လက်နက်အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ဝင်မယ့် စစ်သားနဲ့ရဲကို ကျပ်သိန်း၅၀ ချီးမြှင့်မယ်

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

လက်နက်အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုဝင်လာမယ့် စစ်သားနဲ့ရဲကို ကျပ်သိန်း၅၀ချီးမြှင့်မယ်လို့ Burmese Students Organization ကထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ၂၁ရက်နေ့မှာ ခလရ၂၆၆ ကတပ်ကြပ်ကြီးစာရေးတစ်ဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း(၁)ထံ လာရောက်ခိုလှုံတဲ့အတွက် ကျပ်သိန်း၅၀ချီးမြှင့်ခဲ့ဖူးတယ်လို့ သိရပါတယ်။

‘ကျွန်တော်တို့တမူးမှာ ရဲCDM ကခန့်မှန်း၃၀လောက်ရှိပါပြီ’လို့ Burmese Students Organizationရဲ့ တာဝန် ရှိသူတစ်ဦးကပြောပါတယ်။

တမူးခရိုင်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စုဝင် စစ်သားနဲ့ရဲတို့အနေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ နောက်ဆုံးအနေ နဲ့သတိပေးကြောင်းနဲ့ ပြည်သူဘက်မရပ်ဘဲ စစ်အုပ်စုလက်အောက် တာဝန်ဆက်ထမ်းသူတွေကို ကျောင်းသား တပ်ခွဲ(BSO)အနေနဲ့ အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ကြောင်း Burmese Students Organization ကထုတ် ပြန်ပါတယ်။

လက်ရှိမှာ တမူးမြို့နယ်အတွင်း အကြမ်းဖက်စစ်သားနဲ့ရဲ ၁၅၀ကျော်ရှိပြီး စစ်သားအင်အားပိုများတယ်လို့သိရ ပါတယ်။