နိုင်ငံရေး

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ အာရှ-ဥရောပ နိုင်ငံ၅၀ကျော်တောင်းဆို

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ အာရှနဲ့ဥရောပနိုင်ငံပေါင်း၅၀ကျော်က မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ တောင်းဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားကအိမ်ရှင်အဖြစ်အွန်လိုင်းကနေ ကျင်းပတဲ့ ၁၃ကြိမ်မြောက်အာရှ-ဥရောပအစည်းအ ဝေး(ASEM)အပြီး ထုတ်ပြန်ချက်မှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဆီပြန်သွားရေး၊ မတရားဖမ်းဆီး ထိန်းသိမ်းခံအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို လက်ခံရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို အာဂျင်တီးနားတရားရုံးက အမှုလက်ခံစစ်ဆေးတော့မယ်

၂၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကတည်းက ရိုဟင်ဂျာအခွင့်အရေး တက်ကြွလှုပ်ရှားရေးအဖွဲ့ BROUK ရဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တရားစွဲဆိုထားတဲ့အမှုကို အာဂျင်တီးနား တရားရုံးက လက်ခံစစ်ဆေးတော့မယ်လို့ UK (BROUK) အဖွဲ့က ဒီနေ့ နိုဝင်ဘာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမေရိကန်ထိပ်တန်းသံတမန်ရဲ့ အာရှ၄နိုင်ငံခရီးစဉ်အတွင်းမြန်မာစစ်အုပ်စုကို ဖိအားပေးမယ်

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။ အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန်ရဲ့အရှေ့တောင်အာရှ၄နိုင်ငံခရီးစဉ်အတွင်း မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဖိအားပေးသွားမယ်လို့သိရပါတယ်။ အရှေ့အာရှဆိုင်ရာအမေရိကန်ထိပ်တန်းသံတမန် Daniel Kritenbrink ဟာ နိုဝင်ဘာ၂၇ရက်ကနေ ဒီဇင်ဘာ ၄ရက်နေ့အထိ အင်ဒိုနီးရှား၊မလေးရှား၊စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်မှာဖြစ်ပြီး ၄နိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်တန့်ဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ ကျူးကျော်တွေကိုရှင်းလင်းနေတဲ့ စစ်အုပ်စု ဖောက်ခွဲတိုက်ခိုက်ခံရ

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဧရာဝတီမြစ်ကမ်းနားလမ်း၊ ကုန်စိမ်းစျေးနဲ့ ပေါ်တော်မူဘုရားကြား လေးကျွန်းမာန်အောင်ဘုရားနားမှာရှိတဲ့ ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားနေတဲ့ စစ်အုပ်စု ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၇ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံမြို့ပေါ်မှာ အကြမ်းဖက်စစ်သားတွေ သေနတ်အချက်ပေါင်းများစွာ ခြောက်လှန့်ပစ်ခတ်

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊သထုံမြို့ပေါ်မှာ ယမန်နေ့ည၉နာရီကျော်ကစလို့ အကြမ်းဖက်စစ်တပ်က သေနတ်အချက်ပေါင်း များစွာခြောက်လှန့်ပစ်ခတ်ခဲ့ပါတယ်။ ယမန်နေ့ည၉နာရီကျော်ကစတင်ကာ ည၁၁နာရီလောက်အထိ အတွဲလိုက်ပစ်တဲ့သေနတ်သံတွေရော တစ် ချက်ချင်းပစ်ခတ်သံတွေကိုပါ အနီးကပ်ကြားခဲ့လို့ သထုံမြို့ပေါ်မှာ တိုက်ပွဲဖြစ်နေပြီလို့ ထင်ကြကြောင်း သထုံ ပြည်သူအချို့ကပြောပါတယ်။ ‘အာဏာသိမ်းပြီးနောက်ပိုင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လက်နက်အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ဝင်မယ့် စစ်သားနဲ့ရဲကို ကျပ်သိန်း၅၀ ချီးမြှင့်မယ်

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။ လက်နက်အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုဝင်လာမယ့် စစ်သားနဲ့ရဲကို ကျပ်သိန်း၅၀ချီးမြှင့်မယ်လို့ Burmese Students Organization ကထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ၂၁ရက်နေ့မှာ ခလရ၂၆၆ ကတပ်ကြပ်ကြီးစာရေးတစ်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း(၁)ထံ လာရောက်ခိုလှုံတဲ့အတွက် ကျပ်သိန်း၅၀ချီးမြှင့်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ‘ကျွန်တော်တို့တမူးမှာ ရဲCDM [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NLDအမတ်နဲ့ ပါတီဝင် ၅၈၀ ပါဝင်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။ NLD ဗဟိုအလုပ်ကော်မတီနဲ့ တိုင်း/ပြည် နယ်အလုပ်အမှုဆောင်တွေရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်သူရွေးကောက်ခံလွှတ်တော်အမတ်တွေ အပါအဝင် စုစုပေါင်း၅၈၀ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးကို နိုဝင်ဘာ၂၅ရက်နေ့ကနေ ၂၆ရက်နေ့အထိ အွန်လိုင်းကနေပြုလုပ်ခဲ့တာပါ။ အစည်းအဝေးပထမရက်မှာ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့နယ် ချောင်းဝကြီးရွာအနီးမှာ ပိတ်မိနေတဲ့ PDFအဖွဲ့ဝင်တွေကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းဝကြီးကျေးရွာ မြသိန်းတန်ဘုရားအနီးမှာ ပိတ်မိနေတဲ့ PDF တပ်ဖွဲ့ဝင် ၄၅ဦးကို အောင်မြင်စွာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ Kani PDF (KLG)က သတင်းထုတ်ပြန်လိုက်ပါတယ်။ မနေ့က နိုဝင်ဘာလ ၂၅ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံမြို့ပေါ် အဝေးထိန်းမိုင်း၇လုံး ဆက်တိုက်ပေါက်ကွဲ

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊သထုံမြို့ပေါ်အတွင်း ဒီနေ့မနက် ၅နာရီခွဲကျော်မှာ အဝေးထိန်းမိုင်း၇လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ သိ ရပါတယ်။ ဒီဖောက်ခွဲမှုကို မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)ကို ပြုလုပ်ခြင်းဖြစ်ပြီး အခုထက်ပိုပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ MTHSF ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ‘ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းလျှပ်စစ်ဝန်ထမ်းတွေကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကြောင်း PDF ကြေညာ

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်းရှိ လျှပ်စစ်ဝန်ထမ်းတွေကို စစ်အုပ်စု ရဲ့အလိုတူအလိုပါ အကြမ်း ဖက်သမားတွေအဖြစ် သတ်မှတ်တယ်လို့ ခရမ်းPDF ကထုတ်ပြန်လိုက်ပါတယ်။ ခရမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုနဲ့သူတို့ရဲ့ လက်ပါးစေတွေဟာ ပြည်သူလူထုအပေါ် မီတာခအဆမတန်ကောက်ခံခြင်း ၊ မီတာ မဆောင်တဲ့အာဏာဖီဆန်မှုကို [ဆက်လက်ဖတ်ရှုရန်]