No Picture
ဒေသအလိုက် သတင်းကဏ္ဍ

တိုင်းစစ်ဌာနချုပ်တခုကို စစ်ကောင်စီထပ်လက်လွတ်ရ နပခကိုသိမ်းပိုက်ပြီး အမ်းမြို့နယ်ကိုAAထိန်းချုပ်

ဒီဇင်ဘာ၊ ၂၀ အမ်းမြို့နယ်က နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် AA ကအပြီးသတ်သိမ်းပိုက်လိုက်ပြီး အမ်းမြို့နယ်တခုလုံးကို ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းဦးစီးဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ AAနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းရောက်မြန်မာတွေ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်အတွက် စစ်ကောင်စီနဲ့ ဆက်နွယ်မှုမလုပ်ဖို့  ထိုင်းအစိုးရကို တောင်းဆို 

ဒီဇင်ဘာ၊ ၁၉ ထိုင်းရောက်မြန်မာတွေအနေနဲ့တရားဝင်အထောက်အထားအဖြစ် ပန်းရောင်ကတ် တခုတည်းနဲ့သာ လွတ်လပ်စွာနေထိုင် အလုပ်လုပ်ကိုင်၊ခရီးသွားလာခွင့်ရနိုင်ရေး ထိုင်းအစိုးရနဲ့လွှတ်တော်တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ NUG အပါအဝင် ထိုင်းအခြေစိုက် မြန်မာရွေ့ပြောင်းအလုပ်သမားရေး အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြောကြပါတယ်။ “ထိုင်းအစိုးရအနေနဲ့ မြန်မာရွေ့ပြောင်းတွေရဲ့ အခြေအနေကို [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ကနီမှာ လူနေရွာတွေ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေးနှစ်ဦးအပါအဝင် ငါးဦးသေဆုံး၊ ဆယ်ဦးနီးပါးဒဏ်ရာရ

ဒီဇင်ဘာ၊ ၁၇ စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ကျေးရွာနှစ်ရွာကို စစ်ကောင်စီက မနေ့ ဒီဇင်ဘာ ၁၆ရက်ညပိုင်းမှာ လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံငါးဦးသေဆုံးပြီး ဆယ်ဦးနီးပါးဒဏ်ရာရကာ နေအိမ်အဆောက်အအုံတချို့ လည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီဟာ မနေ့ည ရှစ်နာရီနဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

တလအတွင်း ဗိုလ်မှူးတဦးအပါအဝင် စစ်ကောင်စီလက်အောက်ခံ သုံးဆယ်ကျော် ခိုလှုံလာတယ်လို့ NUG ပြော

ဒီဇင်ဘာ၊ ၁၆ ပြီးခဲ့တဲ့ နိုဝင်ဘာလ တလတာအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးတဦးအပါအဝင် စစ်သားနဲ့ရဲ စုစုပေါင်း ၃၃ဦး တော်လှန်ရေးအင်အားစုတွေဆီချိတ်ဆက်ခိုလှုံလာခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့အသိပေးပါတယ်။ အဲ့ဒီခိုလှုံလာသူတွေထဲက နှစ်ဆယ်ဦးဟာ လက်နက်ခဲယမ်းတွေယူလာခဲ့ကြတာကြောင့် လက်နက်မျိုးစုံ ၂၀လက်နဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

တော်လှန်ရေးတပ်တွေကလူငယ်တွေကို စစ်ထဲအဓမ္မဆွဲသွင်းနေတယ်လို့ စစ်မှုထမ်းဥပဒေအကောင် အထည်ဖော်နေတဲ့ စစ်ခေါင်းဆောင်တန်ပြန်စွပ်စွဲ

ဒီဇင်ဘာ၊ ၁၅ အကြမ်းဖက်သောင်းကျန်သူတွေလို့ စစ်အုပ်စုနာမည်တပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေဟာ လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့သိမ်းသွင်းပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြတယ်လို့ အာဏာသိမ်းးစစ်ခေါင်းဆောင်က ပြောဆိုစွပ်စွဲလိုက်ပါတယ်။ တော်လှန်ရေးအင်အားစုတွေက လူငယ်တွေကို စစ်ပွဲထဲ အဓမ္မဆွဲသွင်းနေတယ်လို့ ဒီကနေ့နှစ် ၅၀ပြည့် ရခိုင် ပြည်နယ်နေ့ အတွက် [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

တောင်ကုတ်တမြို့နယ်လုံးကို သိမ်းပိုက်နိုင်တော့မယ့် AA

ဒီဇင်ဘာ ၁၃ အာရက္ခတပ်တော်(AA)က အပြင်းအထန်ထိုးစစ်ဆင်နေပြီး တောင်ကုတ်မြို့နယ်က စစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်းတွေဖြစ်တဲ့ အမှတ်-၅ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် စကခ-၅နဲ့ တပ်စခန်းတချို့ကို မကြာခင် သိမ်းပိုက်နိုင်တော့မှာဖြစ်ပြီး မြို့နယ်တခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တော့မယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။ AAက ပိတ်ဆို့တိုက်ခိုက်နေတဲ့ စကခ-၅ ဌာနချုပ်အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူက ပျူစောထီးရွာအခြေစိုက် စစ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်၊ သုံ့ပန်းခုနစ်ဦးနဲ့ လက်နက်ခဲယမ်းတချို့ရ

ဒီဇင်ဘာ၊ ၁၃ မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနီးက ပျူစောထီးရွာတရွာဖြစ်တဲ့ ရေလာလေးကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၁၁ရက်က စီးနင်းတိုက်ခိုက်ရာမှာ နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိ ကာ သုံ့ပန်းခုနစ်ဦးနဲ့လက်နက်ခဲယမ်းတချို့ ရခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုသတင်းနဲ့ ပြန်ကြား ရေးတာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီအရှိုက်ကို ထိုးနှက်ခဲ့တဲ့ နခခ-၅စခန်းသိမ်းတိုက်ပွဲ 

ဒီဇင်ဘာ၊ ၁၁ မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်ပြီး အင်အားအခိုင်အမာနဲ့ ခုခံနေတဲ့ အမှတ်-၅ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ခွဲ နခခ-၅ တပ်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်တာက အာဏာသိမ်းစစ်ကောင်စီကို အရှိုက်ထိုးနှက် အရှက်ရစေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်လလောက်ကတည်းက AAက [ဆက်လက်ဖတ်ရှုရန်]

No Picture
ကချင်ပြည်နယ်

တပတ်ကြာဗန်းမော်တိုက်ပွဲ စစ်ကောင်စီ အထိနာနေ

ဒီဇင်ဘာ၊ ၁၀ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီဖက်က အထိနာနေပြီး ဗိုလ်မှူးချုပ်အဆင့်တာဝန်ရှိသူတွေပါ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ KIAနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကပြောပါတယ်။ စစ်ကောင်စီရဲ့ တပ်မ(၈၈) တပ်မမှူးနဲ့ အခြားထိပ်ပိုင်းခေါင်းဆောင်တချို့ တိမ်းရှောင်သွားကြပီလို့ အဲဒီသတင်းရင်းမြစ်က ပြောတာဖြစ်ပြီး DNAကတော့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ကချင်ပြည်နယ်

ဗန်းမော်တိုက်ပွဲပြင်းထန်နေ၊ KIAပူးပေါင်းတပ်တွေ မြို့တွင်းဝင်ရောက်ပြီး ဌာနဆိုင်ရာရုံးတွေကို ထိန်းချုပ်ထား

Photo – Simsa Kasa(KNG)ဒီဇင်ဘာ၊ ၉ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာ ခြောက်ရက်လောက်ကြာမြင့်လာပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ KIAနဲ့ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ အမှတ်၂၁ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ်(စကခ-၂၁)အခြေစိုက် ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ၄ရက်ကစလို့ [ဆက်လက်ဖတ်ရှုရန်]