရှိလို့ ဖမ်းခေါ်သွားတာပဲ၊ သူလုပ်တာဆိုပြီး ပြောတာပေါ့” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းမြောက်တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပြီး ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေ

အောက်တိုဘာ ၊ ၂၈ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေအတွင်းအရပ်သားတွေနေထိုင်ရာဒေသတွေထဲလက်နက်ကြီးကျပေါက်ကွဲတာ၊နှစ်ဖက်တိုက်ပွဲဖြစ်ချိန်ပစ်ခတ်မှုတွေကြောင့်အရပ်သားတွေထိခိုက်သေဆုံးတာတွေရှိနေပြီး ကယ်ဆယ်ရေး လုပ် ငန်းတွေလုပ်ဖို့ခက်ခဲနေတယ်လို့လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်၊နမ့်ခမ်း၊ ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်တို့အတွင်း လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံး၊ဒဏ်ရာ ရသူတွေ ရှိနေပြီး အရေအတွက်ကိုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီစခန်း သုံးခုကိုထပ်မံသိမ်းပိုက်ခဲ့သလို စစ်ကြောင်းတခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့MNDAA အသိပေး

အောက်တိုဘာ ၊ ၂၈ ရှမ်းပြည်နယ်မြောက်ပိုင်းက “၁၀၂၇ စစ်ဆင်ရေး”ဒီကနေ့မနက်ပိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စခန်း သုံးခု ကိုထပ်မံ သိမ်းပိုက်ခဲ့သလိုချင်းရွှေဟော် ဟိုပန်ဒေသမှာလည်း စစ်ကြောင်းတခုကိုကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက် နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိထားတယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်အသိပေးထားပါတယ်။ MNDAA တပ်တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ် တိုက်ပွဲ ပိုပြင်းထန်လာပြီး ဒေသခံရာဂဏန်း ထွက်ပြေးတိမ်းရှောင်နေရ

အောက်တိုဘာ ၊ ၂၈ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲဟာ ဒီကနေ့ပိုမိုပြင်း ထန်လာပြီး ဒေသခံ ရာဂဏန်းလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲကတော့ မနက်ကတည်းကဖြစ်တာ၊ စစ်ရေးက မနေ့ကထက်စာရင် ဒီနေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘိုင်ဒန်နဲ့ ရှီ တွေ့ဆုံဆွေးနွေးရေးကိစ္စ သဘောတူညီမှု ရခဲ့ကြောင်း အမေရိကန်ပြော

အောက်တိုဘာ ၊ ၂၈ တရုတ်နဲ့ အမေရိကန် သမ္မတတွေ တွေ့ဆုံဆွေးနွေးရေးကိစ္စ ကြိုတင် သဘောတူညီမှုတွေ ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိ တဦးက ပြောပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ် သမ္မတ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းရောက် မြန်မာ MoU အလုပ်သမား ခြောက်ဆယ်နီးပါး အလုပ်လက်မဲ့ဖြစ်နေ၊ အေဂျင်စီက တာဝန်မယူ

အောက်တိုဘာ၊ ၂၆   ထိုင်းနိုင်ငံကို နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက် MoU စနစ်နဲ့ သွားတဲ့ မြန်မာအလုပ်သမား ၅၇ ဦးဟာ အောက်တိုဘာ ၁၂ ရက်မှာ ရောက်ခဲ့ပြီးကတည်းက အလုပ်လက်မဲ့ဖြစ်နေကြပြီး သူတို့ကို တာဝန်ယူပို့ပေးတဲ့ အလုပ်အကိုင်အေဂျင်စီကလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝိုင်းမော်မှာ လမ်းဘေးရပ်ထားတဲ့ ကားကို ဝင်တိုက်မိတဲ့ ဆိုင်ကယ်မောင်းသူ သေဆုံး

အောက်တိုဘာ ၊ ၂၆ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊သာဂရ အမှတ်(၄) ရပ်ကွက်မှာ ဒီကနေ့ မနက် ၂ နာရီခန့်က လမ်းမကြီးဘေးမှာရပ်ထားတဲ့ ငှက်ပျောတင်ကားကို ဝင်တိုုက်မိတဲ့ ဆိုင်ကယ်မောင်းသူ အမျိုးသားနေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇက်ဆိပ်မှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF တိုက်ခိုက်

အောက်တိုဘာ ၊ ၂၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့မနက် ၆ နာရီခွဲလောက်မှာ ချင်းတွင်းမြစ်ဆိပ်ကမ်းကို ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစု တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ (ဓားမဆိုင်းတပ်မတော်)တာဝန်ရှိသူက ဆိုပါတယ်။ “ ဇက်ဆိပ်(လှေဆိပ်) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့်မြို့အနီး နမ္မဖြစ်ရွာက စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

အောက်တိုဘာ၊၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး နမ္မဖြစ်ရွာရှိ မြန်မာသူရကျောက်စိမ်းကုမ္ပဏီဝင်းထဲမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်ကို KIAပူးပေါင်းအဖွဲ့က မနေ့ညပိုင်းမှာစီးနင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ် သားတွေ သေဆုံးထိခိုက်မှုများသလို ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ တော်လှန်ရေးအင်အားစု နဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေကပြောကြပါတယ်။ အဲ့ဒီနေရာကို မနေ့ကညဆယ်နာရီဝန်းကျင်လောက်မှာ ကချင်လွတ်လပ်ရေး [ဆက်လက်ဖတ်ရှုရန်]