ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းMytelတာဝါတိုင်ဝန်းကျင် အကြမ်းဖက်စစ်တပ် မြေမြှုပ်မိုင်းထောင်ထား

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်ထဲက Mytel တာဝါတိုင်ဝန်းကျင်တွေမှာ အကြမ်းဖက်စစ်တပ်က မြေမြှုပ်မိုင်းတွေ လိုက်လံမြှုပ်နှံထားတယ်လို့ ဒေသတွင်း နွေဦးတော်လှန် ရေးစာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်လိုက်ပါတယ်။ ခရမ်းချန်နယ်ကရရှိထားတဲ့စာရင်းတွေအရ ထိန်ပင်ကွင်းရွာ၊ညောင်ပင်ကွင်းရွာ၊ထုံးအိုင်ပေါက်ရွာ၊ပ လူကန်ရွာနဲ့ ကမာကလူရွာတွေက Mytel တာဝါတိုင်ဝန်းကျင်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုနဲ့ဆက်နွှယ်နေတဲ့ကုမ္ပဏီတွေမှာ ဩစတြေးလျရင်းနှီးမြှုပ်နှံထားမှုကိုရပ်ဆိုင်းဖို့ NUG ဝန်ကြီး ပန်ကြား

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေမှာ ဩစတြေးလျနိုင်ငံပိုင် Future Fund (အနာဂတ်ရန်ပုံငွေ)ရဲ့ ရင်းနီးမြှုပ်နှံထားမှုကို ရပ်ဆိုင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနီးမြှုပ်နှံမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပန်ကြားလိုက်ပါတယ်။ သြစတြေးလျရဲ့ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဖြစ်တဲ့ Future Fund [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NLD ပါတီဝင်နဲ့ ဝန်းရံပြည်သူ ၅၀ကျော်တို့ရဲ့ နေအိမ်တွေ ချိတ်ပိတ်ခံထားရ

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်နဲ့ ဝန်းရံပြည်သူ၅၀ကျော်တို့ရဲ့နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စု က ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။ နေအိမ်ချိတ်ပိတ်ခံရသူ စုစုပေါင်း၅၃ဦးရှိပြီး အဲဒီ စာရင်းဟာ အာဏာသိမ်းတဲ့အချိန်ကစလို့ နိုဝင်ဘာ၂၆ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရရှိထားတဲ့စာရင်းဖြစ်တာကြောင့် အဲဒီအရေအတွက်ထက်ပိုများနိုင်တယ်လို့သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေကူခရိုင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်တာမလုပ်ဖို့ KIO သတိပေး

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကချင်ပြည်နယ် KIO ရွှေကူခရိုင် အုပ်ချုပ်နယ်မြေအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ရွှေတူးဖော်မှုတွေ မလုပ်ဆောင်ဖို့ KIO ရွှေကူခရိုင်အုပ်ချုပ်ရေးအဖွဲ့က သတိပေးတားမြစ်လိုက်ပါတယ်။ ရွှေဖောင်လုပ်ငန်းတွေဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘာသာ သာသနာနယ်မြေတွေ ဘာသာရေးအဆောက်အအုံတွေ ပျက်ယွင်းစေတာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းအတွင်း ယာယီသွားလာမှုရပ်ဆိုင်းထားရတဲ့ လမ်းပိုင်းအချို့ ပြန်လည် အသုံးပြု နိုင်တယ်လို့ MPDF ထုတ်ပြန်

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ လမ်းပိုင်းအချို့ကို ဖြတ်သန်းသွားဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တားမြစ်ပြီးနောက်မှာ လမ်းပိုင်းအချို့ကို ပြန်လည်အသုံးပြုလို့ရပြီဖြစ်ကြောင်း Monywa People Defence Force – MPDF က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာတိုက်ပွဲ ဆိုးဆိုးရွားရွား ရှေ့မတိုးနောက်မဆုတ်အခြေအနေရောက်နေလို့ ICG ပြော

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုနဲ့ ခုခံတော်လှန်သူတွေရဲ့ကြား တိုက်ပွဲတွေဟာ ဆိုးဆိုးရွားရွား ရှေ့မတိုးနောက် မဆုတ်သာ အခြေအနေကိုရောက်ရှိနေတယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်အခြေစိုက် နိုင်ငံတကာ ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်တဲ့ International Crisis Group (ICG)က ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူ့ရင်ခွင်ခိုလှုံသူများလေ ပြည်တွင်းစစ်တိုတောင်းစေမယ်လို့ ယာယီသမ္မတ ပြော

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ စစ်သားနဲ့ရဲများလာလေ သွေးထွက်သံယိုမှုနည်းပြီး ပြည်တွင်းစစ်ကို တိုတောင်းစေမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူးဝါလရှီးလက ပြောပါတယ်။ ဒီနေ့မနက်၁၀နာရီက ပြုလုပ်တဲ့ “ပြည်သူ့အစိုးရနှင့် ပြည်သူ့ရင်ခွင် ခိုလှုံသူများ” ဆွေးနွေးပွဲမှာ ယာယီသမ္မတက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်က နေအိမ်တစ်ခုမှာ ဗုံးပေါက်ကွဲပြီး လူငယ် ၃ဦးဆုံးပါး

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်မြို့ လှိုင်မြို့နယ် ရွာမကျောင်းလမ်းအနီးရှိ နေအိမ်တစ်ခုအတွင်း ဗုံးပေါက်ကွဲပြီး လူငယ် ၃ဦး အသက်ဆုံးပါးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၉ရက်နေ့ နေ့လည် ၁၁နာရီခန့်မှာ နေအိမ်တွင်း ပေါက်ကွဲမှု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီနဲ့ယင်းမာပင်မှာ MPTဖုန်းလိုင်းတွေ အမြန်ပြန်ဖွင့်ပေးဖို့ PDFသတိပေး

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ကနီမြို့နဲ့ ယင်းမာပင်မြို့တွေမှာ တစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်ပေးဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်လိုက်ပါတယ်။ ကနီနဲ့ယင်းမာပင်မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက MPTဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတာဟာ တစ်လကျော်အထိ ရှိသွားပြီဖြစ်ပြီး တစ်ပတ်အတွင်း အမြန်ဆုံးမဖွင့်လှစ်ပေးပါက တာဝါတိုင်တွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး MPTရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ဗုံးပစ်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ MPTရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမည်မသိအဖွဲ့မှ ဗုံးပစ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေပါ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၉ရက်နေ့ မနက် ၈နာရီခန့်မှာ အမည်မသိသူ ၄ဦးခန့်က [ဆက်လက်ဖတ်ရှုရန်]