နိုင်ငံရေး

ကရင်နီပူးပေါင်းတပ်တွေထိုးစစ်ဆင်လို့ စစ်ကောင်စီတပ်သား သုံးဆယ်ထက်မနည်း သေဆုံးတယ်လို့ဆို

ဧပြီ၊ ၁၉   ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက် ဒေါတမကြီးအုပ်စု၊ ဒေါညီကို ကျေးရွာအနီးက စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက ၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ၃၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်သေဆုံးမှုများသဖြင့် လေကြောင်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှစ်သစ်ကူးကာလမှာ ဒုလ္လဘဝတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ

ဧပြီ၊ ၁၉   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တပ်ဖွဲ့ဝင်တွေဟာ သင်္ကြန်နှစ်သစ်ကူးကာလမှာ ဒုလ္လဘ ရဟန်း၊ သီလရှင်၊ သာမဏေတွေ ဝတ်ခဲ့ကြတယ်လို့ S.O.F က ဒီကနေ့ထုတ်ပြန်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နှလုံးရောဂါသည်တဦးသေဆုံး

ဧပြီ၊ ၁၉   စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း တာဟန်းရပ်ကွက်မှာ မနေ့ကညပိုင်းက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ပစ်ခတ်သံတွေကြောင့် ဆေးရုံမှာကုသမှုခံယူနေတဲ့ နှလုံးရောဂါသည်တဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။   ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ တာဟန်းရပ်ကွက်ဘက်မှာ ဧပြီ ၁၈ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ပဇီကြီးရွာကို စစ်ကောင်စီစစ်ကြောင်းထိုးနေ

ဧပြီ၊ ၁၉   လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနှစ်ရာကျော်သေဆုံးထိခိုက်ခဲ့တဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာထဲကို ဒီကနေ့ မနက်အစောပိုင်းကစလို့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ အရင်ကတည်းက ရွာထဲမနေဘဲ တိမ်းရှောင်နေကြရတဲ့ ပဇီကြီးရွာခံတွေနဲ့ အနီးဝန်းကျင်ဒေသခံတွေ ထပ်ပြီးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သရက်ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားရိုက်နှက်မှုတွေလုပ်နေ

ဧပြီ၊ ၁၈   မကွေးတိုင်း၊ သရက်အကျဥ်းထောင်မှာထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေကို ပစ်မှတ်ထားပြီး ကိုယ်ထိလက်ရောက်ရိုက်နှက်မှုတွေရှိနေတယ်လို့ အဲဒီထောင်အတွင်းကအမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။   သရက်ထောင်က လက်ထောက်ကြီးကြပ်ရေးမှူး (၁)ကျော်ဇေယျာစိုးက ဦးဆောင်ပြီး အကျဥ်းသားတွေကို ရိုက်နှက်မှုတွေ ကျူးလွန်နေတာဖြစ်ပြီး သူဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထိန်းသိမ်းထားတဲ့ မင်းအောင်လှိုင် မိသားစု ပိုင်ဆိုင်မှုတွေ ပြန်မပေးဖို့ ထိုင်းနိုင်ငံရေးသမား တိုက်တွန်း

ဧပြီ၊ ၁၈   ထိုင်းနိုင်ငံမှာ ဖမ်းဆီး ခံထားရတဲ့ မြန်မာ ခရိုနီ သူဌေး တယောက်နဲ့ ဆက်စပ်ပြီး ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားတဲ့ ပိုင်ဆိုင်မှုတွေကို အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်က ပြန်လည်ရရှိဖို့ ညှိနှိုင်းတောင်းဆိုနေကြောင်း သတင်းတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သပိတ်ကျင်း၊တကောင်းတိုက်နယ်ဒေသခံလေးထောင်ဝန်းကျင်စစ်ရှောင်နေရပြီး လူတရာကျော်ဝမ်း ရောဂါဖြစ်နေ

ဧပြီ၊ ၁၈   မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်းက ဒေသခံ လေးထောင်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး သောက်သုံးနေမသန့်တာကြောင့်လူတရာကျော်လောက် ဝမ်းရောဂါတွေဖြစ်နေကြတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ – တကောင်းက တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လေကြောင်းကပစ်ခတ်စီးနင်းခံရတဲ့ မြိုင်နယ် မကြီးကန်ရွာမှာ အရပ်သားတွေပိတ်မိနေ

ဧပြီ၊​ ၁၈   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာကို စစ်တပ်က Mi-35 တစီး၊ Mi-17 နှစ်စီးနဲ့ ဒီကနေ့ ဧပြီလ ၁၈ရက် မနက်ပိုင်းက ပစ်ခတ်စီးနင်းလို့ မကြီးကန်ရွာက တိုက်နယ်ဆေးရုံဝန်းထဲမှာ ဒေသခံတွေ ပိတ်မိနေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြဝတီ မဲကနယ်မှာတိုက်ပွဲဆက်ဖြစ်နေ၊ KNU ဝတ်စုံနဲ့ ပုံမှားရိုက်နယ်ကျွံလာတဲ့ စစ်သားတချို့သေဆုံး

ဧပြီ၊ ၁၈   ကရင်ပြည်နယ်၊ မြဝတီမြို့ မဲကနယ်တဝိုက်မှာ စစ်ကောင်စီတပ်သားတွေက KNU ဝတ်စုံတွေဝတ်ပြီး ပုံမှား ရိုက်ထိုးစစ်ဆင်လာရာက ဒီကနေ့မနက်ပိုင်းကနေ လက်ရှိအထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ Venom PDF စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NLD အစိုးရ ပြန်သိမ်းယူထားတဲ့ နိုင်ငံပိုင်မြေကွက်တွေကို စစ်အုပ်စုကအကွက်ရိုက်ရောင်းဖို့ ပြင် နေ

ဧပြီ၊ ၁၈   ပြည်ခိုင်ဖြိုးပါတီအစိုးရက လက်သင့်ရာကို အမည်ပေါက်ဂရန်တွေ ထုတ်ပေးခဲ့ပြီး NLD အစိုးရလက်ထက်မှာ နိုင်ငံပိုင်အဖြစ် ပြန်သိမ်းယူခဲ့တဲ့ မြေကွက်တွေထဲက တချို့ကို စစ်ကောင်စီက အကွက်ရိုက်ရောင်းဖို့ စီစဥ်နေတယ်လို့ မန္တလေးမြို့ခံတွေက DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]