No Picture
စီးပွားရေးကဏ္ဍ

ဧရာဝတီတိုင်းမြို့နယ်အများစုမှာ စပါးအဝယ်ရပ်ထားလို့ လယ်သမားတွေအခက်တွေ့နေ

ဇန်နဝါရီ ၊ ၂၂ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အများစုမှာ စပါးဈေးက အရင်နှစ် ထက်ကျဆင်းနေတဲ့အပြင် စပါးဝယ်ယူမယ့်ကုန်သည်တွေလည်း မရှိကြဘူးလို့ ဒေသခံလယ်သမားအ ချို့က ပြောပါတယ်။ ပြီးခဲ့မိုးစပါးပေါ်ချိန်မှာဆိုရင် စပါးဈေးနှုန်းက တင်း ၁၀၀ ကို ၁၀ သိန်းကျော်သာရှိခဲ့တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

No Picture
မြောင်းမြခရိုင်

နိုင်ငံရေးအကျဉ်းသား ကိုကျော်ဇောလင်းပြောပြတဲ့ မြောင်းမြထောင်တွင်း အခြေအနေ

ဇန်နဝါရီ ၊ ၂၂ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ကျရောက်ခဲ့တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက အကျဉ်းထောင် အသီးသီးကနေ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သူ ငါးထောင့်ရှစ်ရာ ကျော်ရှိပါတယ်။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၀ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ပန်းတနော်မြို့နယ် ကျေးရွာတချို့မှာ ဒေသခံတွေဆန္ဒမပါဘဲ ကရင်နှစ်သစ်ကူးပွဲကျင်းပနေ

  ဇန်နဝါရီ၊ ၂၁   ကရင်နှစ်သစ်ကူးပွဲတော်ကို ပြည်သူတွေမကျင်းပချင်ပေမယ့်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်ညွှန်ကြားချက်လို့ဆိုကာ ပွဲတော်ဆက်လက်ပြုလုပ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စု ဒေသခံတချို့ကပြောပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ကရင်နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း ၁ ရက်နေ့လို့ သက်မှတ်ကျင်းပပေမယ့် လည်း [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ရခိုင်-ဧရာဝတီအစပ်၊ ရိုးမ-ဧရာဝတီအစပ်ဒေသတွေမှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်နေတယ်လို့ AA အသိပေး

ဇန်နဝါရီ၊ ၂၁ ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီရဲ့ နပခ ဌာနချုပ်အပါအဝင် ပြည်မဒေသမြို့နယ်တွေနဲ့ ဆက်စပ်မြို့နယ်တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့နောက် ရခိုင်-ဧရာဝတီအစပ်၊ရခိုင်ရိုးမ-ဧရာဝတီအစပ်ဒေသတွေအပါအဝင် ရခိုင်-ပဲခူး၊ရခိုင်-မကွေး စတဲ့ ထိစပ်ဒေသတွေမှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ အာရက္ခတပ်တော် AA ကအ သိပေးပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

စစ်ရိပ်သန်းလာနေတဲ့ ဧရာကမ်းခြေများ

ဇန်နဝါရီ၊ ၂၀  “ရွှေသောင်ယံကတော့ လောလောဆယ် (အေး)ချမ်းနေပါသေးတယ်၊ ဖြစ်လာမှာတော့အသေအချာပဲ၊ လက်ရှိ အနေအထားအရဆိုရင် ကြာမှာနဲ့ မြန်မှာပဲရှိတယ်” စစ်ကောင်စီတပ်တွေ အလဲလဲအကွဲကွဲ ထိုးနှက်ခံခဲ့ရတဲ ဘောမိတိုက်ပွဲအပြီးမှာ ရွှေသောင်ယံမြို့ဆီ ကျိန်းသေ စစ်မီးဆက်ကူးလာတော့မယ်လို့ ယူဆထားတဲ့ အသက်လေးဆယ်ဝန်းကျင်အရွယ်မြို့ခံတဦးဖြစ်တဲ့ ကိုမောင်မောင် [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

မြောင်းမြ ညောင်ပင်လေးစျေး မီးလောင်ကျွမ်းမှု ဆိုင်ခန်းငါးဆယ်ထက်မနည်းဆုံးရှုံး

ဇန်နဝါရီ၊ ၁၉ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ညောင်ပင်လေးစျေးမှာ တနာရီလောက်အကြာ မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းငါးဆယ်ထက်မနည်း ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီလ၁၉ရက် နံနက် တနာရီခွဲလောက်မှာ အမှတ်(၂)ရပ်ကွက်၊ ၅လမ်း ညောင်ပင်လေးဈေးမှာ မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့တာပါ။ “ကမ်းနားကဆန်ဆိုင်တန်းမှာလောင်တာ၊စံပြမုန့်တိုက်ရှေ့တကွက်လုံးကုန်တယ်”လို့ဒေသခံတဦးကပြောပါတယ်။ မီးလောင်ကျွမ်းချိန်က [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ပုသိမ်မှာ အိမ်ငှားဈေးကွက် တွင်ကျယ်နေ

ဇန်နဝါရီ၊ ၁၈ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် ကျေးရွာအချို့မှာတိုက်ပွဲတွေဖြစ်ပွားလာတဲ့နောက်ပိုင်း ပုသိမ်မြို့ပေါ်မှာ အိမ်ငှားရမ်းတဲ့လုပ်ငန်းတွေ တွင်ကျယ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံး ဂွမြို့ကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်လိုက်ပြီးနောက် ရခိုင်နဲ့ ဧရာဝတီအစပ်ဖြစ်တဲ့ ပုသိမ်မြို့နယ်ထဲက ချောင်းဝချိုင်၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

မအူပင်မြို့နယ်မှာ လူငယ်တွေနည်းပါးလာလို့ စစ်မူထမ်းဆင့်ခေါ်တာကို ငွေကြေးပေး ဖြေရှင်းနေရလို့ဆို

ဇန်နဝါရီ၊ ၁၇ ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ်အတွင်းမှာရှိတဲ့ လူငယ်လူရွယ်တွေက ပြည်ပနိုင်ငံတွေကိုထွက်ခွာတာများပြားနေလို့စစ်ကောင်စီကဆင့်ခေါ်တဲ့ စစ်မှုထမ်းကိစ္စရပ်ကို ငွေကြေးပေးဖြေရှင်းနေရတယ်လို့ မအူပင်မြို့နယ်နတ်စင်ကျေးရွာအုပ်စုအတွင်းနေထိုင်သူအချို့က ပြောပါတယ်။ အာဏာမသိမ်းခင်က ကျေးရွာအတွင်းမှာ လူငယ်အရေအတွက်အများအပြားရှိခဲ့ပေ မယ့် လက်ရှိအချိန်မှာတော့ ကျေးရွာအတွင်းလူငယ်လူရွယ်အရေအတွက်ဟာ လက်ချိုးပြီးတောင်ရေ တွက်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့အမည်မဖော်လိုသူဒေသခံတဦးက ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

မကျီးဇင်နဲ့ ဘောမိစစ်ရှောင်တွေ နေရပ်ပြန်ပြီလို့ဆို

ဇန်နဝါရီ၊ ၁၇ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မကျီးဇင်မှာ တိုက်ပွဲတွေရပ်တန့်သွားလို့ နေရပ်ပြန်တဲ့စစ်ရှောင်တွေရှိတယ်လို့ ရွှေသောင်ယံမှာရှိတဲ့ DNA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။  ဇန်နဝါရီလဆန်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ မကျီးဇင်၊ဘောမိစတဲ့ကျေးရွာတွေက ဒေသခံတွေက ရွေသောင်ယံ၊ပုသိမ်အပါအဝင် ဘေးကင်းမယ်ယူဆတဲ့ဒေသတွေကို တိမ်းရှောင်ခဲ့ကြတာပါ။ လက်ရှိမှာတော့တိုက်ပွဲမဖြစ်ပွားတာဒီကနေ့ ဇန်နဝါရီ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

စစ်မှုထမ်းကင်းလွတ်ခွင့် ခြောက်လအာမခံဆိုကာ ဓနုဖြူမှာ အုပ်ချုပ်ရေးမှူးတွေ ငွေကြေးကောက်ခံနေ

ဇန်နဝါရီ၊ ၁၆  ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှာ စစ်မူထမ်းဥပဒေအကြောင်းပြပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ငွေကြေးထည့်ဝင်သူတွေစစ်မှုထမ်းရမယ့်အထဲ မပါစေဖို့ ခြောက်လအာမခံတယ်လို့ဆိုကာ  အုပ်ချုပ်ရေးမှူးတွေက ငွေကျပ် သိန်းချီကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ချမ်းသာတဲ့သူတွေဆီကနေ ပိုက်ဆံယူပြီး ဆင်းရဲတဲ့လူတွေကို စစ်မှုထမ်းလိုက်ဖို့ [ဆက်လက်ဖတ်ရှုရန်]