နိုင်ငံရေး

ဇရပ်ကြီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ခုနစ်ဆယ်လောက် သေဆုံးတယ်လို့ဆို

ဖေဖော်ဝါရီ၊ ၁၁   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီး အခြေစိုက် ခလရ (၇၃) တပ်ရင်းအပါအဝင် ရဲစခန်းနဲ့လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနစ်ဆယ်လောက် သေဆုံးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပလက်ဝမြို့ကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်၊ ကလေးတဦးသေဆုံး

ဖေဖော်ဝါရီ၊ ၁၁   ရခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့ကို စစ်ကောင်စီက ဒီကနေ့ ညနေ ငါးနာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့သလို စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ကလေးတဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ AA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်​​ရေးအခြေအနေကြောင့် မောင်တောမှ UN အပါအဝင် အဖွဲ့အစည်းတွေထွက်ခွာ

ဖေဖော်ဝါရီ၊ ၁၁   စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မောင်တောမြို့နယ်မှာ UN၊ INGO နဲ့ NGO အဖွဲ့အစည်းအများစု ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ ထွက်ခွါသွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။   မောင်တောမြို့နယ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်တဲ့အပေါ် သူတို့အမြင်

ဖေဖော်ဝါရီ၊ ၁၁   အသက် ၁၈နှစ်ပြည့်တဲ့ အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း အနည်းဆုံး နှစ်နှစ် စစ်မှုထမ်းဖို့ပြဌာန်းထားတဲ့ နအဖ စစ်အစိုးရလက်ထက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက စတင်အသက်သွင်းလိုက်ပါတယ်။   နအဖ စစ်အစိုးရခေတ် ၂၀၁၀ ခုနှစ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စက်သုံးဆီဈေးကြောင့် ဧရာဝတီတိုင်းမှာ စပါးရိတ်ခြွေစက် ငှားရမ်းခ သုံးဆလောက်မြင့်တက်

ဖေဖော်ဝါရီ၊ ၁၁   ဆန်စပါး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ဧရာဝတီတိုင်း အတွင်းမှာ စပါးရိတ်ခြွေစက် ငှားရမ်းခ ဈေးနှုန်းတွေ အရင်နှစ်ထက် သုံးဆနီးပါး မြင့်တက်လာတယ်လို့ ဒေသခံ တောင်သူ တွေဆီက သိရပါတယ်။   စပါးရိတ်ခြွေစက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြင်းခြံအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသူတွေ ဖိနှိပ်ခံနေရ

ဖေဖော်ဝါရီ၊ ၁၁   မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေ နည်းမျိုးစုံနဲ့ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။   ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ရခိုင်ပြည်နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဇရပ်ကြီးက စစ်ဘေးရှောင်ပြည်သူတွေကို စစ်တပ်ကပေးမထွက်ဘဲ ပိတ်ပင်မှုတွေရှိနေ

ဖေဖော်ဝါရီ၊ ၁၁   ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လူမူကူညီရေးအဖွဲ့တွေက ကယ်ထုတ်ပေးနေပေမယ့် စစ်ကောင်စီတပ်က မြို့အ၀င်အထွက်နေရာတွေမှာ တဆင့် ပေးမထွက်ဘဲ ပိတ်ပင်ထားတာကြောင့် ထွက်မရဘဲ ပိတ်မိနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်တွင်းမှာ အလုပ်အကိုင် ပတ်စ်ပို့သက်တမ်းတိုးသူတွေ အခွန်ကျပ်တသိန်းကျော်ပေးနေရ

ဖေဖော်ဝါရီ၊ ၁၁   ပြည်တွင်းမှာ အလုပ်အကိုင်အမျိုးအစား ပတ်စ်ပို့ (PJ) သက်တမ်းတိုးရင် ဝင်ငွေခွန် ဆိုပြီး ကျပ်တသိန်းကျော် ပေးဆောင်နေကြရတယ်လို့ ကိုယ်တိုင်ပေးသွင်းခဲ့ရသူတချို့ဆီက သိရပါတယ်။   စစ်ကောင်စီက ပြည်ပရောက်မြန်မာတွေ သက်ဆိုင်ရာသံရုံးတွေမှာ ပတ်စ်ပို့သက်တမ်းတိုးရင် ဝင်ငွေခွန်ကောက်ယူပြီးမှ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

AA သိမ်းထားတဲ့ မင်းပြားမြို့ကို စစ်တပ်က ရေကြောင်း၊ လေကြောင်းနဲ့တိုက်ခိုက်၊ စစ်ရေယာဉ်တစီးလည်း ပျက်စီး

ဖေဖော်ဝါရီ၊ ၁၁   ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထိန်း ချုပ်ထားတဲ့ မင်းပြားကို စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းနဲ့ တိုက်ခိုက်နေပြီး လူနေရွာ‌ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   မင်းပြားမြို့နယ် ကျားရဲပြင်ရွာအနီး ကြပ်စင်မြစ်ပေါ် ရှိနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ လမ်းပိတ်ထားလို့ စိုက်ပျိုး၊ မွေးမြူရေးသမားတွေ စျေးကွက်ပျောက်ကာ အခက်ကြုံ

ဖေဖော်ဝါရီ၊ ၁၁   ရခိုင်ပြည်နယ်အတွင်း လမ်းတွေပိတ်ထားတာကြောင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ကိုင်သူတွေမှာ သူတို့ရဲ့ ထွက်ကုန်တွေကို ရောင်းချဖို့ စျေးကွက်မရှိ ဖြစ်နေပြီး အဲဒီလုပ်ငန်းတွေအပေါ် မှီခိုနေရသူတွေဟာလည်း စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]