နိုင်ငံရေး

စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်စာမေးပွဲဝင်ဖြေသူ အရပ်သားအစိုးရခေတ်ကထက် ခုနစ်ဆအထိ လျော့ကျ

မတ်၊ ၁၂   အာဏာသိမ်းစစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ဝင်ရောက်ဖြေဆိုသူ နှစ်စဉ်လျော့ကျလာနေပြီး အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ တနိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၁၃၀၀၀၀ (တသိန်းသုံးသောင်း)နီးပါးသာ ရှိပါတယ်။   စနစ်သစ်ပညာရေးအရ ပထမဆုံးပြုလုပ်တာဖြစ်သလို စစ်ကောင်စီလက်ထက် တတိယအကြိမ်မြောက်လည်းဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖားကန့်မှာ နွံကန်ပြိုကျလို့ လူသုံးဆယ်ထက်မနည်း သေဆုံး၊ စက်ယန္တယား ဆယ်နဲ့ချီဆုံးရှုံး

မတ်၊ ၁၂   ကချင်ပြည်နယ်၊ ဖားကန့်မြို့ မနကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တခုမှာ ဒီကနေ့ မနက်အစောပိုင်းက နွံကန်ပေါက်ပြီး မြေပြိုကျခဲ့တာကြောင့် ကျောက်မျက်ရှာဖွေသူ သုံးဆယ်ထက်မနည်း နစ်မြုပ်သေဆုံးနိုင်ပြီး စက်ယန္တယားလည်း ဆယ်နဲ့ချီ မြေပြိုတဲ့အထဲ ပါသွားတယ်လို့ ကူညီကယ်ဆယ်ရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သထုံက ဒီချုပ်ရပ်ကျေးပါတီ ဥက္ကဌဟောင်းတဦး နေအိမ်မှာ ပစ်သတ်ခံရ

မတ်၊ ၁၁   မွန်ပြည်နယ်၊ သထုံမြို့နယ်က NLD ပါတီရပ်ကျေးဥက္ကဌတဦးဟာ မနေ့ မတ်လ ၁၀ ရက် ည ၇ နာရီလောက် နေအိမ်မှာရှိနေချိန် သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်တာကြောင့် နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်တွေ မြေပြင်လမ်းကြောင်းက မဝင်နိုင်တော့ဘူးလို့ KNDF ဆို

မတ်၊ ၁၁   ကရင်နီ (ကယား)ပြည်နယ်ထဲကို စစ်ကောင်စီတပ်တွေ မြေပြင်လမ်းကြောင်းတွေကနေ မဝင်လာနိုင်တော့ဘဲ လေကြောင်းနဲ့သာ ထောက်ပို့ပေးနိုင်တော့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတွေက ပြောပါတယ်။   “မြို့ဝင်၊ မြို့ထွက်တွေကို ကျွန်တော်တို့က ထိန်းချုပ်ထားနိုင်တဲ့ အနေအထားဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ စစ်ရှောင်သောင်းချီတိုးလာပြီး နေရေး၊ စားရေးအခက်ကြုံလာ

မတ်၊ ၁၁   ပြည်နယ်မြို့တော် စစ်တွေအနီးနဲ့ တောင်ပိုင်းမြို့နယ်တွေထိ ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ အများအပြား ထပ်တိုးလာနေပြီး နေထိုင်စရာနဲ့ စားနပ်ရိက္ခာ အခက်ကြုံနေကြရတယ်လို့ ပြောကြပါတယ်။   စစ်တွေမြို့ပေါ်၊ မြို့အနီးတဝိုက်ကျေးရွာတွေအပါအဝင် တိုက်ပွဲတချို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီမှာ စစ်တပ်လက်ချက်နဲ့ တလအတွင်း အရပ်သားနှစ်ဒါဇင်ကျော်သေဆုံး

မတ်၊ ၁၀   ကရင်နီ (ကယား) ဒေသမှာ ဖေဖော်ဝါရီ တလအတွင်း စစ်ကောင်စီတပ် လက်ချက်နဲ့ သေဆုံးခဲ့တဲ့ အရပ်သား ၂၅ ဦးရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သုံးနှစ်ဝန်းကျင်အတွင်း စစ်အုပ်စုက အရပ်သား နှစ်ထောင်ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့

မတ်၊ ၁၀   အာဏာသိမ်းစစ်တပ်က သုံးနှစ်လောက်ကာလအတွင်း အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးရတဲ့ ဖြစ်စဉ် ၂၁၀ ထက်မနည်း ကျူးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေမှာ သေဆုံးရသူ ၂၀၇၉ ဦး ရှိတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။   လူငါးဦးနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောက်ကိုင်မြို့ ဗမာတန်းက နေအိမ် ခြောက်ဆယ်ကျော်ကို MNDAA က သုံးရက်အတွင်း ဖယ်ခိုင်း

မတ်၊ ၁၀   ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့၊ ဗမာတန်းမှာရှိတဲ့ နေအိမ်နဲ့ ဆိုင်ခန်း ခြောက်ဆယ်ကျော်ကို ဖျက်သိမ်းမှာဖြစ်လို့ အိမ်ပိုင်ရှင်တွေအနေနဲ့ သုံးရက်အတွင်း ဖယ်ရှားပေးဖို့ ကိုးကန့်တပ် (MNDAA)က မတ်လ ၉ ရက်၊ မနေ့က လာရောက်အကြောင်းကြားထားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မှာ သင်္ကြန်ပွဲအတွက် စစ်ကောင်စီကြိုတင်ပြင်ဆင်၊ ခရိုင်အလိုက် ရေကစားမဏ္ဍပ်ဆောက်မယ်လို့ဆို

မတ်၊ ၁၀   ရန်ကုန်မှာ ပြုလုပ်မယ့် သင်္ကြန်ပွဲအတွက် မဏ္ဍပ်ဆောက်လုပ်မယ့် အစီစဥ်တွေနဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီလို့ စစ်ကောင်စီလက်အောက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။   သင်္ကြန်ပွဲကျင်းပေးရေး လုပ်ငန်းအစည်းအဝေးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (မြို့တော်ခန်းမ)မှာ ပြီးခဲ့တဲ့ရက်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ ပညာရေးမှူးအပါအဝင် ဆရာ၊ ဆရာမ နှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီ ဖမ်းဆီး

မတ်၊ ၁၀   ရခိုင်ပြည်နယ် စစ်တွေမြို့ကို လစာထုတ်ဖို့လာတဲ့ ပညာရေးမှူး နှစ်ဦး အပါအဝင် စာမေးပွဲအခန်းစောင့်ဖို့ ဆင့်ခေါ်ခံရတဲ့ဆရာ၊ ဆရာမ နှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေနဲ့ ဝန်ထမ်းတွေက ပြောကြပါတယ်။   ဝန်ထမ်းလစာထုတ်ဖို့လာတဲ့ [ဆက်လက်ဖတ်ရှုရန်]